ပြည်သူလူထု ရဲ့ ကျန်းမာရေး အခြေအနေ အတွက် အဖွဲ့သားတွေ ကို အရေးပေါ်အသက်ကယ်နည်းတွေ သင်ပြပေးပြီး ကြိုတင်ပြင်ဆင်ထားတဲ့ ဝေဠုကျော်

Posted on

လတ်တလောအခြေအနေတွေကြောင့် ပြည်သူလူထုကို တတ်နိုင် သလောက် ကူညီဖေးမပေးဖို့ အတွက် ဝေဠုကျော်တို့ လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့ကလည်း အဆင်သင့်ရှိနေကြတာဖြစ်ပါတယ်။ဝေဠုကျော်တို့က လူသားချင်းစာနာထောက်ထားမှုအပြည့်နဲ့ အတတ် နိုင်ဆုံး ကူညီပေးနေကြတာဖြစ်ပါတယ်နော်။ ဝေဠုကျော်တို့အဖွဲ့သားတွေ ကတော့ လက်ရှိမှာဆိုရင် အဖွဲ့တွေခွဲကာ လူစုလူဝေး ချီတက်ရာနေရာ အနှံ့ကို ဆေးပစ္စည်းအစုံအလင်နဲ့ သွားရောက်ကြပြီး လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေလုပ်ပေးကြတာဖြစ်ပါတယ်။

ဝေဠုကျော်ကလည်း သူ့ရဲ့အဖွဲ့နဲ့အတူ ကိုယ်တိုင် လမ်းမပေါ်ထွက်ပြီး တစ်တပ်တစ်အားဝန်းရံပေးတာဖြစ်ပါတယ်။ဝေဠုကျော်တို့အဖွဲ့ကတော့ နေ့စဉ်ရက်ဆက် ပြည်သူတွေကိုကူညီပေးပြီး တစ်သားတည်းရပ်တည်နေကြတာဖြစ်ပါတယ်နော်။ဝေဠုကျော်တို့က ပြည်သူလူထုရဲ့ ကျန်းမာရေး အတွက် အရေးပေါ် ကယ်ဆယ်ရေးနည်းတွေနဲ့စနစ်တကျ စောင့်ရှောက်ပေးနေကြတာဖြစ်ပါတယ်။အခုလိုအချိန်မျိုးမှာ ပြည်သူလူထု အတွက် ပရဟိတအဖွဲ့တွေကလည်း ကိုယ်ကျိုးစွန့်ပြီး စွမ်းစွမ်းတမံဆောင်ရွက်နေကြတာဖြစ်ပါတယ်နော်။

ပြည်သူလူထု ကလည်း သူတို့နဲ့ အတူအားကြိုးမာန်တက် ဝန်းရံပေးကြတဲ့ ပရဟိတအသင်းတွေကြောင့် ဘာမှပူပင်စရာမလိုဘဲ အဆင်ပြေနေကြတာပဲဖြစ်ပါတယ်။ဝေဠုကျော်ကတော့ ဖေဖော်ဝါရီလ(၂၈)ရက်နေ့အတွက် အဆင်သင့်ဖြစ်အောင်လို့ သူ့ရဲ့အဖွဲ့သားတွေကို အရေးပေါ် အသက်ကယ်နည်းတွေ သင်ပြပေးနေတာဖြစ်ပါတယ်။ဝေဠုကျော်တို့အဖွဲ့သားတွေဟာဆိုရင် မနေ့ညကတည်းက စနစ်တကျနဲ့ကြိုတင်ပြင်ဆင်ကြပြီး ပြည်သူတွေကိုကယ်ဖို့အတွက်တစ်တပ်တစ်အားဆောင်ရွက်နေကြတာ ဖြစ်ပါတယ်နော်။

Photo CreditWai Lu Kyaw Foundation’s Facebook page

Leave a Reply

Your email address will not be published. Required fields are marked *