ပြန်လည် လွတ်မြောက်လာပြီး နောက်ပိုင်း စိတ်ပူနေကြတဲ့ ပရိသတ်တွေ အတွက် သူမ ရဲ့ လက်ရှိပုံရိပ်အား ဝေမျှ ပေးလာတဲ့ မေတိုးခိုင်

Posted on

သရုပ်ဆောင် မေတိုးခိုင်ကတော့ လက်ရှိ ဖြစ်ပေါ်နေတဲ့ လူထု လှုပ်ရှားမှုများတွင် ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်ခဲ့တဲ့အတွက် ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုအရေးယူခံရပြီး မကြာခင်မှာဘဲ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ သူမဟာ အကျဉ်းထောင်ထဲတွင် နှစ်လကြာ နေထိုင်ခဲ့ရပြီး လွန်ခဲ့တဲ့ တစ်ပတ်လောက်က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးတဲ့အထဲတွင် ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ အခုလို ပြန်လည်လွတ်မြောက်လာခဲ့တဲ့အတွက် အနုပညာ အသိုင်းအဝိုင်းမှ ညီအစ်ကိုမောင်နှမများနဲ့ မေတိုးခိုင်ကို ချစ်ကြတဲ့ ပရိသတ်များအားလုံးဝမ်းသာပျော်ရွှင်ခဲ့ကြတာ ဖြစ်ပါတယ်။

လူမှုကွန်ယက်ပေါ်ကနေ အချိန်အကြာပြီး ပျောက်ကွယ် သွားပြီး မနေ့ညမှာဘဲ သူမ ရဲ့Instagram အကောင့်တွင် လက်ရှိ ပုံလေးတစ်ပုံ တင်ပေးလာတာ ဖြစ်ပါတယ်။ သူမကလည်း ဒီကာလမှာ ချစ်ခြင်းမေတ္တာတွေနဲ့ ကူညီပေးခဲ့ကြသူများအားလုံးကို ကျေးဇူးတင်ကြောင်းနဲ့ ကျန်းမာရေးလည်း ဂရုစိုက်ကြဖို့ ရေးသားထားတာ ဖြစ်ပါတယ်။ ပရိသတ်များကလည်း မေတိုးခိုင်ရဲ့လက်ရှိ ပုံလေးအား အလွမ်းပြေမြင်တွေ့လိုက်ရတဲ့အတွက် ဝမ်းသာနေကြပြီး ကျန်းမာရေးဂရုစိုက်ဖို့ကိုလည်း comments များ ရေးသားထားကြတာကို မြင်တွေ့ရပါတယ်။

အကျဉ်းထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အနုပညာ ရှင်များနဲ့ ပြည်သူတွေအားလုံး အမြန်ဆုံး လွတ်မြောက်ကြဖို့အတွက် အားလုံးက နေ့စဉ်ဆုတောင်းမေတ္တာပို့သပေးနေကြတာ ဖြစ်ပါတယ်။ ဘယ်လိုအကြောင်းမျိုးနဲ့ဖြစ်ဖြစ် ကြုံတွေ့ခဲ့ရပေမယ့် နောက်မဆုတ်ဘဲ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေရပ်တည်ပေးကြသူများအားလုံး လေးစား ဂုဏ်ယူစရာကောင်းလှပါတယ်။ အရေးတော်ပုံကြီးအောင်မြင်သွားတဲ့အခါ ဓမ္မဘက်ကရပ်တည်ပေးကြတဲ့ အနုပညာရှင်များနဲ့ အဆိုတော်များအား အရင်ကထက်ပိုပြီး အားပေးကြဖို့ပြောကြားရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-May Toe Khine’s Instagram Account

