ပြည်သူထဲက ပြည်သူ တစ်ဦး ဖြစ်တာ ကြောင့် အသံတိတ် သပိတ်နေ့မှာ လည်း တစ်တပ် တစ်အား ပူးပေါင်း ပါဝင်နေတဲ့ ခင်ဝင့်ဝါ

Posted on

ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားတိုင်းမှာ ကျရာနေရာ ကနေ ပီပြင်စွာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးမှုတွေကို သိမ်းပိုက်ရရှိထားသူကတော့ သရုပ်ဆောင် ခင်ဝင့်ဝါပဲ ဖြစ်ပါတယ်။ သူမကတော့ ဖေဖော်ဝါရီလအစကတည်းကနေ ယနေ့ချိန်အထိ လူထု လှုပ်ရှားမှုတွေမှာ ပြည်သူတွေ နဲ့အတူ ပူးပေါင်းပါဝင်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။ အရေးကြုံလာတိုင်း ပြည်သူတွေဘက်ကနေ မားမားမတ်မတ်ရပ်တည်ပေးနေသူဖြစ်တာကြောင့် အားလုံးက လေးစားနေကြတာပါ။

ဒါ့အပြင် လူထုလှုပ် ရှားမှုမှာ ပါဝင်ရင်း ကျဆုံးသွားခဲ့ကြတဲ့ သူရဲကောင်းတွေ အတွက်လည်း သူငယ်ချင်းတွေနဲ့ စုပေါင်းပြီး အလှူငွေများလည်း လိုက်လံလှူဒါန်းခဲ့တာလည်း ဖြစ်ပါတယ်။ ပြည်သူချစ်မင်းသမီးတစ်ယောက်ဖြစ်ပေမယ့်လည်း အားလုံးနဲ့တန်းတူ အပင်ပန်းခံကာ လှုပ်ရှားမှုတိုင်းမှာ ပါဝင်ဆောင်ရွက်ပေးနေတဲ့ ခင်ဝင့်ဝါရဲ့ဖြူစင်တဲ့ စိတ်ထားကတော့ ဂုဏ်ယူစရာပါပဲနော်။ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့်လည်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသားတွေအတွက် အမြဲ speak out လုပ်ပေးနေတာကိုလည်း မြင်တွေ့ရမှာပါ။

မကြာသေးခင် နာရီပိုင်းလောက်ကလည်း ခင်ဝင့်ဝါ ရဲ့ Facebook Page တွင် ဓာတ်ပုံ တစ်ချို့တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ပြည်သူထဲကပြည်သူတစ်ဦးဖြစ်တာကြောင့် အသံတိတ်သပိတ်နေ့မှာလည်း တစ်တပ်တစ်အားပူးပေါင်းပါဝင်နေတဲ့ ခင်ဝင့်ဝါရဲ့ ပုံရိပ်တွေပဲ ဖြစ်ပါတယ်။ သူမကလည်း ” အသံတိတ်သပိတ် SILENT STRIKE ❗️ ၂၄/၃/၂၀၂၁ #March24Coup #SilentStrike #WhatsHappeningInMyanmar ” ဆိုတဲ့ စာသားနဲ့အတူ ပရိသတ်တွေ အတွက် ဝေမျှပေးထားတာကြောင့် တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Khin Wint Wah’s Facebook Page

zawgyi

႐ုပ္ရွင္နဲ႔ဗီဒီယိုဇာတ္ကားတိုင္းမွာ က်ရာေနရာ ကေန ပီျပင္စြာ ပါဝင္သ႐ုပ္ေဆာင္ရင္း ပရိသတ္ေတြရဲ႕ အားေပးမႈေတြကို သိမ္းပိုက္ရရွိထားသူကေတာ့ သ႐ုပ္ေဆာင္ ခင္ဝင့္ဝါပဲ ျဖစ္ပါတယ္။ သူမကေတာ့ ေဖေဖာ္ဝါရီလအစကတည္းကေန ယေန႔ခ်ိန္အထိ လူထု လႈပ္ရွားမႈေတြမွာ ျပည္သူေတြ နဲ႔အတူ ပူးေပါင္းပါဝင္ေနသူတစ္ဦးလည္း ျဖစ္ပါတယ္။ အေရးႀကဳံလာတိုင္း ျပည္သူေတြဘက္ကေန မားမားမတ္မတ္ရပ္တည္ေပးေနသူျဖစ္တာေၾကာင့္ အားလုံးက ေလးစားေနၾကတာပါ။

ဒါ့အျပင္ လူထုလႈပ္ ရွားမႈမွာ ပါဝင္ရင္း က်ဆုံးသြားခဲ့ၾကတဲ့ သူရဲေကာင္းေတြ အတြက္လည္း သူငယ္ခ်င္းေတြနဲ႔ စုေပါင္းၿပီး အလႉေငြမ်ားလည္း လိုက္လံလႉဒါန္းခဲ့တာလည္း ျဖစ္ပါတယ္။ ျပည္သူခ်စ္မင္းသမီးတစ္ေယာက္ျဖစ္ေပမယ့္လည္း အားလုံးနဲ႔တန္းတူ အပင္ပန္းခံကာ လႈပ္ရွားမႈတိုင္းမွာ ပါဝင္ေဆာင္႐ြက္ေပးေနတဲ့ ခင္ဝင့္ဝါရဲ႕ျဖဴစင္တဲ့ စိတ္ထားကေတာ့ ဂုဏ္ယူစရာပါပဲေနာ္။ သူမရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာမွတစ္ဆင့္လည္း ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ ေက်ာင္းသားေတြအတြက္ အၿမဲ speak out လုပ္ေပးေနတာကိုလည္း ျမင္ေတြ႕ရမွာပါ။

မၾကာေသးခင္ နာရီပိုင္းေလာက္ကလည္း ခင္ဝင့္ဝါ ရဲ႕ Facebook Page တြင္ ဓာတ္ပုံ တစ္ခ်ိဳ႕တင္ထားတာပဲ ျဖစ္ပါတယ္။ ဒါကေတာ့ ျပည္သူထဲကျပည္သူတစ္ဦးျဖစ္တာေၾကာင့္ အသံတိတ္သပိတ္ေန႔မွာလည္း တစ္တပ္တစ္အားပူးေပါင္းပါဝင္ေနတဲ့ ခင္ဝင့္ဝါရဲ႕ ပုံရိပ္ေတြပဲ ျဖစ္ပါတယ္။ သူမကလည္း ” အသံတိတ္သပိတ္ SILENT STRIKE ❗️ ၂၄/၃/၂၀၂၁ #March24Coup #SilentStrike #WhatsHappeningInMyanmar ” ဆိုတဲ့ စာသားနဲ႔အတူ ပရိသတ္ေတြ အတြက္ ေဝမွ်ေပးထားတာေၾကာင့္ တစ္ဆင့္ျပန္လည္ကူးယူတင္ဆက္ေပးလိုက္ ရပါတယ္ေနာ္။

Source and Photo Crd-Khin Wint Wah’s Facebook Page

Leave a Reply

Your email address will not be published. Required fields are marked *