ဖခင်ကျဆုံး သွားလို့ ငိုနေတဲ့မိခင်ကို လူကြီး လေသံလေး နဲ့ ချော့ရှာပြီး ကျလာတဲ့ မျက်ရည်တွေ ကိုပါ သုတ်ပစ် လိုက်တဲ့ (၈)နှစ် အရွယ်သမီးလေး

Posted on

ဖေဖော်ဝါရီလအစကတည်းက စတင်လိုက်တဲ့ ဒီအခြေအနေကြောင့် ကျဆုံးသွားရတဲ့ သူရဲကောင်းတွေ လည်း အယောက်(၂၀၀)ကျော်နေပြီ ဖြစ်ပါတယ်။အများအကျိုးအတွက်သယ်ပိုးဆောင်ရွက်ရင်း အသက်ပေးသွားရပြီဖြစ်တဲ့ သူရဲကောင်းတွေရဲ့ ကျန်ရစ်သူမိသားစုဝင်တွေ ကိုလည်း ပြည်သူတွေက တတ်နိုင်သလောက် စောင့်ရှောက်ပေးကြတာဖြစ်ပါတယ်။ လှိုင်သာယာမှာ ကျဆုံးသွားတဲ့ ကိုချစ်အောင် ကတော့ သူ့ရှေ့မှာ ကျည်မှန်တဲ့လူရဲ့အလောင်းကို ဝင်ဆွဲရင်း သူ့ကိုပါထပ်ပစ်လိုက်လို့ ပေါင်ကိုကျည်ထိပြီး သွေးထွက်လွန်ကာ အသက် ပေးသွားရတာဖြစ်ပါတယ်။

ကိုချစ်အောင်ကတော့ ဇနီးနဲ့ သမီးနှစ်ယောက် ရှိပြီး မိသားစုကိုကျွေးမွေး စောင့်ရှောက်နေတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်ပါတယ်။ကိုချစ်အောင်ရဲ့ဇနီးသည်ဆိုရင် အားကိုးရမယ့်ခင်ပွန်းကို ဆုံးရှုံးသွားရလို့ ဖြည်မဆည်နိုင်အောင် ဝမ်းနည်းနေတာဖြစ်ပါတယ်။သမီးလေး နှစ်ယောက်ကလည်း အကြီးမလေးက(၈)နှစ်အရွယ်ရှိပြီး အငယ်မလေးက (၄)နှစ်အရွယ်သာ ရှိသေးတာဖြစ်ပါတယ်။ဒီသမီးလေးနှစ်ယောက်ကို လူလားမြောက်အောင်ပြုစုပျိုးထောင်ပေးဖို့အတွက် မိခင်တစ်ယောက်ရဲ့ခွန်အားနဲ့သာ ရှေ့ဆက်ရတော့မှာ ဖြစ်ပါတယ်။

သမီးကြီးလေးဆိုရင် (၈)နှစ်အရွယ်သာ ရှိသေးပေမယ့် အရာ အားလုံးကို သိတတ်နားလည်နေပြီ ဖြစ်ပါတယ်။(၈)နှစ်အရွယ် သမီးကြီးလေးက ဖခင်ဆုံးပါးသွားလို့ ငိုနေတဲ့ မိခင်ကိုလည်း လူကြီးလေသံလေးနဲ့ “မငိုနဲ့တိတ်တိတ်”ဆိုပြီး ချော့ရှာပါတယ်။ မိခင်က ဆက်ငိုနေသေးတော့ သူမပါရောငိုပြီး အမေမမြင်အောင် ကျလာတဲ့ မျက်ရည်တွေကို သုတ်ပစ်တာဖြစ်ပါတယ်။တစ်မိသားစုလုံးကို ရှာကျွေးနေတဲ့ ခင်ပွန်းသည်ကကျဆုံးသွားရတာကြောင့် သမီးလေးနှစ်ယောက်နဲ့ အကူအညီလိုအပ်နေတဲ့ ဒီအစ်မကို ပြည်သူတွေက တတ်နိုင်သလောက်ကူညီဖေးမပေးဖို့အတွက် နှိုးဆော်ရင်း ပြန်လည်မျှဝေပေး လိုက်ပါတယ်။

