ဖမ်းဆီး ထိန်းသိမ်း ခံထားရတဲ့ ပိုပို့ ရဲ့ လူမှုကွန်ယက် ကနေ POST အသစ် တစ်ခုတက်တာကြောင့် ဝေခွဲမရဖြစ်နေကြတဲ့ ပရိသတ်တွေ

Posted on

ပြီးခဲ့တဲ့ဧပြီလ (၁၅) ရက်နေ့ ညနေ (၃) နာရီခန့်က ပုဒ်မ (၅၀၅) (က) နဲ့ ဖမ်းဆီး ခံထားရတဲ့ ပိုပိုဟာ လက်ရှိမှာတော့ အင်းစိန် အကျဉ်းထောင်မှာရှိနေပြီး ဖမ်းဆီးခံရစဉ်က သိမ်းယူခံထားရတဲ့ သက်သေခံပစ္စည်းတွေထဲမှာ သူမရဲ့ဖုန်းလည်းပါဝင်ခဲ့ပါတယ်။ ဒီနေ့မှာတော့ သူမရဲ့လူမှု ကွန်ယက်ကနေ ” bay Park ” ဆိုတဲ့ Youtube Video တစ်ခုကို Post တင်ထား ခဲ့ပါတယ်။ ဖမ်းဆီးခံထားရသူ တစ်ယောက်အနေနဲ့ အကျဉ်းထောင်ထဲမှာ ဖုန်းသုံးလို့မရနိုင်တာမို့ သူမရဲ့ဖုန်း ကို တစ်ယောက်ယောက်က ဝင်ရောက်အသုံးပြုနေပြီလို့ ပရိသတ်တွေက မှတ်ချက်ပေးခဲ့ကြပါတယ်။

သူမရဲ့ ဖေ့ဘွတ်အကောင့်ကို Report ထုဖို့ ပြောသူတွေ ရှိသလို ဖုန်းကို ဝင်ရောက်အသုံးပြုသူကိုလည်း ဒီလိုလုပ်ရပ်မလုပ်ဖို့လည်းပြောနေခဲ့ကြပါတယ်။ မြန်မာ့နွေဦးတော်လှန်ရေးမှာ တတ်နိုင်တဲ့ဖက်က အစွမ်းကုန်ပါဝင်ခဲ့တဲ့ ပိုပိုတစ်ယောက် ထိန်းသိမ် းခံခဲ့ရစဉ်မှာလည်း သူမရဲ့ရပ်တည်ချက်နဲ့ လုပ်ရပ်အတွက် အပြုံးမပျက်ဘဲ မှတ်တမ်း ဓာတ်ပုံအရိုက်ခံခဲ့ပါတယ်။ ဒီလိုရဲဝံ့တဲ့ အဆိုတော်မလေးဖြစ်တာကြောင့် သူမကိုချစ်ခင်အားပေးမယ့်ပရိသတ်တွေ အရင်က ထက်ပိုပြီးများလာခဲ့ပါတယ်။

ပိုပိုဟာ လက်ရှိမှာထိန်းသိမ်းခံထားရသူဖြစ်တာကြောင့် သူမရဲ့ဖုန်းကို တစ်ယောက် ယောက်က ဝင်ရောက် အသုံးပြုပြီး အခုလို Post တင်ခဲ့တာဖြစ်နိုင်ပါတယ်။ ဘယ်နေရာမှာပဲရောက်ရောက် ဘေးကင်းပြီးလုံခြုံဖို့အတွက် ပိုပို့ရဲ့ပရိသတ်တွေက ဆုတောင်း ပေးနေကြပါတယ်။ အသံချိုချိုလေးနဲ့ ပရိသတ်တွေကိုဖျော်ဖြေခဲ့တဲ့ အဆိုတော်မလေး အန္တရယ်ကင်းပြီး အပြစ်ဒဏ် လျော့ပေါ့ပါစေလို့ ပရိသတ်တွေနဲ့ ထပ်တူဆုတောင်းပေးလိုက်ပါတယ်။

