ဖိလစ်ပိုင် တစ်ယောက် ပြော တဲ့ မြန်မာ တွေ အကြောင်း

Posted on

ဖိလစ်ပိုင်တစ်ယောက်ပြောတဲ့ မြန်မာတွေ အကြောင်းနိုင်ငံရေး မတည်ငြိမ်မှုကြားက ကြင်နာမှု၊ ရိုးသားမှုနဲ့ မေတ္တာတရား မြန်မာလူမျိုးတွေဟာ စိန်လို တောက်ပနေတယ်။ အကြမ်းဖက်မှုတွေဖြစ်တုန်းက ဒီလူတွေဟာ လမ်းပေါ်ကျန်နေခဲ့တဲ့ ပစ္စည်းတွေ ကို သိမ်းဆည်းစုဆောင်းပြီး ပြန်ရောင်းဖို့ ပိုက်ဆံရှာဖို့မဟုတ်ဘဲ ပိုင်ရှင်တွေ ပြန်လာယူဖို့ကို စောင့်နေကြတာ။ တကယ် ကို ထူးခြားတဲ့လူတွေပဲ။

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း သူတို့တွေ အများကြီး ကြုံတွေ့ခဲ့ ရပြီးပါပြီ။ အင်တာနက်ဖြတ်တယ်ညမထွက်ရအမိန့်ထုတ်တယ်ATM စက်တွေထဲမှာ ငွေမရှိဘူးဘဏ်တွေ ပိတ်ထားတယ်စူပါမားကတ်တွေ ကုန်စုံဆိုင်တွေ ပိတ်တယ်ကိုဗစ်ကပ်ရောဂါကလဲ ရှိနေသေးတယ် ကျန်တာတွေတော့ ပြဿနာတက်မှာစိုးလို့ မပြောတော့ဘူး မြန်မာလူမျိုးတွေ လည်း အများကြီး ကြုံတွေ့ဖြတ်သန်းခဲ့ရပါတယ်။ လမ်းပေါ်မှာ အခုလို iPhone12, Samsung Note Ultra ဖုန်းတွေ၊ စျေးကြီးတဲ့ ဖိနပ်တွေ အစရှိသဖြင့် ကျန်နေခဲ့တာကို ပြန်မရောင်းဘဲ ပိုင်ရှင်တွေကို ပြန်ပေးဖို့ ရွေးချယ်ကြတယ်။

(သူတို့ အများစုက အလုပ်မရှိကြဘူး ဝင်ငွေလဲ နည်းတယ်) ဒီလိုခက်ခဲနေတာတောင် လမ်းပေါ်မှာ ကျန်နေတဲ့ ပစ္စည်းတွေကို သေချာစုထားပြီး ပိုင်ရှင်တွေ ပြန်လာယူဖို့ကို စောင့်နေကြတာ အံ့မခန်းပဲ။ ပြန်ရောင်းစားမယ့်အစား သူတို့ရဲ့ ကိုယ်ပိုင်အချိန်တွေကို ဖဲ့ပြီး နေပူပူကြီးအောက်မှာ ပိုင်ရှင်တွေကို စောင့်နေကြတယ်။

မြန်မာတွေရဲ့ ခံနိုင်ရည်စွမ်း၊ ရိုးသားမှု၊ သဒ္ဒါတရား နဲ့ ကြင်နာမှုဟာ တကယ် ကို လေးစားစရာပါ။ ရှားမှရှားတဲ့ လူတွေပါပဲ။ မြန်မာလူမျိုးတွေက ကောက်ရတဲ့ ပစ္စည်းတွေကို သူတို့ပိုင်တယ်လို့ မပြောတတ်ကြတာ သဘာဝပဲ။ ကျွန်တော် အရင်က မြန်မာ ပလာဇာ Gloria Jeans ရဲ့ အပြင်ဘက် စားပွဲခုံမှာ iPad သို့မဟုတ် ရုံးအိတ်ကို ထားခဲ့ပြီး ခုံနေရာယူဖူးတယ်။ တစ်ခါမှ ဘာမှ မပျောက်ခဲ့ဘူး။ ကမ္ဘာအေးဘုရားလမ်းက ဒီလောက်လူတွေ အများကြီး သွားနေ တာတောင်နော်။

ကျွန်တော်ကတော့ ဒီနိုင်ငံမှာ ရှိနေရတာ ဂုဏ်ယူတယ်။ မြန်မာတွေ နဲ့ အလုပ်လုပ်ရတာ ကျေးဇူးတင်တယ်။ ဒီမှာနေရတာ မိသားစုလိုလူတွေနဲ့ အတူရှိနေရတာ ပျော်တယ်။ ဓာတ်ပုံဆရာ ဘယ်သူလဲ မသိပေမယ့် Credit ပေးပါတယ်။ မြန်မာလူမျိုးတွေ ဘယ်လောက်လှတယ် ဆိုတာ ကမ္ဘာကသိဖို့ လိုအပ်တယ်လို့ တွေးမိလို့ပါ။

WeMedia

zawgyi

ဖိလစ္ပိုင္တစ္ေယာက္ေျပာတဲ့ ျမန္မာေတြ အေၾကာင္းႏိုင္ငံေရး မတည္ၿငိမ္မႈၾကားက ၾကင္နာမႈ၊ ႐ိုးသားမႈနဲ႔ ေမတၱာတရား ျမန္မာလူမ်ိဳးေတြဟာ စိန္လို ေတာက္ပေနတယ္။ အၾကမ္းဖက္မႈေတြျဖစ္တုန္းက ဒီလူေတြဟာ လမ္းေပၚက်န္ေနခဲ့တဲ့ ပစၥည္းေတြ ကို သိမ္းဆည္းစုေဆာင္းၿပီး ျပန္ေရာင္းဖို႔ ပိုက္ဆံရွာဖို႔မဟုတ္ဘဲ ပိုင္ရွင္ေတြ ျပန္လာယူဖို႔ကို ေစာင့္ေနၾကတာ။ တကယ္ ကို ထူးျခားတဲ့လူေတြပဲ။

ၿပီးခဲ့တဲ့ ရက္သတၱပတ္ေတြအတြင္း သူတို႔ေတြ အမ်ားႀကီး ႀကဳံေတြ႕ခဲ့ ရၿပီးပါၿပီ။ အင္တာနက္ျဖတ္တယ္ညမထြက္ရအမိန္႔ထုတ္တယ္ATM စက္ေတြထဲမွာ ေငြမရွိဘူးဘဏ္ေတြ ပိတ္ထားတယ္စူပါမားကတ္ေတြ ကုန္စုံဆိုင္ေတြ ပိတ္တယ္ကိုဗစ္ကပ္ေရာဂါကလဲ ရွိေနေသးတယ္ က်န္တာေတြေတာ့ ျပႆနာတက္မွာစိုးလို႔ မေျပာေတာ့ဘူး ျမန္မာလူမ်ိဳးေတြ လည္း အမ်ားႀကီး ႀကဳံေတြ႕ျဖတ္သန္းခဲ့ရပါတယ္။ လမ္းေပၚမွာ အခုလို iPhone12, Samsung Note Ultra ဖုန္းေတြ၊ ေစ်းႀကီးတဲ့ ဖိနပ္ေတြ အစရွိသျဖင့္ က်န္ေနခဲ့တာကို ျပန္မေရာင္းဘဲ ပိုင္ရွင္ေတြကို ျပန္ေပးဖို႔ ေ႐ြးခ်ယ္ၾကတယ္။

(သူတို႔ အမ်ားစုက အလုပ္မရွိၾကဘူး ဝင္ေငြလဲ နည္းတယ္) ဒီလိုခက္ခဲေနတာေတာင္ လမ္းေပၚမွာ က်န္ေနတဲ့ ပစၥည္းေတြကို ေသခ်ာစုထားၿပီး ပိုင္ရွင္ေတြ ျပန္လာယူဖို႔ကို ေစာင့္ေနၾကတာ အံ့မခန္းပဲ။ ျပန္ေရာင္းစားမယ့္အစား သူတို႔ရဲ႕ ကိုယ္ပိုင္အခ်ိန္ေတြကို ဖဲ့ၿပီး ေနပူပူႀကီးေအာက္မွာ ပိုင္ရွင္ေတြကို ေစာင့္ေနၾကတယ္။

ျမန္မာေတြရဲ႕ ခံႏိုင္ရည္စြမ္း၊ ႐ိုးသားမႈ၊ သဒၵါတရား နဲ႔ ၾကင္နာမႈဟာ တကယ္ ကို ေလးစားစရာပါ။ ရွားမွရွားတဲ့ လူေတြပါပဲ။ ျမန္မာလူမ်ိဳးေတြက ေကာက္ရတဲ့ ပစၥည္းေတြကို သူတို႔ပိုင္တယ္လို႔ မေျပာတတ္ၾကတာ သဘာဝပဲ။ ကြၽန္ေတာ္ အရင္က ျမန္မာ ပလာဇာ Gloria Jeans ရဲ႕ အျပင္ဘက္ စားပြဲခုံမွာ iPad သို႔မဟုတ္ ႐ုံးအိတ္ကို ထားခဲ့ၿပီး ခုံေနရာယူဖူးတယ္။ တစ္ခါမွ ဘာမွ မေပ်ာက္ခဲ့ဘူး။ ကမာၻေအးဘုရားလမ္းက ဒီေလာက္လူေတြ အမ်ားႀကီး သြားေန တာေတာင္ေနာ္။

ကြၽန္ေတာ္ကေတာ့ ဒီႏိုင္ငံမွာ ရွိေနရတာ ဂုဏ္ယူတယ္။ ျမန္မာေတြ နဲ႔ အလုပ္လုပ္ရတာ ေက်းဇူးတင္တယ္။ ဒီမွာေနရတာ မိသားစုလိုလူေတြနဲ႔ အတူရွိေနရတာ ေပ်ာ္တယ္။ ဓာတ္ပုံဆရာ ဘယ္သူလဲ မသိေပမယ့္ Credit ေပးပါတယ္။ ျမန္မာလူမ်ိဳးေတြ ဘယ္ေလာက္လွတယ္ ဆိုတာ ကမာၻကသိဖို႔ လိုအပ္တယ္လို႔ ေတြးမိလို႔ပါ။

WeMedia

Leave a Reply

Your email address will not be published. Required fields are marked *