ဖြိုခွင်းမှုတွေ နဲ့ အခက်အခဲတွေ ကြားက အောင်သပြေ သပိတ် မှာ ပြည်သူတွေ နဲ့ အတူ ပါဝင် လှုပ်ရှား ခဲ့တဲ့ ဘုန်းဆက်သွင်

Posted on

ပရိသတ်ကြီးရေ.. အနုပညာလောက မှာ ဇာတ်ကားတွေ များစွာ ရိုက်ကူးထားပြီး အောင်မြင်စွာလျှောက်လှမ်းနေတဲ့ မင်းသား ဘုန်းဆက်သွင်ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ ရပ်တည် နေသူပါပဲ..။

တော်လှန်ရေးတိုက်ပွဲကြီးမှာ အရေးတော်ပုံ အောင်မြင်ဖို့ အတွက် လမ်းပေါ်ထွက်လူထုလှုပ်ရှားမှုတွေအပြင် အလှူအတန်း တွေမှာလည်း ပြုလုပ်ပြီး လုအင်အား ငွေအင်အားတွေနဲ့ပါ အင်တိုက်အားတိုက်ပါဝင်လုပ်ဆောင်နေသူလည်း ဖြစ်ပါတယ်..။

တက်ကြွရဲရင့်စွာနဲ့ တတ်နိုင်သလောက် အားဖြည့် ပါဝင်နေတဲ့ ဘုန်းဆက်သွင်ကတော့ ဒီကနေ့မှာလည်း ပြည်သူတွေ နဲ့အတူ အောင်အတိတ် အောင်နိမိတ်တွေအဖြစ် အောင်သပြေသပိတ်ကိုလည်း ပြုလုပ်နေတာ တွေ့ရပါတယ်..။

ဖြိုခွင်းမှုတွေရှိနေတဲ့ အခက်အခဲ တွေကြားထဲက ယနေ့ အချိန်ထိ သွေးမအေးသွားဘဲ လုပ်နိုင်သလောက်အင်အားတွေနဲ့ အကောင်းဆုံးကြိုးစားလုပ်ဆောင်နေတဲ့ ဘုန်းဆက်သွင်ကတော့ မနက်အစောပိုင်းကပြုလုပ်ခဲ့တဲ့ လှုပ်ရှားမှုတွေ ကိုလည်း ဝေမျှထား ပါသေးတယ်..။

“ယနေ့ (11.4.2021)

အောင်အတိတ်

အောင်နိမိတ်နဲ့

အောင်သပြေသပိတ်

အရေးတော်ပုံ အောင်ရမည်

💪💪💪..” ဆိုပြီး လှုပ်ရှားမှုပုံရိပ်တွေကို ဝေမျှ ထားတာ ဖြစ်ပါတယ်..။

တော်လှန်ရေးတိုက်ပွဲကြီးမှာ ယနေ့အချိန်ထိ အားမာန်တွေ အပြည့်နဲ့ တက်တက်ကြွကြွပါဝင်လုပ်ဆောင်နေတဲ့ မင်းသားဘုန်းဆက်သွင်ရဲ့ စိတ်ထားနဲ့ လှုပ်ရှားမှုပုံရိပ်တွေကိုတော့ ပရိသတ်တွေကချီးကျူးရင်း အားပေးစကားတွေလည်း ပြောထားကြတာ တွေ့ရပါတယ်..။

Photo Credit – Jay

Leave a Reply

Your email address will not be published. Required fields are marked *