ဖြစ်ပေါ်နေတဲ့ ကပ်ရောဂါ အခြေအနေတွေကို ကျော်လွှားနိုင်ဖို့ဆုတောင်းနေရင်း ရင်နဲ့အမျှခံစားနေရကြောင်းရေးသားလာတဲ့ သင်ဇာ၀င့်ကျော်

Posted on

အောင်မြင်မှုတွေအခိုင်အမာနဲ့ ဆယ်စုနှစ်တစ်ခုကြာ အနုပညာလမ်းကြောင်းပေါ်မှာရပ်တည် အောင်မြင်နေသလို မိန်းကလေးပရိသတ်တွေအပြင် ပုရိသပရိသတ်တွေပါ၀န်းရံအားပေးကြတဲ့ သင်ဇာ၀င့်ကျော်ကိုသိကြမယ်ထင်ပါတယ်နော်။ သင်ဇာ၀င့်ကျော်ဟာ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်နဲ့ ပက်သက်ပြီး ပြည်သူတွေနဲ့အတူ တသားတည်း ရပ်တည်ကာ လူထုလှုပ်ရှားမှုတွေကို တတ်နိုင်သရွေ့လုပ်ဆောင်နေတာလည်းဖြစ်ပြီး ပရိသတ်တွေအတွက်လည်း သတင်းအချက်အလက်တွေကို တတ်နိုင်သရွေ့မျှဝေပေးနေတာဖြစ်ပါတယ်။

သင်ဇာ၀င့်ကျော်ဟာ လက်ရှိမှာအနုပညာအလုပ် အချို့ကို ပြန်လည်လုပ်ကိုင်နေပေမယ့်လည်း ဖြစ်ပေါ်နေတဲ့ကပ်ရောဂါအခြေအနေတွေနဲ့ပက်သက်ပြီး စိတ်မကောင်းဖြစ်နေတာပါ။ ဒီအကြောင်းအရာလေးကိုလည်း သူမရဲ့ Facebookစာမျက်နှာမှာ “အသက်အရွယ်ကြီးတဲ့သူတွေရော လူငယ်တွေရော အသိ သူငယ်ချင်း မိတ်ဆွေတွေရော ခုရက်ပိုင်းဆုံးတာတွေအများကြီးပဲ ဒီရောဂါကြီးကဒီ​လောက်​တောင်ဆိုးရွားလား အားလုံးအတွက်စိတ်မကောင်းတာထက်ပိုတယ် 😔ကိုယ့်အလှည့်မရောက်သေးပေမဲ့ ဘယ်နေ့ရောက်မလဲရောက်မလဲနဲ့ ရင်တထိတ်ထိတ် ဘုရား ရှိခိုးဆုတောင်းရုံမှလွှဲပြီးဘာမှမလုပ်ပေးနိုင်တာ တကယ်စိတ်မကောင်းဘူး….။

သေခြင်းတရားကို မသေခင် ဒုက္ခတွေတသီတတန်းကြီးပေးခံပြီး သေခိုင်း နေသလိုပဲ … ကျန်ခဲ့တဲ့သူတွေရော သွားတဲ့သူတွေပါ အကုသိုလ်စိတ်တွေနဲ့ ကောင်းတဲ့ဘုံဘဝရောရောက်မှာလား? အသက်ရှင်ဖို့ခက်ခဲသလို အသေဖြောင့်ဖို့လဲခက်ခဲလိုက်တာ ကျမတို့နေနေတာ လူ့ပြည်ရောဟုတ်သေးရဲ့လား ငရဲပြည်ထက်ဆိုးနေသလိုပဲ နေ့စဉ်စိတ်ပင်ပန်းဆင်းရဲရမှု မျိုးစုံနဲ့ 😞ဘာပဲဖြစ်ဖြစ် မသေခင်အချိန်အထိတော့ရှိတာလေးနဲ့လုပ်စရာရှိတာလေးတွေ လုပ်သင့်တာလေးတွေလုပ် ရင်းအားတင်းထားပါတယ်လေ ဒီကပ်ဆိုးကနေ ကျမတို့မြန်မြန်လွတ်မြှောက်ကြပါစေ အားလုံးပဲအားတင်းထားပါ 🦾🦾🦾…..” ဆိုပြီးရေးသား ထားပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-​ Thin Zar Wint Kyaw’s Facebook acc

