ပြည်သူ့ ရင်ပြင်ထဲ မှာ အမိုက်စား ပိုစ့်တွေ ပေးရင်း ဓာတ်ဖမ်း နေတဲ့ သင်ဇာဝင့်ကျော်

Posted on

ပရိသတ်ကြီးရေ သရုပ်ဆောင် သင်ဇာဝင့်ကျော်ကတော့ မြန်မာနိုင်ငံ ရဲ့ ထိပ်တန်း အနုပညာ ရှင်တွေထဲမှာ ထိပ်ဆုံးနေရာက ရပ်တည်ထားနိုင်သူတစ်ယောက်ပါ။ သူမက ဆယ်စုနှစ်တစ်ခုကြာ အနုပညာလောကမှာ ရပ်တည်ခဲ့ပြီး အောင်မြင်မှုများစွာကို သိမ်းပိုက်ရရှိထားတာလည်း ဖြစ်ပါတယ်။ သင်ဇာက အရွယ်နဲ့ မလိုက်အောင် နုပျို လှပလွန်းသူဖြစ်လို့ ပုရိသ ပရိသတ်တွေ အားပေး ဝန်းရံနေကြတာ ကိုလည်း တွေ့ရပါတယ်။

သင်ဇာက အနုပညာလှုပ်ရှားမှု အားလပ်ချိန်တွေမှာ Gym ဆော့ကစား လေ့ရှိသူဖြစ်လို့ ကိုယ်ခန္ဓာ ကောက်ကြောင်း လှလှပပလေးကို ပိုင်ဆိုင်ထားတာပါ။ မိန်းကလေးအချင်းချင်းကပါ အားကျနေရတဲ့ သူမရဲ့ ကောက်​ကြောင်းအလှကို ပေါ်လွင်စေတဲ့ အမိုက်စားဖက်ရှင်တွေကို ဝတ်ဆင်ပြီး အလန်းစားပုံလေးတွေကိုလည်း လူမှုကွန်ယက်ထက်မှာ တင်ပေးလေ့ ရှိတာကို တွေ့ရပါတယ်။

ယနေ့မှာလည်း Covid ကြောင့် လူရှင်းနေတဲ့ ပြည်သူ့ ရင်ပြင်ထဲ ကို သွားကာ ပိုစ့် ပေးနေတဲ့ အလန်းစားပုံရိပ်လေးတွေကို တင်ပေးလာပြန်ပါတယ်။ ကြည့်မိသူတိုင်း ရင်ကို လှုပ်ခတ်သွားစေလောက်အောင် မိမိုက်လွန်းနေတဲ့ သင်ဇာရဲ့ ပုံလေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော် ။ ပုံလေးတွေကို ကြည့် ပြီး အသည်းလေးတွေ ပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်…..။

Source – Thin Zar Wint Kyaw’s Facebook Account

Leave a Reply

Your email address will not be published. Required fields are marked *