ပြည်သူ့ ပရိသတ်တွေ အတွက် တက်နိုင်တဲ့ ဘက်နေ ဆေးဝါး များဖြင့် ကိုယ် တိုင် ကိုယ်ကျ အပင်ပန်းခံကာ ကူညီစောင့် ရှောက်ပေး ခဲ့တဲ့ ဝေဠုကျော်

Posted on

မင်းသားဝေဠုကျော်ကတော့ တစ်ခေတ် တခါက အနုပညာလောကမှာ လူကြီး လူငယ်မရွေး သဘောကျ အားပေးချစ်ခင်ခဲ့ရတဲ့ ဝါရင့်သရုပ်ဆောင်မင်းသားကြီးပဲဖြစ်ပါတယ်။ ယနေ့အချိန်ထိလည်း ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိနေဆဲဖြစ်ပြီး အောင်မြင်မှုတွေနဲ့ ရပ်တည်နေတဲ့သူပဲဖြစ်ပါတယ်။ လက်ရှိ မှာတော့ ဝေဠုကျော်က အနုပညာ အလုပ်တွေ ထက် ပြည်သူတွေ အကျိုးရှိစေမယ့် ပရဟိတလုပ်ငန်းတွေကို ဦးဆောင် လုပ်ကိုင်နေပြီး တစ်နေ့တာရဲ့ အချိန်တွေကို အဓိပ္ပာယ် ရှိရှိဖြတ်သန်းနေတဲ့ ပရဟိတမင်းသား တစ်ဦးပဲဖြစ်ပါတယ်။

မကြာခဏဆိုသလို သူ့ရဲ့နေ့စဥ် ပရဟိတလုပ်ငန်း တွေမှာ လုပ်ကိုင်ပေးနေတဲ့ လှုပ်ရှားမှု ပုံရိပ်လေးတွေကို အလှူရှင်တွေနဲ့ ပြည်သူတွေ ကြည်နူးပီတိဖြစ်အောင် အမြဲဖော်ပြပေးပါတယ်။လတ်တလော ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာလည်း ဝေဠုကျော်က တက်နိုင်တဲ့ဘက်ကနေ လူစုလူဝေးရှိတဲ့နေရာတွေ မှာ Medical Cover အဖြစ် mask များဝေခြင်း၊ ဆေးဝါး များဖြင့် စောင့်ရှောက်ပေးခြင်းများကို ကူညီဆောင်ရွက်ပေး ခဲ့တာကိုလည်း တွေ့မြင်ရပါတယ်။ ယခုဆိုရင်တော့ ဝေဠုကျော်က ပြည်သူတွေ အတွက် တက်နိုင်တဲ့ဘက်ကနေ ကူညီပေးခဲ့တဲ့ မှတ်တမ်းတင် ပုံရိပ်လေးတွေကိုတင်ပေးခဲ့ပါတယ်။

ဒီပုံတွေထဲမှာတော့ ဝေဠုကျော်တို့ အသင်းက ဗဟန်း ရပ်ကွက်ထဲက ဖြစ်စဥ်တစ်ခု မှာ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ သူများအတွက် ဆေးဝါး များဖြင့် စောင့်ရှောက်ပေးခြင်းများကို ကူညီဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။ ဝေဠုကျော်ကတော့ ပြည်သူတွေနဲ့အတူ အမြဲရှိနေပြီး လိုအပ်တဲ့အချိန် ဘယ်လိုနေရာတွေပဲဖြစ်ဖြစ် ကူညီပေးတဲ့ လေးစားစရာ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ ကဲ..ပရိသတ်ကြီးရေ ပြည်သူ့ပရိသတ်တွေအတွက် အမြဲကူညီပေးနေတဲ့ ပရဟိတမင်းသားကြီး ဝေဠုကျော်ကို ဂုဏ်ပြုစကားလေးပြောပေးခဲ့ပါဦး။

Photo Credit – Wai Lu Kyaw foundation

Leave a Reply

Your email address will not be published.