ပြည်သူ ကို ပြည်သူ့ ဆရာဝန် တွေ အခမဲ့ ကု ပေးပြီ (အကူအညီ တောင်းတာ နဲ့ ချက်ချင်း လာ ကု ပေးတာပါ)

Posted on

ဒီချိန်ကြီး (ည၁၁နာရီ) အိမ်ဘေးက အကိုတယောက် နေမကောင်း ဖြစ် လို့ ဘယ်ဆေးခန်းမှ လည်းပြေးမရ၊ ဆေးရုံကလည်း အခြေအနေ ဘာမှန်းမသိတာ နဲ့

အမေကတဆင့် ဌ/ရပ်ကွက်၊ ဂန္ဓမာ group က ဆရာဝန်တွေဆီ အကူအညီ လိုရင်တောင်းလို့ရတယ် ဆိုတဲ့ post တွေ့လို့ အဆက်အသွယ်ရပြီး ဖုန်းဆက်ပြီး အကူအညီတောင်းလိုက်တာ၊ ချက်ချင်းကို လူနာအိမ်ရှေ့ ထိရောက်လာပြီး ကုပေး သွားတယ်။ ကျေးဇူး အများကြီးတင်ပါတယ်။

ဆေးဖို းလည်း တပြားမှ မယူသလို အလှူ ငွေထည့်ဖို့ လုပ်တော့လည်း သူတို့လက်မခံလို့ ရုံးမှာပဲ အလှူငွေလာလှူခိုင်းပါတယ်။ အချိန်မရွေး လှမ်းခေါ်ပြီး အကူအညီတောင်းနိုင် ပါတယ်တဲ့ ကျေးဇူးအခါခါတင်မိပါတယ်

Thet Thet Yadanar Thein

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *