ပြောမှားဆိုမှား ရှိရင်တောင် ကိုင်လိုက်တဲ့ နတ်တွေ ခုလို ဒုက္ခပေးနေ တဲ့ ဟာတွေကျတော့ ဒီတိုင်း ကြည့်နေ လို့ နတ်တွေကို SOCIAL PUNISHMENT လုပ် လိုက်တဲ့ ကောင်းမြတ်စံ

Posted on

ပရိတ်သတ်ကြီးရေ…. ထင်ရှားတဲ့ ပါးချိုင့်လေးနဲ့ ထူးထူး ခြားခြားဆွဲဆောင်မှု ရှိနေတဲ့

နှုတ်ခမ်းနီမလေးတွေ ရဲ့ အသည်းကျော် ကောင်းမြတ်စံဟာ ဆိုရင် အနုပညာ လောကမှာ

အောင်မြင်မှုတွေများစွာ ရရှိထားသလို ဇာတ်ကားတွေ လည်းများစွာ ရိုက်ကူးထားပြီး

ပရိသတ် တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားသူ တစ်ယောက်ပဲဖြစ်ပါတယ်နော်..။

မင်းသားကောင်းမြတ်စံ ကတော့ လတ်တလောဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး

ပြည်သူတွေနဲ့အတူ ရပ်တည် နေကာ ဆိုရှယ်မီဒီယာ ထက်မှာ speak out

လုပ်ပေးနေတဲ့ အနုပညာရှင်တွေထဲ က တစ်ဦးပဲ ဖြစ်ပါတယ်။

အာဏာသိမ်းတဲ့ နေ့က စပြီး ယခု ချိန်ထိလည်း ပရိသတ်တွေ ပြည်သူတွေနဲ့ အတူ အမှန်တရား ဘက်ကနေ

ရပ်တည်တိုက်ပွဲဝင်နေတဲ့ သူတစ်ဦးပဲ ဖြစ်ပါတယ်။ မကြာသေးမှီကလည်း ဒီလိုအချိန်မှာ နိုင်ငံ့အတွက်

တစ်ကယ့်တစ်ကယ်ကို မခံမရပ်နိုင်လို့စေတနာနဲ့ပြောတဲ့သူတွေ ရှိသလို နိုင်ငံရေးအကြောင်းပြုပြီး ပုဂ္ဂိုလ်ရေးအရ

တိုက်ခိုက်တဲ့သူတွေလည်းရှိတယ်ဆိုပြီး သတိပြုရမယ့် အကြောင်း ကို လည်း လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားပါသေးတယ်။

ဒီတစ်ခါမှာတော့ နတ်တွေ ကို Social Punishment လုပ်တယ်ဆိုတာကို ပြောပြလာတာပဲ ဖြစ်ပါတယ်။

“နတ်တွေလည်း ဘယ်သွား သေနေလည်း မသိဘူး။အပေါ့အပါးလေးများ သွားချင်လို့ လယ်ကွင်းဖြစ်ဖြစ်

သစ်ပင်အောက်လေးပဲဖြစ်ဖြစ် ကန်တော့ပြီးသွားမိရင်တောင် ကိုင်လိုက်တဲ့နတ်၊ပြောမှားဆိုမှားရှိရင်တောင်

ကိုင်လိုက်တဲ့နတ်၊သူတို့အပြင် နှစ်ယောက်မရှိဘူး။ တောင်းပန်လည်းမရ ၊ကန်တော့ပွဲနဲ့လည်း မရ။

ပါဝါတွေ စွတ်ပြနေတော့တာအခုလို တစ်ပြည်လုံး ဒုက္ခပေးနေ တဲ့ ဟာတွေကျငြိမ်ကြည့်နေတယ်ပေါ့။

ကိုင်လိုက်စမ်းပါလား။ပြောတော့ နတ်တဲ့၊ကိုင်ထားတော့ ဓားကြီး နှစ်လက်နဲ့၊

နောက်တစ်ခါ သားတော်ကြီး အရက်နဲ့ ကြက်ကြော်လေး ဆက်သစမ်း ဆိုမှ….ဇေနဲ့ လျက်ဆားပဲရမယ်……” ဆိုပြီး

ဖော်ပြလာတာကို ပရိသတ်တွေ အတွက် ပြန်လည်မျှဝေပေး လိုက်တာပဲ ဖြစ်ပါတယ်နော်…….။

Source: Kaung Myat San’ FB account

Leave a Reply

Your email address will not be published. Required fields are marked *