ပြိုင်ပွဲတွေ အကုန်လုံးက ပေးချင်တဲ့ လူပေးနေကြတာဖြစ်လို့ အကုန်လုံးက လုပ်ပွဲတွေ ချည်းပဲလို့ ဒဲ့ပြောလာတဲ့ ခြူးစစ်ဟန်

Posted on

ခြူးစစ်ဟန်ကတော့ မြန်မာအိုင်ဒေါ Season-4 ရဲ့ဆန်ခါတင်ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ အပြင် Miss Face Of Beauty Myanmar Title ရရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ အမျိုးသားယဉ်ကျေးမှု တက္ကသိုလ်ကျောင်းဆင်း တစ်ယောက်ပီပီ မြန်မာအက၊ အဆိုပညာရပ်တွေကို ပိုင်ပိုင်နိုင်နိုင် ကျွမ်းကျင်တတ်မြောက်ထားသူ တစ်ယောက်ပါ။ ယခုရက်ပိုင်းမှာတော့ ခြူးစစ်ဟန်က ပြိုင်ပွဲတွေအားလုံးက လုပ်ပွဲတွေဖြစ်လို့ ဘယ်ပြိုင်ပွဲမှအထင်မကြီးဘူးလို့ ထိထိမိမိဝေဖန်လာခဲ့တာဖြစ်ပါတယ်

ခြူးစစ်ဟန်က ပြိုင်ပွဲတေ အကုန်လုံး ဘယ်ပြိုင်ပွဲမှ ကိုအထင်မကြီးတော့တာ အားလုံးက လုပ်ပွဲတေကြီးပဲ 🤪vote နဲ့လဲမဆိုင်ဘူး အားလုံးက သူတို့လက်ထဲမှာပဲ သူတို့ပေးချင်တဲ့သူလျှောက်ပေးနေတာ 😃😃ဒိုင်တေကလဲ ရုပ်ပြပဲ ကျောက်ရုပ်လိုပဲ သူတို့လဲ ဘာမှ မတက်နိုင်ကြဘူး 😪😪 စီးပွား ရေးက စီးပွားရေးပါပဲ တကယ်အရည်ချင်းရှိတဲ့ သူတွေရေ ဘာပြိုင်ပွဲမှ မပြိုင်ကြပါနဲ့ စိတ်ကောလူကောပင်ပန်းပီး အဖြည့်ခံဘဝတွေနဲ့ အားဖြည့်အချိုရည်တွေဖြစ်နေပါ့မယ် ပတ္တမြားမှန်ရင် ဘယ်တော့မှ နွံမနစ်ပါ ဘူးရှင် အကောင်းဆုံးကြိုးစားကြပါလို့ပဲ အားပေးချင်ပါတယ် 😇😇

( အဲ့လိုပြောရင် လာဆဲကြအုန်းမယ် ကျွန်မကလဲပြောမိပြန်ပီ 😪😪 မနေနိုင် ပဲ အမှန်တရားကနဲနဲတော့ခါးတယ် အမှန်ပြောတော့လူမုန်းများကြတယ် 🥴🥴 )” လို့ ဆိုလာခဲ့တာဖြစ်ပါတယ် ခြူးစစ်ဟန်ကတော့ ပြိုင်ပွဲတွေအကုန်လုံးကပေးချင်တဲ့လူပေးနေ ကြတာဖြစ်လို့ အကုန်လုံးကလုပ်ပွဲတွေချည်းပဲလို့ ဒဲ့ပြောလာခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီးရဲ့အမြင်လေးကိုလည်း ပြောခဲ့ကြ ပါအုန်းနော်

Writer – Magic(Shwe Yaung Myanmar)

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *