ဗိုက်ဆာ တဲ့ သူတွေစားလို့ ရအောင် အိမ်ရှေ့ မှာ ထမင်းထုပ်တွေ ချိတ်ထားခဲ့ပြီး လာယူစားသူ တစ်ဦး ရဲ့ စကားလေး ကြောင့် ပီတိဖြစ်သွားရတဲ့ ပြည်သူတစ်ဦး

Posted on

လက်ရှိအခြေအနေမှာဆိုရင်တော့ ပြည်သူလူထုရဲ့ တစ်ဦးအပေါ်တစ်ဦးထားကြတဲ့ စိတ်ရင်း စေတနာတွေကို လည်းထင်ထင်ရှားရှားတွေ့မြင်နေရတာပဲဖြစ်ပါတယ်။ရှမ်းပြည်နယ်က အိမ်တိုင်းနီးပါးမှာဆိုရင် ဗိုက်ဆာနေတဲ့သူတွေအလွယ်တကူယူစားလို့ရအောင် ထမင်းနဲ့ဟင်းတွေကို ကြွပ်ကြွပ် အိတ်ထဲ ထည့်ကာ သေချာ ထုပ်ပြီး အိမ်ရှေ့သစ်ပင်မှာ ထွက်ချိတ်ပေးထားကြတာဖြစ်ပါတယ်။အဲ့ဒီနည်းလမ်းလေးကတော့ ရှမ်းပြည်နယ်ရဲ့ ချစ်စရာကောင်းတဲ့ရိုးရာဓလေ့တစ်ခုပဲဖြစ်ပါတယ်။

အခုဆိုရင်လည်း ရှမ်းပြည်နယ်မှာနေထိုင်တဲ့ ပြည်သူတစ်ဦးက ထမင်း(၂)ထုပ်၊ဟင်း(၄)ထုပ် ကို အိမ်ရှေ့က တရုတ်စကားဝါပန်းပင်လေးမှာ ထွက်ချိတ်ပေးထားတာဖြစ်ပါတယ်။အဲ့ဒီပြည်သူကလည်း ပိုပြီးပီတိဖြစ်ချင်လို့ ဗိုက်ဆာတဲ့သူတွေလာယူစားတာကို စောင့်ကြည့်နေခဲ့တာဖြစ်ပါတယ်။ မကြာခင်အချိန်မှာပဲ လူ တစ်ယောက်ရောက်လာပြီးထမင်းထုပ်၊ ဟင်းထုပ်လေးတွေကို လာယူခဲ့တာ ဖြစ်ပါတယ်။ထမင်းထုပ်လှူပေးတဲ့ပြည်သူကလည်း လာယူတဲ့သူကို“အကုန်ယူသွားပါလို့” လှမ်းပြောလိုက်ပြီး စေတနာတွေပိုခဲ့တာဖြစ်ပါတယ်။

အဲ့လိုပြောလိုက်ချိန်မှာ ထမင်း ထုပ်လာယူတဲ့သူက “ရပါတယ်ဗျာ အစ်ကိုတစ်ယောက် စာလေးပဲ ယူသွားပါ့မယ်အကုန်လုံးမယူသွားချင်ပါဘူး အနောက်မှာ သူ့လိုပဲ ဗိုက်ဆာတဲ့သူတွေ လာယူစားလို့ရအောင်”ဆိုပြီး သူစားဖို့အတွက် ထမင်းတစ်ထုပ်၊ဟင်းတစ်ထုပ်ကိုသာ ယူသွားတာဖြစ်ပါတယ်။ လှူလိုက်ရတဲ့ပြည်သူကတော့ မွန်မြတ်တဲ့စိတ်ထားလေးနဲ့ ကိုယ်ချင်းစာပေး တတ်တဲ့စကားလေးကို ပြန်ကြားလိုက်ရလို့ အရမ်းပီတိဖြစ်နေတာဖြစ်ပါတယ်။အခုလိုမျိုး လူသားအချင်းချင်းစာနာထောင်ထားပြီး တတ်နိုင်သလောက်ပြန်လည် ကူညီပေးတတ်ကြတဲ့အကြောင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source&Photo Credit: Original Uploder

zawgyi

လက္ရွိအေျခအေနမွာဆိုရင္ေတာ့ ျပည္သူလူထုရဲ႕ တစ္ဦးအေပၚတစ္ဦးထားၾကတဲ့ စိတ္ရင္း ေစတနာေတြကို လည္းထင္ထင္ရွားရွားေတြ႕ျမင္ေနရတာပဲျဖစ္ပါတယ္။ရွမ္းျပည္နယ္က အိမ္တိုင္းနီးပါးမွာဆိုရင္ ဗိုက္ဆာေနတဲ့သူေတြအလြယ္တကူယူစားလို႔ရေအာင္ ထမင္းနဲ႔ဟင္းေတြကို ႂကြပ္ႂကြပ္ အိတ္ထဲ ထည့္ကာ ေသခ်ာ ထုပ္ၿပီး အိမ္ေရွ႕သစ္ပင္မွာ ထြက္ခ်ိတ္ေပးထားၾကတာျဖစ္ပါတယ္။အဲ့ဒီနည္းလမ္းေလးကေတာ့ ရွမ္းျပည္နယ္ရဲ႕ ခ်စ္စရာေကာင္းတဲ့႐ိုးရာဓေလ့တစ္ခုပဲျဖစ္ပါတယ္။

အခုဆိုရင္လည္း ရွမ္းျပည္နယ္မွာေနထိုင္တဲ့ ျပည္သူတစ္ဦးက ထမင္း(၂)ထုပ္၊ဟင္း(၄)ထုပ္ ကို အိမ္ေရွ႕က တ႐ုတ္စကားဝါပန္းပင္ေလးမွာ ထြက္ခ်ိတ္ေပးထားတာျဖစ္ပါတယ္။အဲ့ဒီျပည္သူကလည္း ပိုၿပီးပီတိျဖစ္ခ်င္လို႔ ဗိုက္ဆာတဲ့သူေတြလာယူစားတာကို ေစာင့္ၾကည့္ေနခဲ့တာျဖစ္ပါတယ္။ မၾကာခင္အခ်ိန္မွာပဲ လူ တစ္ေယာက္ေရာက္လာၿပီးထမင္းထုပ္၊ ဟင္းထုပ္ေလးေတြကို လာယူခဲ့တာ ျဖစ္ပါတယ္။ထမင္းထုပ္လႉေပးတဲ့ျပည္သူကလည္း လာယူတဲ့သူကို“အကုန္ယူသြားပါလို႔” လွမ္းေျပာလိုက္ၿပီး ေစတနာေတြပိုခဲ့တာျဖစ္ပါတယ္။

အဲ့လိုေျပာလိုက္ခ်ိန္မွာ ထမင္း ထုပ္လာယူတဲ့သူက “ရပါတယ္ဗ်ာ အစ္ကိုတစ္ေယာက္ စာေလးပဲ ယူသြားပါ့မယ္အကုန္လုံးမယူသြားခ်င္ပါဘူး အေနာက္မွာ သူ႔လိုပဲ ဗိုက္ဆာတဲ့သူေတြ လာယူစားလို႔ရေအာင္”ဆိုၿပီး သူစားဖို႔အတြက္ ထမင္းတစ္ထုပ္၊ဟင္းတစ္ထုပ္ကိုသာ ယူသြားတာျဖစ္ပါတယ္။ လႉလိုက္ရတဲ့ျပည္သူကေတာ့ မြန္ျမတ္တဲ့စိတ္ထားေလးနဲ႔ ကိုယ္ခ်င္းစာေပး တတ္တဲ့စကားေလးကို ျပန္ၾကားလိုက္ရလို႔ အရမ္းပီတိျဖစ္ေနတာျဖစ္ပါတယ္။အခုလိုမ်ိဳး လူသားအခ်င္းခ်င္းစာနာေထာင္ထားၿပီး တတ္ႏိုင္သေလာက္ျပန္လည္ ကူညီေပးတတ္ၾကတဲ့အေၾကာင္းေလးကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

Source&Photo Credit: Original Uploder

Leave a Reply

Your email address will not be published. Required fields are marked *