ဖေဖေ့ ကို သတိ ရလို့ ဓာတ်ပုံ ကြည့်ပြီး ပုံစံတူအရုပ်လေးလုပ်ကာ အလွမ်းဖြေနေရတယ် ဆိုတဲ့ ကလေးမလေး တစ်ယောက်

Posted on

ဖေဖော်ဝါရီလကတည်းက ပြုလုပ်ခဲ့တဲ့ လူထု လှုပ်ရှားမှုပွဲတွေမှာ တော့ လူကြီးလူငယ်မရွေး တက်တက်ကြွကြွ ပါဝင်လာခဲ့ကြတာ ဖြစ်ပါတယ် ။

ခွန်အားရှိသလောက် အတတ်နိုင်ဆုံး ကြိုးစား နေကြတဲ့ ပြည်သူ တွေက နေ့ဘက်မှာရော ညဘက်မှာပါ နည်းလမ်းမျိုးစုံနဲ့ ဆန္ဒထုတ်ဖော်နေကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း လူထုလှုပ်ရှားမှုပြုလုပ်ရင်းနဲ့ အသက်ပေး သွားခဲ့ရတဲ့ ပြည်သူတွေ လည်း ရှိလာခဲ့ပြီဖြစ်တာကြောင့် စိတ်မကောင်းစရာဖြစ်ရပ်တွေကို ကြုံတွေ့လာရတာပဲ ဖြစ်ပါတယ် ။

အခုလည်း ပြည်သူတစ်ယောက်က “ဖေဖေကိုသတိရလို့တဲ့ ဖေဖေ့ပုံလေး ကို အရုပ်လေး လုပ်ထားတယ် ဦးတဲ့ 😭😭😭😭 သမီးရယ်” ဆိုပြီး ပုံရိပ်တစ်ချို့ကို မျှဝေထားတာ ဖြစ်ပါတယ် ။ ဒီပုံထဲမှာတော့ ကလေးမလေးတစ်ယောက်က ကွယ်လွန်သွားပြီဖြစ်တဲ့ သူမရဲ့ဖခင်ကို သတိရလွမ်းဆွတ်နေတာ ဖြစ်ပါတယ် ။ ဒါကြောင့် ကလေးမလေးက ဖခင်ဖြစ်သူရဲ့ဓာတ်ပုံကိုကြည့်ပြီး ပုံစံတူ အရုပ်လေးတစ်ရုပ်ပြုလုပ်ကာ အလွမ်းဖြေနေတာပဲ ဖြစ်ပါတယ် ။

ကလေးမလေးက သူမလုပ်ထားတဲ့ အရုပ်လေးကိုကိုင်ပြီး ဖခင်ဖြစ်သူရဲ့ ဓာတ်ပုံနဲ့ အင်္ကျီချထားတဲ့နေရာမှာ ထိုင်နေခဲ့တာ ဖြစ်ပါတယ် ။ ဖခင်ကိုသတိရစိတ်နဲ့ ပုံဖော်ခဲ့တဲ့ ကလေးတစ်ယောက်ရဲ့ ဂျုံအရုပ်လေးက တကယ့်ကို စိတ်မကောင်း ဖြစ်စရာကောင်းနေတာပဲ ဖြစ်ပါတယ် ။

ဒါကြောင့် ဒီကလေးရဲ့ပုံတွေကို တင်ခဲ့တဲ့ သူရဲ့Post အောက် မှာလည်း ပြည်သူတွေက ကလေးအတွက် အားပေးနှစ်သိမ့်စကားတွေ ပြောပေးခဲ့ကြတာလည်း ဖြစ်ပါတယ် ။

ဖခင်ကိုသတိရလို့ ပုံစံတူအရုပ်လုပ်ရင်း အလွမ်းဖြေနေတဲ့ ကလေးမလေး ရဲ့ ပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

စိတ်မကောင်းလိုက်တာ အခုကလေးတွေအရမ်းတော်တယ်အရုပ်လုပ်ထားတာသဘာဝကျတယ် ဖိုက်တင်းပါ ကလေးရယ်။ အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေး လိုက်ပါတယ်နော်။

Crd-Original Post

Leave a Reply

Your email address will not be published. Required fields are marked *