ဖမ်းဆီး ခံလိုက် ရတဲ့ ပိုင်တံခွန် နဲ့ ပတ်သတ်ပြီး အမ ဖြစ်သူကို ဆက်သွယ် မေးမြန်းချက် (အသံဖိုင်)

Posted on

ဆန္ဒပြတဲ့ အနုပညာရှင်တွေ ထဲမှာ တက်တက်ကြွကြွနဲ့ ရှေ့ဆုံး ကနေ ပါဝင်ခဲ့တဲ့ သရုပ်ဆောင် ပိုင်တံခွန်ဟာ ဒီကနေ့ ၈ ရက်နေ့ မနက်ပိုင်း မှာ ဖမ်းဆီး ခံလိုက်ရတယ်လို့ စိတ်မကောင်းစွာ သိရပါတယ်။ မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန် ဟာ စစ်တပ်က ထုတ်ပြန် ထားတဲ့ ဆန္ဒ ပြသူ အနုပညာရှင် စာရင်းထဲမှာ ပါဝင်နေတာ ဖြစ်ပြီး ဒီမနက် ၄ နာရီမှာ မြောက်ဒဂုံ မှာ ရှိတဲ့ အမဖြစ်သူ ရဲ့ နေအိမ်မှာ စစ်ကား ၈ စီးဖြင့် ခေါ်ဆောင်သွားပါတယ်။

မနက် ၄ နာရီလောက် စစ်ကား ၈ စီးနဲ့ လာတယ်၊ ဘယ်လိုမှ ပြေး လို့လည်း မရဘူး၊ ပိုင်တံခွန်ကလည်း တအားကြီး ကို နေမကောင်းဖြစ်နေတာ ထလို့ကို မရတာ၊ အခုသူတို့တွဲပြီး ခေါ်သွားတယ်၊ Speak out များများလေး လုပ်ပေးပါနော်၊ လူသိ များ မှ အဆင်ပြေမှာ မို့လို့၊ သူ့ကို ဘာမှ မလုပ်အောင်လို့လေ၊ သူ့ကို ​တစ်ခုခု လုပ်မှာ ကြောက် လို့ပါ။ ကူညီပါအုံး။ မနက် ၄ နာရီခွဲ အိမ်နေတဲ့ အချိန်ကြီးလေ၊ ဘယ်ပြေးရမှန်းလည်း ပိုင်တံခွန် က အရမ်း အားနည်းနေတာ မတ်တပ်ကို မရပ်နိုင်ဘူး၊ ဖြစ်နိုင်ရင် အိမ်ကို ဝိုင်းလာကြပြီး အမေ့ကို အားပေးကြပါအုံး။ အမေ အရမ်းငိုပြီး သတိလစ်သလို ဖြစ်ဖြစ်နေလို့၊ တစ်အိမ်လုံး တော့ ဒီနေ့ ငါတို့ အတွက် အဆင်မပြေဘူး။

သူနဲ့ သိနဲ့ အနုပညာရှင်တွေလည်း များများဖြန့်ပေးကြပါ။ speak out များများ လုပ်မှ သူ့ကို ကိုယ်ထိလက်ရောက် ဘာမှ မလုပ်နိုင်မှာ၊ လုပ်လိုက်မှာ စိုးလို့လေ။ ဆိုပြီး မျက်ရည်တွေ နဲ့ ဖြေကြားထားပါတယ်။ ပိုင်တံခွန် ရဲ့ ပရိတ်သတ်တွေ လည်း အရမ်းကို စိတ်မကောင်း ဖြစ်နေကြပြီး ပိုင်တံခွန် အတွက် စိတ်ပူနေကြပါတယ်။ ဝိုင်းပြီး ဆုတောင်းပေးနေကြတာလည်း ဖြစ်ပါတယ်။

crd

Leave a Reply

Your email address will not be published. Required fields are marked *