ပြေးရင်း လွှားရင်း နဲ့ မောပန်း လာတဲ့ ကလေးတွေကို သူ့ရဲ့ရေခဲချောင်း တွေ အလကားကျွေး ခဲ့တဲ့ ဘဘကြီး အကြောင်း ပြောပြလာတဲ့ ပြည်သူ တစ်ဦး

Posted on

လူငယ်တွေကတော့ သူတို့ရဲ့အသက် ကိုတောင် ပဓာန မထားဘဲ အခုချိန်မှာ နေ့မနား ညမနား ကြိုးစား အားထုတ် နေ ကြ တာ ဖြစ်ပါတယ် ။ အခက်အခဲ၊ အတားအဆီးတွေကြားကနေ လူထုလှုပ်ရှားမှုပွဲတွေကို ရအောင်ပြု လုပ်နေကြတဲ့ လူငယ်တွေက ပြည်သူ တွေ ရဲ့အရှေ့မှာ မား မားမတ်မတ် ရပ်တည်နေတာ ဖြစ်ပါတယ် ။ ဒီလိုလူငယ်တွေကို ချီးကျူးလေးစားတဲ့အနေနဲ့ စေတနာရှင် ပြည်သူတွေက လည်း တတ် နိုင်သ လောက် အကူအညီ ပေးနေကြတာ ဖြစ်ပါတယ် ။

အခုလည်း လူထုလှုပ်ရှားမှုမှာ ပါဝင် ခဲ့တဲ့ လူငယ် တစ်ဦးက စိတ်ရင်း စေတနာကောင်း တဲ့ ဘဘကြီး တစ်ယောက် ရဲ့ အကြောင်းကို လူမှုကွန် ယက် စာမျက်နှာက တစ်ဆင့် ရေးသားပြောပြထားတာ ဖြစ်ပါတယ် ။ အဲ့ဒီဘဘကြီး ကတော့ ပြေးရင်း လွှား ရင်း နဲ့ မောပန်း လာတဲ့ လူငယ် တွေကို သူရောင်းနေတဲ့ ရေခဲချောင်းတွေ အလကားလိုက်ကျွေးခဲ့တာပဲ ဖြစ်ပါတယ် ။ ရေခဲပုံးရဲ့အဖုံး အပေါ်မှာ ရေခဲထုပ်တွေ တင်ပြီး လိုက် ဝေပေးပါဦးလို့ ပြောခဲ့တဲ့ ဘဘကြီးက ပိုက်ဆံပေးတာတောင် မယူဘဲ အတင်းငြင်းလွှတ်ခဲ့တာ ဖြစ်ပါတယ် ။

ပြည်သူတစ်ယောက်က အဲ့ဒီဘဘကြီး ကို (၅၀၀၀) တန်တစ်ရွက် ထုတ်ပေးတာတောင် မယူဘဲ (၄၀၀၀)တောင် မရမက ပြန်အမ်း ခဲ့ သေးတာ ဖြစ်ပါတယ် ။ ဒါ့အပြင် ဘဘကြီးက “ဘဘကလည်း ငါ့တူတို့နဲ့ အတူတူဘဲကွ” ဆိုပြီး အနားကိုကပ် ကာ တိုးတိုးလေး ပြော သွားခဲ့ ကြောင်း စာ ထဲမှာ ရေးသားထားတာလည်း ဖြစ်ပါတယ် ။ မရှိရှိတာလေးနဲ့တောင် ရအောင်လှူဒါန်းတတ်တဲ့ ဘဘကြီးရဲ့စေတနာတွေကြောင့် လူ ငယ် တွေလည်း ပီတိဖြစ်ခဲ့ရတာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-Original Uploader

zawgyi

လူငယ္ေတြကေတာ့ သူတို႔ရဲ႕အသက္ ကိုေတာင္ ပဓာန မထားဘဲ အခုခ်ိန္မွာ ေန႔မနား ညမနား ႀကိဳးစား အားထုတ္ ေန ၾက တာ ျဖစ္ပါတယ္ ။ အခက္အခဲ၊ အတားအဆီးေတြၾကားကေန လူထုလႈပ္ရွားမႈပြဲေတြကို ရေအာင္ျပဳ လုပ္ေနၾကတဲ့ လူငယ္ေတြက ျပည္သူ ေတြ ရဲ႕အေရွ႕မွာ မား မားမတ္မတ္ ရပ္တည္ေနတာ ျဖစ္ပါတယ္ ။ ဒီလိုလူငယ္ေတြကို ခ်ီးက်ဴးေလးစားတဲ့အေနနဲ႔ ေစတနာရွင္ ျပည္သူေတြက လည္း တတ္ ႏိုင္သ ေလာက္ အကူအညီ ေပးေနၾကတာ ျဖစ္ပါတယ္ ။

အခုလည္း လူထုလႈပ္ရွားမႈမွာ ပါဝင္ ခဲ့တဲ့ လူငယ္ တစ္ဦးက စိတ္ရင္း ေစတနာေကာင္း တဲ့ ဘဘႀကီး တစ္ေယာက္ ရဲ႕ အေၾကာင္းကို လူမႈကြန္ ယက္ စာမ်က္ႏွာက တစ္ဆင့္ ေရးသားေျပာျပထားတာ ျဖစ္ပါတယ္ ။ အဲ့ဒီဘဘႀကီး ကေတာ့ ေျပးရင္း လႊား ရင္း နဲ႔ ေမာပန္း လာတဲ့ လူငယ္ ေတြကို သူေရာင္းေနတဲ့ ေရခဲေခ်ာင္းေတြ အလကားလိုက္ေကြၽးခဲ့တာပဲ ျဖစ္ပါတယ္ ။ ေရခဲပုံးရဲ႕အဖုံး အေပၚမွာ ေရခဲထုပ္ေတြ တင္ၿပီး လိုက္ ေဝေပးပါဦးလို႔ ေျပာခဲ့တဲ့ ဘဘႀကီးက ပိုက္ဆံေပးတာေတာင္ မယူဘဲ အတင္းျငင္းလႊတ္ခဲ့တာ ျဖစ္ပါတယ္ ။

ျပည္သူတစ္ေယာက္က အဲ့ဒီဘဘႀကီး ကို (၅၀၀၀) တန္တစ္႐ြက္ ထုတ္ေပးတာေတာင္ မယူဘဲ (၄၀၀၀)ေတာင္ မရမက ျပန္အမ္း ခဲ့ ေသးတာ ျဖစ္ပါတယ္ ။ ဒါ့အျပင္ ဘဘႀကီးက “ဘဘကလည္း ငါ့တူတို႔နဲ႔ အတူတူဘဲကြ” ဆိုၿပီး အနားကိုကပ္ ကာ တိုးတိုးေလး ေျပာ သြားခဲ့ ေၾကာင္း စာ ထဲမွာ ေရးသားထားတာလည္း ျဖစ္ပါတယ္ ။ မရွိရွိတာေလးနဲ႔ေတာင္ ရေအာင္လႉဒါန္းတတ္တဲ့ ဘဘႀကီးရဲ႕ေစတနာေတြေၾကာင့္ လူ ငယ္ ေတြလည္း ပီတိျဖစ္ခဲ့ရတာပဲ ျဖစ္ပါတယ္ ။

Source & Photo Credit-Original Uploader

Leave a Reply

Your email address will not be published. Required fields are marked *