Source&Photo Credit: Original Uploder

zawgyi

ေဖေဖာ္ဝါရီလအစကတည္းက စတင္လိုက္တဲ့ ဒီအေျခအေနေၾကာင့္ က်ဆုံးသြားရတဲ့ သူရဲေကာင္းေတြ လည္း အေယာက္(၂၀၀)ေက်ာ္ေနၿပီ ျဖစ္ပါတယ္။အမ်ားအက်ိဳးအတြက္သယ္ပိုးေဆာင္႐ြက္ရင္း အသက္ေပးသြားရၿပီျဖစ္တဲ့ သူရဲေကာင္းေတြရဲ႕ က်န္ရစ္သူမိသားစုဝင္ေတြ ကိုလည္း ျပည္သူေတြက တတ္ႏိုင္သေလာက္ ေစာင့္ေရွာက္ေပးၾကတာျဖစ္ပါတယ္။ လႈိင္သာယာမွာ က်ဆုံးသြားတဲ့ ကိုခ်စ္ေအာင္ ကေတာ့ သူ႔ေရွ႕မွာ က်ည္မွန္တဲ့လူရဲ႕အေလာင္းကို ဝင္ဆြဲရင္း သူ႔ကိုပါထပ္ပစ္လိုက္လို႔ ေပါင္ကိုက်ည္ထိၿပီး ေသြးထြက္လြန္ကာ အသက္ ေပးသြားရတာျဖစ္ပါတယ္။

ကိုခ်စ္ေအာင္ကေတာ့ ဇနီးနဲ႔ သမီးႏွစ္ေယာက္ ရွိၿပီး မိသားစုကိုေကြၽးေမြး ေစာင့္ေရွာက္ေနတဲ့ အိမ္ေထာင္ဦးစီးတစ္ေယာက္ျဖစ္ပါတယ္။ကိုခ်စ္ေအာင္ရဲ႕ဇနီးသည္ဆိုရင္ အားကိုးရမယ့္ခင္ပြန္းကို ဆုံးရႈံးသြားရလို႔ ျဖည္မဆည္ႏိုင္ေအာင္ ဝမ္းနည္းေနတာျဖစ္ပါတယ္။သမီးေလး ႏွစ္ေယာက္ကလည္း အႀကီးမေလးက(၈)ႏွစ္အ႐ြယ္ရွိၿပီး အငယ္မေလးက (၄)ႏွစ္အ႐ြယ္သာ ရွိေသးတာျဖစ္ပါတယ္။ဒီသမီးေလးႏွစ္ေယာက္ကို လူလားေျမာက္ေအာင္ျပဳစုပ်ိဳးေထာင္ေပးဖို႔အတြက္ မိခင္တစ္ေယာက္ရဲ႕ခြန္အားနဲ႔သာ ေရွ႕ဆက္ရေတာ့မွာ ျဖစ္ပါတယ္။

သမီးႀကီးေလးဆိုရင္ (၈)ႏွစ္အ႐ြယ္သာ ရွိေသးေပမယ့္ အရာ အားလုံးကို သိတတ္နားလည္ေနၿပီ ျဖစ္ပါတယ္။(၈)ႏွစ္အ႐ြယ္ သမီးႀကီးေလးက ဖခင္ဆုံးပါးသြားလို႔ ငိုေနတဲ့ မိခင္ကိုလည္း လူႀကီးေလသံေလးနဲ႔ “မငိုနဲ႔တိတ္တိတ္”ဆိုၿပီး ေခ်ာ့ရွာပါတယ္။ မိခင္က ဆက္ငိုေနေသးေတာ့ သူမပါေရာငိုၿပီး အေမမျမင္ေအာင္ က်လာတဲ့ မ်က္ရည္ေတြကို သုတ္ပစ္တာျဖစ္ပါတယ္။တစ္မိသားစုလုံးကို ရွာေကြၽးေနတဲ့ ခင္ပြန္းသည္ကက်ဆုံးသြားရတာေၾကာင့္ သမီးေလးႏွစ္ေယာက္နဲ႔ အကူအညီလိုအပ္ေနတဲ့ ဒီအစ္မကို ျပည္သူေတြက တတ္ႏိုင္သေလာက္ကူညီေဖးမေပးဖို႔အတြက္ ႏႈိးေဆာ္ရင္း ျပန္လည္မွ်ေဝေပး လိုက္ပါတယ္။

Source&Photo Credit: Original Uploder

Leave a Reply

Your email address will not be published. Required fields are marked *