ဖြိုခွင်းမှုတွေ နဲ့ အခက်အခဲ တွေကြားက လမ်းပေါ် ထွက်ကာလူထု လှုပ်ရှားမှုတွေ မှာ ပါဝင် အားဖြည့်နေကြတဲ့ မြင့်မြတ်၊ ရာဇာနေဝင်း နဲ့ ထူးခြား တို့အဖွဲ့

Posted on

ပရိသတ်ကြီးရေ.. လက်ရှိ အခြေအနေတွေအရ ဖြိုခွင်းမှု တွေ ရှိနေပေမယ့် ပြည်သူ ပရိသတ်တွေအနေနဲ့ လူထုလှုပ်ရှားမှုတွေကို မြို့နယ်အလိုက် အဆက်မပြတ်လုပ်ဆောင်နေကြပြီး အနုပညာရှင်တွေ တော်တော်များများကလည်း အားလုံး နဲ့အတူ ရပ်တည်နေတာ တွေ့ရပါတယ်..။ ယုံကြည်ချက်တွေ နဲ့ တော်လှန်ရေး တိုက်ပွဲကြီးကို အင်တိုက်အားတိုက်လုပ်ဆောင်နေကြသလို ထိပ်တန်းအနုပညာရှင်တွေဖြစ်ကြတဲ့ မြင့်မြတ်၊ ရာဇာနေဝင်းအပြင် ထူးခြားနဲ့ကေညီတို့ကလည်း လူထုလှုပ်ရှားမှုတွေမှာ ပါဝင်အားဖြည့်နေပါတယ်..။

တတ်နိုင်တဲ့ဘက်ကနေ နည်းအမျိုးမျိုးနဲ့ကြိုးစားတိုက်ပွဲဝင်နေကြသလို ဒီကနေ့ လေး မှာလည်း ရာဇာနေဝင်း၊ မြင့်မြတ်၊ ကေညီ နဲ့ ထူးခြားတို့ သူငယ်ချင်းတွေကလည်း အရေးတော်ပုံအောင်မြင်ဖို့အတွက် လမ်းပေါ်ထွက်လှုပ်ရှားမှုတွေ ပြုလုပ် ခဲ့ကြပါတယ်..။ သူတို့အဖွဲ့ဟာ ပြည်သူတွေနဲ့အတူ စိတ်တူကိုယ်တူနဲ့ တော်လှန်ရေးတိုက်ပွဲကြီးကိုဆင်နွှဲနေကြကာ ထိုင်သပိတ်တွေ မှာလည်းပါဝင်ပြီး ယုံကြည်ချက် ခိုင်ခိုင်မာမာနဲ့ ကြွေးကြော်လိုက်တဲ့အသံတွေကလည်း တကယ်ကိုခွန်အားအပြည့်ပါပဲ..။

“အရေးတော်ပုံ…အောင်ရမည်။..” ဆိုပြီး ပြည်သူတွေနဲ့အတူလူထုလှုပ်ရှားမှုတွေပြုလုပ်နေတဲ့ သူတို့ရဲ့ ပုံရိပ်လေးတွေ ကို ထူးခြားက မျှဝေသလို ရာဇာနေဝင်းကလည်း သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေ ဝေမျှထားပါသေးတယ်..။ ပရိသတ်တွေကလည်း ထိပ်တန်း အနုပညာရှင်တွေအနေနဲ့ အခုလို ကိုယ်တိုင်ကိုယ်ကျလမ်းပေါ်ထွက်လှုပ်ရှားမှုတွေမှာ ပြည်သူတွေ နဲ့ အတူပူးပေါင်းပါဝင်ပေးကြတာတွေကို သဘောကျအားပေးနေကြတာလည်း တွေ့ရပါတယ်..။

Photo Credit – Htoo Charr’s Fb Acc

Leave a Reply

Your email address will not be published. Required fields are marked *