ပြည်သူထဲက ပြည်သူပဲ ဖြစ်တာ မလို့ လူထု လှုပ်ရှားမှုကြီးမှာ တတ်အားသရွေ့ ကူညီ အားဖြည့်နေကြတဲ့ ဖြိုးလေး နဲ့ ဝါဆိုမိုးဦး

Posted on

နိုင်ငံတကာ ရဲ့ စိတ်၀င်စားမှုကိုလည်း ခံနေရတဲ့ မြန်မာနိုင်ငံရဲ့ လူထု လှုပ်ရှားမှုကြီးဟာ ဆိုရင် ဒီနေ့မှာ (၂၅)ရက်မြောက်နေ့ကိုရောက်ရှိနေပြီပဲဖြစ်ပါတယ်….။ အရှိန်အဟုန်ပြင်းပြင်းနဲ့လှုပ်ရှားနေကြတဲ့ ဒီလူထုလှုပ်ရှားမှုကြီးမှာဆိုရင် အနုပညာရှင်တွေလည်း တတ်နိုင်တဲ့ဘက်ကနေပါ၀င်နေကြကာ ရေနဲ့မုန့်တွေ ကိုလည်း လှူဒါန်းပေးနေကြတာ ကိုတွေ့ရပါတယ်နော်။

တက်ကြွစွာပါ၀င်နေကြတဲ့ အနုပညာရှင် တွေထဲမှာဆိုရင် ဖြိုးလေးနဲ့ဝါဆိုမိုး‌ဦးတို့လည်းပါ၀င်နေတာဖြစ်ပြီး လူထုလှုပ်ရှားမှုတွေ စတင်ခဲ့တဲ့ ရက်တည်းကစကာ ပြည်သူတစ်ယောက်အနေနဲ့တတ်အားသရွေ့ပါ၀င်နေတာဖြစ်ပါတယ်။ ဖြိုးလေးနဲ့ဝါဆိုတို့ဟာ ဂီတအသိုင်းအ၀န်းကမောင်နှမတွေနဲ့အတူ ပါ၀င် အားဖြည့်ရင်းငြိမ်းချမ်းစွာနဲ့ လုပ်ဆောင်နေ ကြတာကိုတွေ့ရပါတယ်နော်….။

လူထုလှုပ်ရှားမှုကြီးဟာ အရှိန်အဟုန် ပြင်းပြင် းနဲ့ လုပ်ဆောင်နေကာ ယနေ့မှာဆိုရင်လည်း သနပ်ခါး Campaignလုပ်ခဲ့ကြတာဖြစ်ပါတယ်။ သနပ်ခါး Campaignမှာပါ၀င်အားဖြည့်နေတဲ့ပုံတွေကို ဖြိုးလေးဟာ သူ့ရဲ့Facebookစာမျက်နှာမှာ “25.2.2021 ငါတို့ဂီတ…..” ဆိုပြီးရေးသားမျှဝေလာပါတယ်။ ကဲ…..ပရိသတ်ကြီး အတွက် ပြန်လည်ဖော်ပြပေး လိုက်ပါတယ်နော်။

Photo credit-Phyo Layy’s Facebook acc

zawgyi





zawgyi

Leave a Reply

Your email address will not be published. Required fields are marked *