ဖမ်းဆီးထား တဲ့ ကျောင်းပေါင်းစုံ မှ ကျောင်းသားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆို လိုက်တဲ့ ပိုးမမှီသာ

Posted on

သရုပ်ဆောင် မင်းသမီး ပိုးမမှီသာကတော့ ကြော်ငြာတွေရိုက်ကူးရင်းနဲ့ ပရိသတ်တွေသတိထားမိလာပြီး အနုပညာ လှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ သူမကတော့ လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေ တဲ့ လူမှုလှုပ်ရှားမှုတွေကို ပြည်သူတွေနဲ့အတူ တက်ကြွစွာ ပါဝင်လှုပ်ရှားနေတာလည်း ဖြစ်ပါတယ်။ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်လည်း နေ့စဉ်ဖြစ်ပေါ်နေတဲ့ သတင်း အချက်အလက်တွေကို ဝေမျှ ပေးနေတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း ပိုးမမှီသာရဲ့ Facebook အကောင့်တွင် ဖမ်းဆီးထားတဲ့ကျောင်းပေါင်းစုံမှကျောင်းသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့တောင်းဆိုနေတာပဲ ဖြစ်ပါတယ်။ ” ဖမ်းဆီးထားတဲ့ကျောင်းအသီးသီးမှကျောင်းသား ကျောင်းသူများကို အမြန်ဆုံးလွှတ်ပေးပါ

3.3.2021 ကျောက်မြောင်းသပိတ်မှာဖမ်းဆီးသွားတာ တက္ကသိုလ်ကျောင်း အသီးသီးမှကျောင်းသား/သူ ၃၀၀ ကျော်ပါဝင်ပါတယ်။ ၂၄ နာရီ ထိန်းသိမ်းထားမယ်လို့ဆိုရာက ၄၈ နာရီ အခုဆို ၇၂ နာရီတောင်မကတော့ပါဘူး အင်းစိန်ထောင်မှာလို့သိရပါတယ် ကျောင်းသား/သူများ မိမိရဲ့လွတ်လပ်စွာပြောဆိုပိုင်ခွင့် အပေါ်မှာ အဲ့လောက်ထိကြာမြင့်စွာ ချုပ်နှောင်ထားစရာမလိုပါ ချုပ်နှောင်ထားခွင့်မရှိပါ အပြစ်သားမဟုတ်ပါ မည်သည့်ပုဒ်မ မှလည်းတပ်စရာမလိုပါ တပ်ခြင်းကိုလည်းပြည်သူတစ်ရပ်လုံး မှပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ်

အခြားသူများနည်းတူ ကျောင်းသား/သူ အားလုံးအပါအဝင် ဖမ်းဆီးထား သူများကိုချွင်းချက်မရှိလွတ်ပေးဖို့ပြင်းပြင်းထန်ထန်တောင်းဆိုလိုက်ပါတယ် အရေးတော်ပုံမှာပါဝင်သူတိုင်းတန်ဖိုးရှိပါတယ် ချက်ချင်းချွင်းချက်မရှိပြန်လွှတ်ပေးပါ ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Crd-Poe Mamhe Thar’s Facebook Account

zawgyi

သ႐ုပ္ေဆာင္ မင္းသမီး ပိုးမမွီသာကေတာ့ ေၾကာ္ျငာေတြ႐ိုက္ကူးရင္းနဲ႔ ပရိသတ္ေတြသတိထားမိလာၿပီး အႏုပညာ လႈပ္ရွားမႈေတြ ဆက္တိုက္လုပ္ေဆာင္ေနတာလည္း ျဖစ္ပါတယ္။ သူမကေတာ့ လက္ရွိျမန္မာႏိုင္ငံတြင္ ျဖစ္ေပၚေန တဲ့ လူမႈလႈပ္ရွားမႈေတြကို ျပည္သူေတြနဲ႔အတူ တက္ႂကြစြာ ပါဝင္လႈပ္ရွားေနတာလည္း ျဖစ္ပါတယ္။ သူမရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာတြင္လည္း ေန႔စဥ္ျဖစ္ေပၚေနတဲ့ သတင္း အခ်က္အလက္ေတြကို ေဝမွ် ေပးေနတာလည္း ျဖစ္ပါတယ္။ မၾကာေသးခင္ နာရီပိုင္းေလာက္ကလည္း ပိုးမမွီသာရဲ႕ Facebook အေကာင့္တြင္ ဖမ္းဆီးထားတဲ့ေက်ာင္းေပါင္းစုံမွေက်ာင္းသားေတြကို အျမန္ဆုံးျပန္လႊတ္ေပးဖို႔ေတာင္းဆိုေနတာပဲ ျဖစ္ပါတယ္။ ” ဖမ္းဆီးထားတဲ့ေက်ာင္းအသီးသီးမွေက်ာင္းသား ေက်ာင္းသူမ်ားကို အျမန္ဆုံးလႊတ္ေပးပါ

3.3.2021 ေက်ာက္ေျမာင္းသပိတ္မွာဖမ္းဆီးသြားတာ တကၠသိုလ္ေက်ာင္း အသီးသီးမွေက်ာင္းသား/သူ ၃၀၀ ေက်ာ္ပါဝင္ပါတယ္။ ၂၄ နာရီ ထိန္းသိမ္းထားမယ္လို႔ဆိုရာက ၄၈ နာရီ အခုဆို ၇၂ နာရီေတာင္မကေတာ့ပါဘူး အင္းစိန္ေထာင္မွာလို႔သိရပါတယ္ ေက်ာင္းသား/သူမ်ား မိမိရဲ႕လြတ္လပ္စြာေျပာဆိုပိုင္ခြင့္ အေပၚမွာ အဲ့ေလာက္ထိၾကာျမင့္စြာ ခ်ဳပ္ေႏွာင္ထားစရာမလိုပါ ခ်ဳပ္ေႏွာင္ထားခြင့္မရွိပါ အျပစ္သားမဟုတ္ပါ မည္သည့္ပုဒ္မ မွလည္းတပ္စရာမလိုပါ တပ္ျခင္းကိုလည္းျပည္သူတစ္ရပ္လုံး မွျပင္းျပင္းထန္ထန္ကန႔္ကြက္ပါတယ္

အျခားသူမ်ားနည္းတူ ေက်ာင္းသား/သူ အားလုံးအပါအဝင္ ဖမ္းဆီးထား သူမ်ားကိုခြၽင္းခ်က္မရွိလြတ္ေပးဖို႔ျပင္းျပင္းထန္ထန္ေတာင္းဆိုလိုက္ပါတယ္ အေရးေတာ္ပုံမွာပါဝင္သူတိုင္းတန္ဖိုးရွိပါတယ္ ခ်က္ခ်င္းခြၽင္းခ်က္မရွိျပန္လႊတ္ေပးပါ ” ဆိုၿပီး ေရးသားထားတာပဲ ျဖစ္ၿပီး ပရိသတ္ေတြအတြက္ ဒီသတင္းကို တစ္ဆင့္ျပန္လည္ကူးယူတင္ဆက္ေပးလိုက္ရပါတယ္ေနာ္။

Source and Photo Crd-Poe Mamhe Thar’s Facebook Account

Leave a Reply

Your email address will not be published. Required fields are marked *