ပြည်သူ တွေ ဘက် ကနေ စစ်သားတွေ ရပ် တည် ပေးဖို့ တောင်းဆို လာတဲ့ ပိုပို

Posted on

ပိုပိုကတော့ သူမရဲ့ fb စာမျက်နှာ ထက်မှာ စစ်တပ်ရဲ့ အာဏာသိမ်းမှု့ ကို ကန့်ကွက်ကြောင်းနဲ့ ပြည်သူတွေကို သနားဖို့ ငဲ့ညှာဖို့ ပြည်သူတွေ ဘက်ကနေ စစ်သားတွေ ရပ်တည်ပေးဖို့ တောင်းဆိုမှု့ကို ခုလို ရေးသား ထားပါတယ်၊

“ဒီစကား တခါမှထုတ် ဖော်မပြောဖူး ပါဘူး ပို တို့အဘိုးက စစ်သားပါ(မော်ကွန်းဝင် ပထမ အဆင့်) ရထားတာပါ အဖေကလဲ စစ်သား ပါ မဲသဝေါတိုက်ပွဲ အပြီးကျန်းမာရေးမကောင်းလို့ထွက်ခဲ့တယ်ဦးလေး အငယ်လူပျိူ ဆိုလဲ တိုက်ပွဲ ကျပြီး ဆုံးခဲ့တယ် ဦးကြီး တွေ နဲ့ အကိုတွေက စစ်မျိုးနွယ်ပါပဲ အဘိုးကလေ ပြည်သူ့ အပူတွေမယူဘူးဆိုပီးမြေတစ်ကွက်တောင်မလျှောက်ခဲ့ဘူး ရလဲမယူလို့အဘွားက ဆို အမြဲ နင်တို့အဘိုး သူတော်ကောင်းကြီးက ဘယ်လို ဘယ်ပုံ ဆိုပီး ဂုဏ်ယူ ပြီး ပြောလေ့ရှိတယ်ဒါကြောင့် စစ်သားတွေကို အရမ်းချစ်ပါတယ်

တခါမှလဲ မမုန်းခဲ့ပါဘူး ဒါပေမဲ့စစ်အာဏာရှင်တွေ ကိုတော့ ရွံမုန်းပါတယ် ဒီတစ်ကြိမ်မှာတော့ စစ်သားသမီးတွေ ရဲ့အနာဂတ်တွေကို ကြည့်ပြီး ပြည်သူ့ဘက် ပါဝင်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်ရှင့် ” ဆိုပြီး ရေးသားဖော်ပြပေးလဲ့ ပါတယ်နော်…။

Credit

Leave a Reply

Your email address will not be published.