Photo Credit – Po Po’s FB Acc

zawgyi

ၿပီးခဲ့တဲ့ဧၿပီလ (၁၅) ရက္ေန႔ ညေန (၃) နာရီခန႔္က ပုဒ္မ (၅၀၅) (က) နဲ႔ ဖမ္းဆီး ခံထားရတဲ့ ပိုပိုဟာ လက္ရွိမွာေတာ့ အင္းစိန္ အက်ဥ္းေထာင္မွာရွိေနၿပီး ဖမ္းဆီးခံရစဥ္က သိမ္းယူခံထားရတဲ့ သက္ေသခံပစၥည္းေတြထဲမွာ သူမရဲ႕ဖုန္းလည္းပါဝင္ခဲ့ပါတယ္။ ဒီေန႔မွာေတာ့ သူမရဲ႕လူမႈ ကြန္ယက္ကေန ” bay Park ” ဆိုတဲ့ Youtube Video တစ္ခုကို Post တင္ထား ခဲ့ပါတယ္။ ဖမ္းဆီးခံထားရသူ တစ္ေယာက္အေနနဲ႔ အက်ဥ္းေထာင္ထဲမွာ ဖုန္းသုံးလို႔မရႏိုင္တာမို႔ သူမရဲ႕ဖုန္း ကို တစ္ေယာက္ေယာက္က ဝင္ေရာက္အသုံးျပဳေနၿပီလို႔ ပရိသတ္ေတြက မွတ္ခ်က္ေပးခဲ့ၾကပါတယ္။

သူမရဲ႕ ေဖ့ဘြတ္အေကာင့္ကို Report ထုဖို႔ ေျပာသူေတြ ရွိသလို ဖုန္းကို ဝင္ေရာက္အသုံးျပဳသူကိုလည္း ဒီလိုလုပ္ရပ္မလုပ္ဖို႔လည္းေျပာေနခဲ့ၾကပါတယ္။ ျမန္မာ့ေႏြဦးေတာ္လွန္ေရးမွာ တတ္ႏိုင္တဲ့ဖက္က အစြမ္းကုန္ပါဝင္ခဲ့တဲ့ ပိုပိုတစ္ေယာက္ ထိန္းသိမ္ းခံခဲ့ရစဥ္မွာလည္း သူမရဲ႕ရပ္တည္ခ်က္နဲ႔ လုပ္ရပ္အတြက္ အၿပဳံးမပ်က္ဘဲ မွတ္တမ္း ဓာတ္ပုံအ႐ိုက္ခံခဲ့ပါတယ္။ ဒီလိုရဲဝံ့တဲ့ အဆိုေတာ္မေလးျဖစ္တာေၾကာင့္ သူမကိုခ်စ္ခင္အားေပးမယ့္ပရိသတ္ေတြ အရင္က ထက္ပိုၿပီးမ်ားလာခဲ့ပါတယ္။

ပိုပိုဟာ လက္ရွိမွာထိန္းသိမ္းခံထားရသူျဖစ္တာေၾကာင့္ သူမရဲ႕ဖုန္းကို တစ္ေယာက္ ေယာက္က ဝင္ေရာက္ အသုံးျပဳၿပီး အခုလို Post တင္ခဲ့တာျဖစ္ႏိုင္ပါတယ္။ ဘယ္ေနရာမွာပဲေရာက္ေရာက္ ေဘးကင္းၿပီးလုံၿခဳံဖို႔အတြက္ ပိုပို႔ရဲ႕ပရိသတ္ေတြက ဆုေတာင္း ေပးေနၾကပါတယ္။ အသံခ်ိဳခ်ိဳေလးနဲ႔ ပရိသတ္ေတြကိုေဖ်ာ္ေျဖခဲ့တဲ့ အဆိုေတာ္မေလး အႏၲရယ္ကင္းၿပီး အျပစ္ဒဏ္ ေလ်ာ့ေပါ့ပါေစလို႔ ပရိသတ္ေတြနဲ႔ ထပ္တူဆုေတာင္းေပးလိုက္ပါတယ္။

Photo Credit – Po Po’s FB Acc

Leave a Reply

Your email address will not be published. Required fields are marked *