ပြည်သူ ရှိသရွေ့ပါတီ ရှိ နေမည်ဟု ဒေါ်အောင်ဆန်းစုကြည် လူထု ကို သတင်း စကားပါး

Posted on

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် လူထုအတွက် တည်ထောင်ထားသည့် ပါတီဖြစ်သည့်အတွက် ပြည်သူတွေရှိသရွေ့ ပါတီတည်ရှိနေမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လူထုကို သတင်းစကားပါးလိုက်သည်။

“အမေပြောတာက အားလုံးကျန်းမာစေဖို့အတွက် ဆုတောင် းပေးနေပါတယ် လို့ပြောတယ်။ ပါတီထောင်တာကလည်း ပြည်သူတွေအတွက်ထောင်ထားဖြစ်တာကြောင့် ပြည်သူတွေရှိသရွေ့ပါတီရှိနေပါမယ်လို့ပြောတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်၏ရှေ့နေဖြစ်သူ ဒေါ်မင်းမင်းစိုးက ယနေ့ပြုလုပ်သည့် ရုံးချိန်း အပြီးတွင်ပြောသည်။

မေ ၂၄ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် အား နေပြည်တော်ကောင်စီရုံးအတွင်းရှိအဆောက်အဦတစ်ခုတွင် ပထမဆုံးအကြိမ် လူတွေ့ရုံးထုတ်စစ်ဆေးခဲ့သည်။ ကြားနာမှုမတိုင်မီ နံနက် ၉နာရီတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ရှေ့နေများနှင့် ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံ ဆွေးနွေးခွင့်ရခဲ့သည်။

crd

zawgyi

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီသည္ လူထုအတြက္ တည္ေထာင္ထားသည့္ ပါတီျဖစ္သည့္အတြက္ ျပည္သူေတြရွိသေ႐ြ႕ ပါတီတည္ရွိေနမည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က လူထုကို သတင္းစကားပါးလိုက္သည္။

“အေမေျပာတာက အားလုံးက်န္းမာေစဖို႔အတြက္ ဆုေတာင္ းေပးေနပါတယ္ လို႔ေျပာတယ္။ ပါတီေထာင္တာကလည္း ျပည္သူေတြအတြက္ေထာင္ထားျဖစ္တာေၾကာင့္ ျပည္သူေတြရွိသေ႐ြ႕ပါတီရွိေနပါမယ္လို႔ေျပာတယ္”ဟု ေဒၚေအာင္ဆန္းစုၾကည္၏ေရွ႕ေနျဖစ္သူ ေဒၚမင္းမင္းစိုးက ယေန႔ျပဳလုပ္သည့္ ႐ုံးခ်ိန္း အၿပီးတြင္ေျပာသည္။

ေမ ၂၄ရက္ေန႔တြင္ ေဒၚေအာင္ဆန္းစုၾကည္ အား ေနျပည္ေတာ္ေကာင္စီ႐ုံးအတြင္းရွိအေဆာက္အဦတစ္ခုတြင္ ပထမဆုံးအႀကိမ္ လူေတြ႕႐ုံးထုတ္စစ္ေဆးခဲ့သည္။ ၾကားနာမႈမတိုင္မီ နံနက္ ၉နာရီတြင္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ၎၏ေရွ႕ေနမ်ားႏွင့္ ပထမဆုံးအႀကိမ္ လူခ်င္းေတြ႕ဆုံ ေဆြးေႏြးခြင့္ရခဲ့သည္။

crd

Leave a Reply

Your email address will not be published. Required fields are marked *