zawgyi

ေအာင္ျမင္မႈေတြအခိုင္အမာနဲ႔ ဆယ္စုႏွစ္တစ္ခုၾကာ အႏုပညာလမ္းေၾကာင္းေပၚမွာရပ္တည္ ေအာင္ျမင္ေနသလို မိန္းကေလးပရိသတ္ေတြအျပင္ ပုရိသပရိသတ္ေတြပါ၀န္းရံအားေပးၾကတဲ့ သင္ဇာ၀င့္ေက်ာ္ကိုသိၾကမယ္ထင္ပါတယ္ေနာ္။ သင္ဇာ၀င့္ေက်ာ္ဟာ လတ္တေလာျဖစ္ေပၚေနတဲ့ အေျခအေနအရပ္ရပ္နဲ႔ ပက္သက္ၿပီး ျပည္သူေတြနဲ႔အတူ တသားတည္း ရပ္တည္ကာ လူထုလႈပ္ရွားမႈေတြကို တတ္ႏိုင္သေ႐ြ႕လုပ္ေဆာင္ေနတာလည္းျဖစ္ၿပီး ပရိသတ္ေတြအတြက္လည္း သတင္းအခ်က္အလက္ေတြကို တတ္ႏိုင္သေ႐ြ႕မွ်ေဝေပးေနတာျဖစ္ပါတယ္။

သင္ဇာ၀င့္ေက်ာ္ဟာ လက္ရွိမွာအႏုပညာအလုပ္ အခ်ိဳ႕ကို ျပန္လည္လုပ္ကိုင္ေနေပမယ့္လည္း ျဖစ္ေပၚေနတဲ့ကပ္ေရာဂါအေျခအေနေတြနဲ႔ပက္သက္ၿပီး စိတ္မေကာင္းျဖစ္ေနတာပါ။ ဒီအေၾကာင္းအရာေလးကိုလည္း သူမရဲ႕ Facebookစာမ်က္ႏွာမွာ “အသက္အ႐ြယ္ႀကီးတဲ့သူေတြေရာ လူငယ္ေတြေရာ အသိ သူငယ္ခ်င္း မိတ္ေဆြေတြေရာ ခုရက္ပိုင္းဆုံးတာေတြအမ်ားႀကီးပဲ ဒီေရာဂါႀကီးကဒီ​ေလာက္​ေတာင္ဆိုး႐ြားလား အားလုံးအတြက္စိတ္မေကာင္းတာထက္ပိုတယ္ 😔ကိုယ့္အလွည့္မေရာက္ေသးေပမဲ့ ဘယ္ေန႔ေရာက္မလဲေရာက္မလဲနဲ႔ ရင္တထိတ္ထိတ္ ဘုရား ရွိခိုးဆုေတာင္း႐ုံမွလႊဲၿပီးဘာမွမလုပ္ေပးႏိုင္တာ တကယ္စိတ္မေကာင္းဘူး….။

ေသျခင္းတရားကို မေသခင္ ဒုကၡေတြတသီတတန္းႀကီးေပးခံၿပီး ေသခိုင္း ေနသလိုပဲ … က်န္ခဲ့တဲ့သူေတြေရာ သြားတဲ့သူေတြပါ အကုသိုလ္စိတ္ေတြနဲ႔ ေကာင္းတဲ့ဘုံဘဝေရာေရာက္မွာလား? အသက္ရွင္ဖို႔ခက္ခဲသလို အေသေျဖာင့္ဖို႔လဲခက္ခဲလိုက္တာ က်မတို႔ေနေနတာ လူ႔ျပည္ေရာဟုတ္ေသးရဲ႕လား ငရဲျပည္ထက္ဆိုးေနသလိုပဲ ေန႔စဥ္စိတ္ပင္ပန္းဆင္းရဲရမႈ မ်ိဳးစုံနဲ႔ 😞ဘာပဲျဖစ္ျဖစ္ မေသခင္အခ်ိန္အထိေတာ့ရွိတာေလးနဲ႔လုပ္စရာရွိတာေလးေတြ လုပ္သင့္တာေလးေတြလုပ္ ရင္းအားတင္းထားပါတယ္ေလ ဒီကပ္ဆိုးကေန က်မတို႔ျမန္ျမန္လြတ္ေျမႇာက္ၾကပါေစ အားလုံးပဲအားတင္းထားပါ 🦾🦾🦾…..” ဆိုၿပီးေရးသား ထားပါတယ္။ ပရိသတ္ေတြအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

Photo credit-​ Thin Zar Wint Kyaw’s Facebook acc

Leave a Reply

Your email address will not be published. Required fields are marked *