ဖိနှိပ်မှု နဲ့ အခက်အခဲတွေ ကြားက လူနဲ့မီးအိမ်သပိတ် လုပ်ပြီး ပြည်သူတွေ နဲ့ အတူ ရပ်တည် ကြောင်း ပြသခဲ့ကြတဲ့ အနုပညာရှင်များ

Posted on

ပရိသတ်ကြီးရေ.. လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရ ပြည်သူတွေ ကတော့ စိုးရိမ်ထိတ် လန့်မှုတွေနဲ့အတူ နေ့ညမပြတ်ကြောင့်ကြပူပန်နေကြပြီး ဖြိုခွင်းမှု တွေကြာင့်လည်း အသက်ပေးဆုံးရှုံးမှုတွေအများအပြားရှိလာခဲ့ပြီ ဖြစ်ပါတယ်..။

ဖြိုခွင်းမှုတွေရှိနေတဲ့ကြားက သွေးမအေးသွား ဘဲ အနာဂတ်တွေ အတွက် ဆက်လက်ကြိုးစားနေကြတဲ့ လူငယ်တွေ နဲ့အတူ အနုပညာရှင်တွေကလည်း တတ်နိုင်တဲ့ဘက်ကနေ အားဖြည့်ပါဝင်နေကာ ပြည်သူတွေနဲ့အတူ ရပ်တည်နေကြတာ တွေ့ရပါတယ်..။

နှစ်လကျော်ကြာမြင့်ခဲ့ပြီဖြစ်တဲ့ တော်လှန်ရေးတိုက်ပွဲကြီးမှာတော့ ပြည်သူတွေ အားလုံးက အမျိုးမျိုးသော လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြသလို အနုပညာရှင်တွေစုပေါင်းပြီးတော့လည်း လူနဲ့မီးအိမ်သပိတ် လှုပ်ရှားမှုတွေပြုလုပ်ခဲ့ကြတာ တွေ့ရပါတယ်..။j

အမှောင်ခေတ်ကိုမကြောက်ဖို့ ဉာဏ်မီးအိမ်လှုပ်ရှား မှုဖြစ် တဲ့ အဆိုပါလူ နဲ့ မီးအိမ် သပိတ် မှာတော့ နာမည်ကျော်သရုပ်ဆောင်အနုပညာရှင်တွေအပြင် ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူခြင်းခံရတဲ့ အနုပညာရှင်တွေလည်း ပါဝင်ကြတာ တွေ့ရပါတယ်..။

“လူနဲ့မီးအိမ်သပိတ်

အာဏာရှင်အောက်

အမှောင်ခေတ်ရောက်လည်း

ငါတို့မကြောက် ဒူးမ ထောက်ဘဲ

ဉာဏ်မီးအိမ်အလင်း အမှောင်ခွင်းဖို့

ထွန်းညှိလိုက်သည်……

လောကတခွင်လုံး

လင်းစေသတည်း။..” ဆိုပြီးတော့လည်း ရေးသားထားပြီး လှုပ်ရှား မှုပုံရိပ်တွေကို ဝေမျှထားပါ..။

တတ်နိုင်တဲ့ ဘက်ကနေ တတ်နိုင်သလောက် အဖက်ဖက် ကနေ လုပ်ဆောင်နေကြတဲ့ ဘုန်းဆက်သွင်တို့အနုပညာရှင်တွေရဲ့ ကြိုးစားအားထုတ်မှုတွေကိုတော့ ပြည်သူပရိသတ်တွေကလည်း အားပေးစကားတွေပြောထားကြတာ တွေ့ရပါတယ်..။

Photo Credit – PhoneSett Thwin’s Fb Acc

Leave a Reply

Your email address will not be published. Required fields are marked *