လက်ရှိ ဖြစ်ပျက်နေတဲ့ မြန်မာ့ပြည် တွင်း အရေး နဲ့ ပက်သတ်ပြီး ရုပ်ရှင်၊ ဂီတ၊ သဘင် စတဲ့ နယ်ပယ် အသီးသီးက အနုပညာရှင် တွေလည်း တက်ကြွစွာ ပါဝင်လှုပ်ရှားနေကြတာပဲ ဖြစ်ပါတယ်။ နာမည်ကြီး အနုပညာရှင်တွေဖြစ်တဲ့ လင်းလင်း၊ ဒါရိုက်တာ ဏကြီး၊ လူမင်း၊ ပြေတီဦး၊ ကိုပေါက်၊ အနဂ္ဂ၊ မောင်မောင်အေး စတဲ့ အနုပညာရှင်တွေကလည်း ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ခံ ထားရတာ ဖြစ်ပြီး ဖမ်းဝ ရမ်းပါ အထုတ်ခံထားရတာ ဖြစ်ပါတယ်။
မနေ့က ဖေဖော်ဝါရီလ (၂၀) ရက်နေ့ မှ ာတော့ အကယ်ဒမီ မင်းသားကြီး လူမင်းက ညဘက်လူခြေ တိတ်ချိန် မှာ ဖမ်းဆီးခံ လိုက်ရပြီဖြစ်ပြီး အနုပညာရှင်အသီးသီးက လူမင်းအတွက် စိတ်မကောင်း ဝမ်းနည်းဖြစ်နေကြတာပဲ ဖြစ်ပါတယ်။ ရုပ်ရှင် သရုပ်ဆောင် ပိုင်ဖြိုးသုကလည်း “မိသားစုပေါင်းများစွာကျနေရတဲ့ မျက်ရည်တွေ….အမရေ….အားတင်း ထားပါ….လက်နက်အားကိုးနဲ့ မတရား အနိုင်ကျင့် တဲ့ သူတွေဝဋ်လည်ကြပါစေ !!!” ဆိုပြီး လူမင်းရဲ့ ဇနီး မခင်စံပယ်ဦး အတွက် အားပေးစကားပြောလာတာကို တွေ့ရပါတယ်။
ပိုင်ဖြိုးသု ကတော့ ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ခံ ထားရတဲ့ ခင်ပွန်းရဲ့ အမျိုးသမီးပီပီ ဖမ်းဆီးခံလိုက်ရတဲ့ လူမင်း ရဲ့ အမျိုး သမီး မခင်စံပယ်ဦး အတွက် အားပေး စကားပြောလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက္ပါတယ်နော်။
Source: Paing Phyoe Thu ‘s fb
Credit:Cele Connections
zawgyi
လက္ရွိ ျဖစ္ပ်က္ေနတဲ့ ျမန္မာ့ျပည္ တြင္း အေရး နဲ႔ ပက္သတ္ၿပီး ႐ုပ္ရွင္၊ ဂီတ၊ သဘင္ စတဲ့ နယ္ပယ္ အသီးသီးက အႏုပညာရွင္ ေတြလည္း တက္ႂကြစြာ ပါဝင္လႈပ္ရွားေနၾကတာပဲ ျဖစ္ပါတယ္။ နာမည္ႀကီး အႏုပညာရွင္ေတြျဖစ္တဲ့ လင္းလင္း၊ ဒါ႐ိုက္တာ ဏႀကီး၊ လူမင္း၊ ေျပတီဦး၊ ကိုေပါက္၊ အနဂၢ၊ ေမာင္ေမာင္ေအး စတဲ့ အႏုပညာရွင္ေတြကလည္း ပုဒ္မ ၅၀၅-က နဲ႔ အမႈဖြင့္ခံ ထားရတာ ျဖစ္ၿပီး ဖမ္းဝ ရမ္းပါ အထုတ္ခံထားရတာ ျဖစ္ပါတယ္။
မေန႔က ေဖေဖာ္ဝါရီလ (၂၀) ရက္ေန႔ မွ ာေတာ့ အကယ္ဒမီ မင္းသားႀကီး လူမင္းက ညဘက္လူေျခ တိတ္ခ်ိန္ မွာ ဖမ္းဆီးခံ လိုက္ရၿပီျဖစ္ၿပီး အႏုပညာရွင္အသီးသီးက လူမင္းအတြက္ စိတ္မေကာင္း ဝမ္းနည္းျဖစ္ေနၾကတာပဲ ျဖစ္ပါတယ္။ ႐ုပ္ရွင္ သ႐ုပ္ေဆာင္ ပိုင္ၿဖိဳးသုကလည္း “မိသားစုေပါင္းမ်ားစြာက်ေနရတဲ့ မ်က္ရည္ေတြ….အမေရ….အားတင္း ထားပါ….လက္နက္အားကိုးနဲ႔ မတရား အႏိုင္က်င့္ တဲ့ သူေတြဝဋ္လည္ၾကပါေစ !!!” ဆိုၿပီး လူမင္းရဲ႕ ဇနီး မခင္စံပယ္ဦး အတြက္ အားေပးစကားေျပာလာတာကို ေတြ႕ရပါတယ္။
ပိုင္ၿဖိဳးသု ကေတာ့ ပုဒ္မ ၅၀၅-က နဲ႔ အမႈဖြင့္ခံ ထားရတဲ့ ခင္ပြန္းရဲ႕ အမ်ိဳးသမီးပီပီ ဖမ္းဆီးခံလိုက္ရတဲ့ လူမင္း ရဲ႕ အမ်ိဳး သမီး မခင္စံပယ္ဦး အတြက္ အားေပး စကားေျပာလာတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုကၸါတယ္ေနာ္။
Source: Paing Phyoe Thu ‘s fb
Credit:Cele Connections