အခုလိုကာလမှာ မိဘတွေကလည်း မိမိတို့ရဲ့ အဖိုးတန် သားသမီးလေးတွေကို ကြည်ကြည်ဖြူဖြူနဲ့ လမ်းပေါ်ပေးထွက်နေကြတာဖြစ်လို့ အရမ်းလေးစားဖို့ကောင်းကြပါတယ်။လူငယ်တွေကလည်း အသက်သာငယ်ကြပေမယ့်ရဲစွမ်းသတ္တိ အပြည့်ရှိကြပြီး ရှေ့ဆုံးကနေပါဝင်နေကြတာဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ဆိုရင်တော့ ကျဆုံးသွားတဲ့သူရဲကောင်း အယောက်(၂၀၀)နီးပါးထဲမှာ လူငယ်လေးတွေ အများအပြား ပါဝင်ပါတယ်။ မိဘတွေကတော့ ဘာနဲ့မှအစားထိုးလို့မရနိုင်တဲ့မိမိရဲ့သားသမီးလေးတွေ အသက်ပေးသွားရလို့ ရင်ထဲမှာနာကျင် ခံစားနေကြရတာ ဖြစ်ပါတယ်။
(၁၅.၃.၂၀၂၁)ရက်နေ့က ဆိုရင်လည်း အင်ဂျင်နီယာကျောင်းသားလေး တစ်ယောက် ဖြစ်တဲ့ မောင်ခန့်အောင်ဖြိုးကလူထုလှုပ်ရှားမှုမှာ ပါဝင်ရင်း ယုဇနဥယျာဉ် ပုဏ္ဏမီလမ်းမှာ ကျဆုံးသွားခဲ့တာဖြစ်ပါတယ်။မောင်ခန့်အောင်ဖြိုးရဲ့မိခင်ကတော့ အမေတစ်ခု၊သားတစ်ခုဘဝမှာ သားလေးကိုပါ ဆုံးရှုံး လိုက်ရပြီ ဖြစ်ပါတယ်။အသက်(၁၉) နှစ်သာ ရှိသေးတဲ့ သားလေးက သူမဘဝထဲကနေ အစောဆုံးထွက်ခွါသွားလို့ ရူးမတက်ဖြစ်ပြီး နေ့တိုင်းသတိရနေတာဖြစ်ပါတယ်။မောင်ခန့်အောင်ဖြိုးရဲ့မိခင်ကိုကြည့်ပြီး ပြည်သူတွေကပါ ထပ်တူထပ်မျှ ခံစားနေကြရတာဖြစ်ပါတယ်။
မောင်ခန့်အောင်ဖြိုး တို့သားအမိနှစ်ယောက် နောက်ဆုံး ပြောခဲ့ကြတဲ့ စာလေးတွေက ပြည်သူတွေရဲ့ရင်ကိုကိုင်လှုပ်ပြီး အရမ်းဝမ်းနည်းရပါတယ်။မိခင်က စိတ်ပူနေရပေမယ့် သူရဲကောင်းသားလေးရဲ့ ရဲရဲတောက်စိတ်ဓာတ်ကို ဖြည့်ဆည်းပေးပြီး အိမ်ကနေလှမ်း ဂရုစိုက်ပေးနေတာဖြစ်ပါတယ်။သားလေး ကလည်း”မေမေလည်း မပူနဲ့ သားလည်းမကြောက်ဘူး စိတ်ချပါ၊သားကိုသား လှူထားပြီးသား နိုင်ငံအတွက် ရဲဝံ့မယ်၊ဘုရားရှင်ခေတ်မှာ ရဟန်းဝတ်မယ်၊ငရဲခေတ်မှာတော့ လူသတ်မယ်”ဆိုပြီး မိခင်ကို ပြောခဲ့တာဖြစ်ပါတယ်။ မောင်ခန့်အောင်ဖြိုးတို့သားအမိနှစ်ယောက်ရဲ့နောက်ဆုံးအမှတ်တရလေးက ရင်ထဲနင့်နေအောင်ခံစားရလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Source&Photo Credit: Original Uploder