ဖေဖော်ဝါရီလ (၂၈)ရက်နေ့ က အသက်ပေးသွား ရတဲ့ သူရဲကောင်း ညီညီ ရဲ့ ကျဆုံးနေရာလေး မှာ ဂုဏ်ပြုပန်းခွေ လာရောက် ချီးမြှင့်ခဲ့တဲ့ US သံရုံးက တာဝန်ရှိသူများ

Posted on

ဖေဖော်ဝါရီလ(၂၈)ရက်နေ့က လှည်းတန်း လမ်းမပေါ်မှာ အသက်ပေးသွားခဲ့ရတဲ့ မောင်ညီညီအောင်ထက်နိုင် ကတော့ အသက်(၂၃)နှစ်အရွယ်ပဲရှိသေးတဲ့ လူငယ်တစ်ယောက်ဖြစ်ပါတယ်။ညီညီအောင်ထက်နိုင်ရဲ့မိခင်ဆိုရင်အညွှန့်တလူလူတက်နေတဲ့ သားငယ်လေးကို ဆုံးရှုံးလိုက်ရလို့ ရင်ကျိုးမတက် ဝမ်းနည်းနေရပြီး အမွှာအစ်ကို ကလည်း အရမ်း ငိုခဲ့ရတာဖြစ်ပါတယ်။ညီညီက ပညာတတ်လူငယ်လေးဖြစ်ပြီး အစ်ကိုဖြစ်သူနဲ့အတူ မိဘကိုလုပ်ကျွေးပြုစုနေတဲ့သားလိမ္မာလေးဖြစ်ပါတယ်။

ဒီလိုမျိုး မိဘအားကိုးရတဲ့ သားလေးက စောစီးစွာ ကြွေလွင့် သွားခဲ့ရ တာကြောင့် မိသားစုတွေ အနေနဲ့လည်းနေ့စဉ်ရက်ဆက် လွမ်းဆွတ် နေကြရတာ ဖြစ်ပါတယ်။ဒီနေ့အချိန်ထိတောင် ပြည်သူတွေက ညီညီအောင်ထက်နိုင်အသက်ပေးသွားခဲ့ရတာကို မမေ့မလျော့သေးဘဲ သူ ကျဆုံးသွားတဲ့ နေရာလေးမှာ ပန်းတွေထားပေးနေကြဆဲ ဖြစ်ပါတယ်။မတ်လ(၃)ရက်နေ့ကဆိုရင် သူရဲကောင်းညီညီအတွက်လည်း UNက ဆုတံဆိပ် တစ်ခုကို ချီးမြှင့်ခဲ့သေးတာဖြစ်ပါတယ်။

ဒီနေ့မနက်(၈)နာရီခွဲမှာဆိုရင်တော့ USသံရုံးရဲ့ တာဝန်ရှိသူတွေက ညီညီအောင်ထက်နိုင် ကျဆုံးခဲ့တဲ့ နေရာ ကိုလာပြီးဂုဏ်ပြုပန်းခွေချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ဂုဏ်ပြုပန်းခွေမှာဆိုရင်”In honor of those who have lost their lives.since the February 1 Coup.May we all remember their courage and dedication to a better future for Myanmar.(ဖေဖော်ဝါရီလ(၁)ရက်နေ့ အာဏာသိမ်းချိန်မှစပြီး အသက်ဆုံးရှုံးခဲ့ရသူများအတွက် ဂုဏ်ပြုသည်။မြန်မာနိုင်ငံရဲ့ပိုမိုကောင်းမွန်သောအနာဂတ်အတွက် သူတို့ရဲ့ အပ်နှံမှုနဲ့ ရဲစွမ်းသတ္တိကို အောက်မေ့သတိရကြပါစို့”ဆိုပြီး ရေးသားထားတာ ဖြစ်ကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source&Photo Credit: Original Uploder

Leave a Reply

Your email address will not be published. Required fields are marked *