zawgyi

သ႐ုပ္ေဆာင္ ေမတိုးခိုင္ကေတာ့ လက္ရွိ ျဖစ္ေပၚေနတဲ့ လူထု လႈပ္ရွားမႈမ်ားတြင္ ျပည္သူေတြနဲ႔အတူ လမ္းေပၚထြက္ကာ ဆႏၵထုတ္ေဖာ္ခဲ့တဲ့အတြက္ ပုဒ္မ ၅၀၅(က) ျဖင့္ တရားစြဲဆိုအေရးယူခံရၿပီး မၾကာခင္မွာဘဲ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရတာ ျဖစ္ပါတယ္။ သူမဟာ အက်ဥ္းေထာင္ထဲတြင္ ႏွစ္လၾကာ ေနထိုင္ခဲ့ရၿပီး လြန္ခဲ့တဲ့ တစ္ပတ္ေလာက္က လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ လႊတ္ေပးတဲ့အထဲတြင္ ပါဝင္ခဲ့တာ ျဖစ္ပါတယ္။ အခုလို ျပန္လည္လြတ္ေျမာက္လာခဲ့တဲ့အတြက္ အႏုပညာ အသိုင္းအဝိုင္းမွ ညီအစ္ကိုေမာင္ႏွမမ်ားနဲ႔ ေမတိုးခိုင္ကို ခ်စ္ၾကတဲ့ ပရိသတ္မ်ားအားလုံးဝမ္းသာေပ်ာ္႐ႊင္ခဲ့ၾကတာ ျဖစ္ပါတယ္။

လူမႈကြန္ယက္ေပၚကေန အခ်ိန္အၾကာၿပီး ေပ်ာက္ကြယ္ သြားၿပီး မေန႔ညမွာဘဲ သူမ ရဲ႕Instagram အေကာင့္တြင္ လက္ရွိ ပုံေလးတစ္ပုံ တင္ေပးလာတာ ျဖစ္ပါတယ္။ သူမကလည္း ဒီကာလမွာ ခ်စ္ျခင္းေမတၱာေတြနဲ႔ ကူညီေပးခဲ့ၾကသူမ်ားအားလုံးကို ေက်းဇူးတင္ေၾကာင္းနဲ႔ က်န္းမာေရးလည္း ဂ႐ုစိုက္ၾကဖို႔ ေရးသားထားတာ ျဖစ္ပါတယ္။ ပရိသတ္မ်ားကလည္း ေမတိုးခိုင္ရဲ႕လက္ရွိ ပုံေလးအား အလြမ္းေျပျမင္ေတြ႕လိုက္ရတဲ့အတြက္ ဝမ္းသာေနၾကၿပီး က်န္းမာေရးဂ႐ုစိုက္ဖို႔ကိုလည္း comments မ်ား ေရးသားထားၾကတာကို ျမင္ေတြ႕ရပါတယ္။

အက်ဥ္းေထာင္ထဲမွာ ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ အႏုပညာ ရွင္မ်ားနဲ႔ ျပည္သူေတြအားလုံး အျမန္ဆုံး လြတ္ေျမာက္ၾကဖို႔အတြက္ အားလုံးက ေန႔စဥ္ဆုေတာင္းေမတၱာပို႔သေပးေနၾကတာ ျဖစ္ပါတယ္။ ဘယ္လိုအေၾကာင္းမ်ိဳးနဲ႔ျဖစ္ျဖစ္ ႀကဳံေတြ႕ခဲ့ရေပမယ့္ ေနာက္မဆုတ္ဘဲ ျပည္သူေတြနဲ႔အတူ အမွန္တရားဘက္ကေနရပ္တည္ေပးၾကသူမ်ားအားလုံး ေလးစား ဂုဏ္ယူစရာေကာင္းလွပါတယ္။ အေရးေတာ္ပုံႀကီးေအာင္ျမင္သြားတဲ့အခါ ဓမၼဘက္ကရပ္တည္ေပးၾကတဲ့ အႏုပညာရွင္မ်ားနဲ႔ အဆိုေတာ္မ်ားအား အရင္ကထက္ပိုၿပီး အားေပးၾကဖို႔ေျပာၾကားရင္း ဒီသတင္းကို တင္ဆက္ေပးလိုက္ ရပါတယ္။

Source and Photo Crd-May Toe Khine’s Instagram Account

Leave a Reply

Your email address will not be published. Required fields are marked *