ဖမ်းဆီး ခံထားရသော ခုနှစ် ရက် သားသမီးများ အားလုံး အမြန်ဆုံး ပြန်လွှတ်ပေး ဖို့ တောင်းဆို လိုက်တဲ့ နှိုင်းယှဉ်မြင့်မိုရ်

Posted on

နှိုင်းယှဉ်မြင့်မိုရ် ကတော့ ရုပ်ရှင်၊ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင် ရိုက်ကူး သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးမှုတွေ ရရှိထားတာ ဖြစ်ပါတယ်။ သူမကတော့ လက်ရှိအချိန်မှာ စားဝတ်နေရေး ခက်ခဲနေကြတဲ့ ပြည်သူများအတွက်သူမကိုယ်တိုင် ပင်ပင်ပန်းပန်း ရှာဖွေ ထားတဲ့ ချွေးနည်းစာဖြင့် တတ်နိုင်သလောက် ကူညီထောက်ပံ့ ပေးနေတာ ဖြစ်ပါတယ်။ တစ်ယောက် တည်း အားဖြင့် လှူဒါန်းနေရုံတင်မကဘဲ အခြားသော အလှူရှင်များနှင့်လည်း စုပေါင်းကာပါဝင် အားဖြည့်ပေးနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိအခြေအနေတွေနဲ့ ပတ်သက်တဲ့ သတင်း အချက်များ ကိုလည်း ပရိသတ်တွေ သိရှိနိုင်စေရန် ဝေမျှပေး နေတာလည်း ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ပြည်သူများအားလုံးက ” ငါတို့ပြည်သူ ငါတို့ ပြန်ပေး ” ဆိုတဲ့Campaign တစ်ခုကို ပြုလုပ်ခဲ့တာ ဖြစ်ပြီး နှိုင်းယှဉ်မြင့်မိုရ် လည်း ပါဝင်ဆောင်ရွက်ခဲ့တာပါ။ ဒီ campaign ကတော့ အင်္ကျီ အပြာရောင် ဝတ်ဆင်ပြီး မိမိရဲ့ လက်ဖဝါးတွင် ဖမ်းဆီးခံထားရတဲ့ နာမည်ရေးသားပြီး ဓာတ်ပုံရိုက်ကာ လူမှုကွန်ယက်တွင် ပြန်လည်ဝေမျှခိုင်းတာပါ။

မကြာသေးခင် နာရီပိုင်းလောက်ကလည်း နှိုင်းယှဉ်မြင့်မိုရ် ရဲ့ လူမှုကွန်ယက် စာမျက်နှာ တွင် ဖမ်းဆီး ခံထားရသောခုနှစ်ရက် သားသမီးများအားလုံး အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်တာပဲ ဖြစ်ပါတယ်။ သူမကလည်း ” လက်ဖဝါးမှာ နာမည် တစ်ခုထဲ မရေးချင်ဘူး

တောင်းဆိုပါတယ်🙏🙏🙏

ဖမ်းဆီးခံထားရသောခုနှစ် ရက်သားသမီးရှစ်ရက် သားသမီးအကုန်လွတ်ပါစေ

ဏဘရံဘေးကင်းပါစေ🙏🙏🙏 ” ဆိုပြီး ရေးသား ထားတာ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Nhying Shin’s Facebook Account

Leave a Reply

Your email address will not be published. Required fields are marked *