ပြောင်းလဲ သွားတဲ့ လူတွေ ကိုလည်း အပြစ်မတင် ချင်တော့ ပါဘူး လို့ ဆိုလာ တဲ့ မေမဒီ

Posted on

ပရိသတ်ကြီးရေ…..အသံချိုချိုလေး နဲ့ သီချင်း ကောင်းတွေ များစွာ ကို သီဆိုထားတဲ့ အမျိုး သမီးတေးသံရှင် မေမဒီကတော့ ဖေဖော်ဝါရီလ (၁)ရက်နေ့ မြန်မာနိုင်ငံ အတွင်းမှာ ဖြစ်ပေါ်လာတဲ့ အခြေအနေတွေကြောင့် ပြည်သူတွေနဲ့ တစ်သားတည်း ရပ်တည်ကာ ဂီတအနုပညာရှင် မောင်နှမတွေနဲ့ အတူ လမ်းမပေါ်တွင် အားကြိုး မာန်တက် ပါဝင်လှုပ်ရှားကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြတာ ပဲဖြစ်ပါတယ်။ လက်ရှိအချိန်ထိလည်း စိတ်မလျော့သွေးမအေးပဲ ဆက်လက် ပါဝင် နေတုန်း ဖြစ်ပါတယ်။

ယခုလိုအချိန်မျိုးတွင် ပြည်သူ လူထုကြီးကလည်း မှန်ကန်တဲ့ ဒီမိုကရေစီ မရမချင်း ရပ်တန့်သွားမှာ မဟုတ်ပဲ နည်းလမ်းမျိုးစုံနဲ့ ဆက်လက် ကြိုးစားဆောင်ရွက် နေကြတာကိုလည်း တွေ့မြင်ရပါတယ်။မေမဒီကလည်း သူမရဲ့မူလခံယူချက်အတိုင်း အမှန်တရားဘက်ကနေ ဆက်လက် ရပ်တည်နေကာ ဒီနေ့မှာ ဆိုရင်လည်း ကိုယ် ဘာလုပ်ခဲ့တယ်ဆိုတာကို သမိုင်းမှာ လိမ် လို့ မရကြောင်းကို အခုလိုရေးသားဖော်ပြပေးလာတာ ဖြစ်ပါတယ်။

“အများအကျိုး အတွက် တာဝန်ထမ်းရွက်တဲ့အခါ တစ်ကယ် ကိုယ်ကျိုး စွန့်နိုင်မှ ………💪🏻💪🏻💪🏻ပြောင်းလဲသွားတဲ့လူတွေကိုလည်း အပြစ်မတင်ချင်တော့ပါဘူး အဓိကက ကိုယ်ဘာလုပ်ခဲ့လဲဆိုတာ ကိုယ်သိနေရင်ရပြီ ပစ္စုပ္ပန် နဲ့ အနာဂတ်မှာ လိမ်ချင်လိမ်လို့ရမယ် သမိုင်း မှာတော့ လိမ်လို့မရဘူးလေ…….”ဆိုပြီး သူမရဲ့ လူမူကွန်ယက် စာမျက်နှာပေါ်တွင် မျှဝေလာတာ ပဲဖြစ်ပါတယ်။မေမဒီကို ချစ်တဲ့ ပရိသတ်တွေကလည်း သူမအတွက် ဆုတောင်းစကားလေးတွေ ပြောထားကြပါသေးတယ်နော်…..။

Photo Credit- May Madi FB Page

Leave a Reply

Your email address will not be published. Required fields are marked *