ပြန်မြင်ရဖို့ အခွင့်အရေး နည်းတဲ့ ကျန်မျက်လုံး တစ်ဖက်ကို အမေ့ အတွက် အမြန်ဆုံး ပြန်မြင်ချင်တယ် လို့ ရင်ဖွင့်လာတဲ့ ကိုမင်းသူရ

Posted on

လူထု လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွပါဝင် ဆောင်ရွက်ရင်း အသက်ပေးသွားရတဲ့သူရဲကောင်းတွေလည်းအများအပြားရှိသလို ကိုယ်၊လက်အင်္ဂါချို့ယွင်းသွားတဲ့သူတွေလည်းရှိပါတယ်။မတ်လ(၃)ရက်နေ့ကဆိုရင်လည်းသူရဲကောင်း ကိုမင်းသူရက သူငယ်ချင်းတွေ နဲ့အတူ လူထုလှုပ်ရှားမှု မှာ ပါဝင်ရင်း ဘယ်ဘက်မျက်လုံး တစ်ဖက်ကိုကျည်ထိမှန်သွားခဲ့တာ ဖြစ်ပါတယ်။ကိုမင်းသူရက အသက်(၂၃)နှစ်အရွယ်ရှိပြီး ဖခင်နဲ့နှလုံးရောဂါသည် မိခင်ကြီးကို လုပ်ကျွေးပြုစုနေတဲ့ သားလိမ္မာ တစ်ယောက်ဖြစ်ပါတယ်။

ကိုမင်းသူရက သူငယ်ချင်း ကိုဖိုးချစ်ကျည်ထိသွားလို့ ပြေးတက်သွားတဲ့ အချိန်မှာ မျက်လုံးတစ်ဖက် ကျည်ထိသွားခဲ့ပြီး သူငယ်ချင်းနောက်တစ်ယောက် နဲ့အတူ နောက်ကိုပြန်လှည့်ပြေးခဲ့တာ ဖြစ်ပါတယ်။ သူငယ်ချင်းဇွဲထက်စိုးကလည်း ထပ်မံကျည်ထိသွားခဲ့တာကြောင့် ကိုမင်းသူရ ကတော့ ဘာမှမမြင်ရလို့ သူငယ်ချင်း ကို ပြန်လှည့်မဆွဲနိုင်ခဲ့ဘဲ အဲ့ဒီနေ့မှာတင် သူငယ်ချင်းနှစ်ယောက်လုံးကို ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။ ကျည်ထိမှန်သွားတဲ့ ကိုမင်းသူရရဲ့ ဘယ်ဘက်မျက်လုံးက ကျွတ်ထွက် သွားခဲ့ပြီး ကျန်ညာဘက်မျက်လုံးကိုလည်း လက်ရှိမှာ ဆေးကုသမှုခံယူနေရတာ ဖြစ်ပါတယ်။

ကိုမင်းသူရက”ကျွန်တော့် ကျန်မျက်လုံး တစ်ဖက် အများကြီး မမြင်ရရင် နေပါစေ။ ဘယ်သူ၊ ဘယ်ဝါ သဲသဲကွဲကွဲလေးလောက်ပဲ ပြန်မြင်ရရင် ကျေနပ်ပါတယ်။ ကျွန်တော်အမေ့ အတွက် အမြန်ဆုံး ပြန်မြင်နေချင်ပြီ” ဆိုပြီး ရင်ဖွင့်တယ်လို့ သိရပါတယ်။ လတ်တလောမှာ ဆိုရင်တော့ စေတနာရှင်ပြည်သူတချို့ကလည်း ကိုမင်းသူရရဲ့မျက်လုံး ကုသဖို့အတွက် အလှူငွေတွေကို ပေးအပ်လှူဒါန်းနေကြတာပဲဖြစ်ပါတယ်။ ကိုမင်းသူရတို့မိသားစုဆီ ကိုယ်တိုင်သွားလှူချင်တယ်ဆိုရင်တော့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊၄၈ ရပ်ကွက် ရှင်တစ်ရာလမ်းတွင် နေထိုင်တာ ဖြစ်လို့ တစ်နိုင်တစ်ပိုင်လေး သွားရောက်လှူဒါန်း လို့ရကြောင်းကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder

Leave a Reply

Your email address will not be published. Required fields are marked *