ဖန်တီးမှု အသစ်တွေ နဲ့ ပရိတ် သတ်တွေ ရှေ့ ထွက်ပေါ် လာတော့ မယ့် အက်ရှင် မင်းသား (၃) ယောက်
Posted on
နယ်ပရိသတ်တွေ ရဲ့ချစ်ခင်အားပေးမှု အပြည့်အဝ ရရှိထား သလို အက်ရှင်ခေတ် တစ်ခေတ် မှာ ပရိသတ်တွေ ရဲ့ အားပေး လက်ခံမှုကို တခဲနက်ရရှိခဲ့ကြတဲ့ နိုင်ငံကျော် အက်ရှင်မင်းသားတွေကို ပရိသတ်တွေလည်း သိပြီးဖြစ်မှာပါ ။ အက်ရှင်လောကမှာ တစ်ခေတ်ဆန်းစေ ခဲ့တဲ့ မင်းသားတွေဖြစ်တဲ့အပြင် ယနေ့ထက်တိုင် ပရိသတ်အားပေး မှုအခိုင်အမာ ရရှိနေကြဆဲပါ ။
အဲဒီ အက်ရှင် မင်းသားတွေ ကတော့ နေထူးနိုင် ၊ ကျေ်ာဇောဟိန်း နဲ့ ဝေဠုကျော်တို့ပဲ ဖြစ်ပါတယ် ။ အက်ရှင်ကားပေါင်းများစွာကို ရိုက်ကူးခဲ့ပြီး အက်ရှင်ကြိုက်တဲ့ ပရိသတ်တွေအတွက်တော့ တကယ့် ဟီးရိုးတွေ ဖြစ်ခဲ့ကြတာပါ ။ အက်ရှင်ကားကိုမှ ကြိုက်နှစ်သက်တယ် ဆိုတဲ့ ပရိသတ်တွေအတွက် လတ်တလောမှာတော့ ဒီအက်ရှင် မင်းသား သုံးယောက်က သတင်းကောင်းလေး တစ်ခုပါးလာခဲ့ပါတယ် ။
အဲဒီသတင်းကောင်းလေးကတော့ ကျွန်တော် တို့ သုံးယောက် ဖန်တီးမှုအသစ်တွေ အတွက် ကြိုးစားတိုင်ပင် ဆောင်ရွက် ခြင်း အမှတ်တရ ဆိုတဲ့ စာသားလေးနဲ့အတူ အက်ရှင်မင်းသားသုံးယောက်က သူတို့ရဲ့ ပုံရိပ်ကို လူမှုကွန်ရက်စာမျက်နှာထက်မှာရေးသား ဖော်ပြခဲ့တာပဲဖြစ်ပါတယ် ။ မတူညီတဲ့ အက်ရှင်မင်းသားသုံးယောက်ရဲ့ အမိုက်စားဖန်တီးမှု တစ်ခုကို မြင်ရတော့ မယ်ဆိုတော့ အက်ရှင်ကြိုက်ပရိသတ်ကြီးလည်း ရင်ခုန်စိတ်လှုပ်ရှားနေကြပြီထင် ပါ တယ်နော် ။
Source : Nay Htoo Naing
Credit ; (Yaung Chi)
zawgyi
Source : Nay Htoo Naing
Credit ; (Yaung Chi)
Leave a Reply
Your email address will not be published. Required fields are marked *