မမြတ်လေးလို့ အားလုံးက ချစ်စနိုး ခေါ်ကြတဲ့ သရုပ်ဆောင် မင်းသမီးချော အေးမြတ်သူကတော့ ချစ်စရာကောင်းပြီး ပွင့်လင်းတဲ့ ဟန်ပန် အပြောအဆိုလေးတွေနဲ့ ဟန်ဆောင်မှုကင်းတဲ့ နေထိုင်ပုံလေးတွေကြောင့် ပရိသတ်တွေ အချစ်ပိုရ တဲ့သူလေးပါ။
အေးမြတ်သူက လက်ရှိအခြေအနေတွေမှာဆိုရင် အများ နည်းတူ တစ်သွေးတည်း၊ တစ်သားတည်း ရပ်တည်နေတာဖြစ်ပါတယ်။လမ်းပေါ်နေ့တိုင်းထွက်ပြီး လူထုလှုပ်ရှားမှုမှာ မမောမပန်းနိုင်အောင် တစ်ထောင့်တစ်နေရာ ကနေ အားတက်သရော ပါဝင်နေတာကိုလည်း လေးစား စွာတွေ့မြင်ရပါတယ်နော်။
ဒီနေ့မှာတော့မြန်မာနိုင်ငံ အနှံအပြား ရှိ ပြည်သူ လူထုတွေက ကျားမ မရွေး သနပ်းခါး လိမ်းကာ ဆန္ဒထုတ်ဖော်ရန် သနပ်ခါးကမ်ပိန်းလေးကို ပြုလုပ်ခဲ့ကြတာလည်းဖြစ်ပါတယ်။ ပြည်သူတွေကော အနုပညာရှင်တွေကော ပါဝင်ခဲ့ကြတဲ့ ဒီကမ်ပိန်းလေးမှာ အေးမြတ်သူလည်း ပါဝင်ခဲ့ ပါတယ်။ သနပ်ခါးလေးကို ဂုဏ်ယူဝင့်ကြွားစွာ လိမ်းရင်း အားတက်သရော ဆန္ဒထုတ်ဖော်နေတဲ့ အေးမြတ်သူရဲ့ ပုံလေးတွေကို ဝေမျှပေးလိုက်ပါရစေ။
Credit – Cele Zone
Photo – Cele Gabar