သန္တာဗိုလ်ကတော့ သရုပ်ဆောင်အဖြစ်ရော မော်ဒယ် အဖြစ်ပါ အနုပညာ လမ်းကြောင်း ပေါ်မှာ အချိန်အတော်ကြာလျှောက် လှမ်းလာခဲ့တာ ဖြစ်ပါတယ်။ သူမကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူပရိသတ်တွေနဲ့အတူ တစ်သားတည်း ရပ်တည်နေတာဖြစ်ပြီး လှုပ်ရှားမှု ပုံလေးတွေ ကိုလည်း လူမှုကွန်ယက် ဖေ့ဘွတ် စာမျက်နှာထက်မှာ တင်ပေးလေ့ ရှိတာတွေ့ရပါတယ်။
လူထုလှုပ်ရှားမှုတွေဟာလည်း တစ်ရက်ပြီး တစ်ရက် အားကောင်းလာနေတာဖြစ်ပြီး အနုပညာရှင်တွေ အပါအဝင်ပြည်သူတွေကပါ တက်ကြွစွာ ပါဝင်လှုပ်ရှားနေကြတာဖြစ်ပါတယ်။နိုင်ငံတကာရဲ့ သတင်းတွေမှာလည်း အဆက်မပြတ်ဖော်ပြခြင်းခံနေရပြီး အားလုံးကအချိန်နဲ့တစ်ပြေးညီ စောင့်ကြည့် နေကြတာလည်းဖြစ် ပါတယ်။
ဒါ့အပြင် သန္တာဗိုလ်က လူထုလှုပ်ရှားမှု မှာ ပါဝင်နေတဲ့ ပြည်သူတွေ အတွက် လိုအပ်တဲ့ ပစ္စည်းတွေနဲ့ အစား အသောက်တွေ ကိုလည်း တက်နိုင်တဲ့ဘက်ကနေ လိုက်လံကာလှူဒါန်းမှုတွေ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။အခုလည်း ပြည်သူလူထုနဲ့အတူ အန္တရယ်တွေကြားကနေ ရဲရဲဝင့်ဝင့် ဆန္ဒထုတ် ဖော်လျက် ရှိတာကို လေးစားစွာတွေ့မြင်ရပြန်ပါတယ်။ ပရိသတ်ကြီးအတွက် သန္တာဗိုလ် ရဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်။
Credit – Cele Zone
Photo – Thandar Bo
zawgyi
သႏၲာဗိုလ္ကေတာ့ သ႐ုပ္ေဆာင္အျဖစ္ေရာ ေမာ္ဒယ္ အျဖစ္ပါ အႏုပညာ လမ္းေၾကာင္း ေပၚမွာ အခ်ိန္အေတာ္ၾကာေလွ်ာက္ လွမ္းလာခဲ့တာ ျဖစ္ပါတယ္။ သူမကေတာ့ လက္ရွိျဖစ္ေပၚေနတဲ့ အေျခအေနေတြနဲ႔ပတ္သက္ၿပီး ျပည္သူပရိသတ္ေတြနဲ႔အတူ တစ္သားတည္း ရပ္တည္ေနတာျဖစ္ၿပီး လႈပ္ရွားမႈ ပုံေလးေတြ ကိုလည္း လူမႈကြန္ယက္ ေဖ့ဘြတ္ စာမ်က္ႏွာထက္မွာ တင္ေပးေလ့ ရွိတာေတြ႕ရပါတယ္။
လူထုလႈပ္ရွားမႈေတြဟာလည္း တစ္ရက္ၿပီး တစ္ရက္ အားေကာင္းလာေနတာျဖစ္ၿပီး အႏုပညာရွင္ေတြ အပါအဝင္ျပည္သူေတြကပါ တက္ႂကြစြာ ပါဝင္လႈပ္ရွားေနၾကတာျဖစ္ပါတယ္။ႏိုင္ငံတကာရဲ႕ သတင္းေတြမွာလည္း အဆက္မျပတ္ေဖာ္ျပျခင္းခံေနရၿပီး အားလုံးကအခ်ိန္နဲ႔တစ္ေျပးညီ ေစာင့္ၾကည့္ ေနၾကတာလည္းျဖစ္ ပါတယ္။
ဒါ့အျပင္ သႏၲာဗိုလ္က လူထုလႈပ္ရွားမႈ မွာ ပါဝင္ေနတဲ့ ျပည္သူေတြ အတြက္ လိုအပ္တဲ့ ပစၥည္းေတြနဲ႔ အစား အေသာက္ေတြ ကိုလည္း တက္ႏိုင္တဲ့ဘက္ကေန လိုက္လံကာလႉဒါန္းမႈေတြ ျပဳလုပ္ခဲ့တာလည္း ျဖစ္ပါတယ္။အခုလည္း ျပည္သူလူထုနဲ႔အတူ အႏၲရယ္ေတြၾကားကေန ရဲရဲဝင့္ဝင့္ ဆႏၵထုတ္ ေဖာ္လ်က္ ရွိတာကို ေလးစားစြာေတြ႕ျမင္ရျပန္ပါတယ္။ ပရိသတ္ႀကီးအတြက္ သႏၲာဗိုလ္ ရဲ႕ ဗီဒီယိုေလးကို မွ်ေဝေပးလိုက္ပါတယ္။
Credit – Cele Zone
Photo – Thandar Bo