ဖက်တီးပုတ်မ ဖြစ်နေ ၍ တစ်ချိန်လုံး လှောင်ပြောင်ခြင်း ခံနေရသည် ကို စိတ်နာလာကာ ဝိတ်ချပစ်လိုက်သော မိန်းကလေး

Posted on

လောကကြီးတွင် လူသားတို့ဧ။် သဘာဝဖြစ်စဉ်တိုင်း တစ်ဖက်သား ကို မစာမနာ ပြောဆိုကဲ့ရဲ့ကာအတင်းတုတ်လိုက်ခြင်းသည် သမာရိုးကျဖြစ်နေကာ ပြောဆိုခံရသူများ အတွက်ကျ တကယ်ခံပြင်းစရာဖြစ်နေသည်။ သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံ My Thoမြို့တွင် နေထိုင်သော Dieu အမည်ရှိသော မိန်းကလေးသည် ၁၀၀ကီလို ဂရမ် အလေးချိန်ရှိ အရမ်းဝနေကာ စိတ်ရင်းနှင့် ပေါင်းပြီး ခင်မင် ရင်းနှီးမည့် သူငယ်ချင်းအပေါင်း အဖော်ဆိုသည်မှာလည်း တစ်ယောက်မှ ရှိမနေခဲ့ပါ။

ထို့အပြင် မိန်းကလေးအား တွေ့သမျှလူများမှလည်း ဖက်တီးမ ဖက်တီးမ ဆိုပြီး လှောင်ပြောင်ခြင်းများ ပြုလုပ်ခဲ့ ကြပြီး ချစ်သူကောင်လေးနှင့် တွဲသွားသောအခါတွင်လည်း ကောင်လေးတောင် နှမြောသည် ဟုကဲ့ရဲ့ရှုံ့ချကြပြန်သည်။

မိန်းကလေးလည်း ဝေဖန်မှုအပြောအဆိုကြား မခံနိုင်တော့သည့်အဆုံး ပြောင်းလဲ ရန် ဆုံးဖြတ်ခဲ့ပြီး အေရိုးဗစ်လေ့ကျင့်ခန်းများလုပ်ခြင်းနှင့်အတူ အစားအသောက်ကိုလည်း အရင်လောက် မစားတော့ပဲ ရှောင်နိုင်သမျှ ရှောင်ခဲ့သည်။ ထို့နောက် လေ့ကျင့်ခန်းများ ပုံမှန်လုပ်လာခဲ့ရာ တစ်နှစ်ခွဲအကြာတွင် ၄၂ကီလိုဂရမ်သာ ဖြစ်သွားပြီး မြင်သူတိုင်းအားကျကာ နှစ်ခါပြန်ငေးမောရမည့် နတ်သမီးလေးတစ်ပါး အဖြစ်သို့ ရောက်ရှိခဲ့သည်။

Credit

Leave a Reply

Your email address will not be published. Required fields are marked *