ပြည်သူတွေ အတွက် အစား အသောက် နဲ့ အလှူငွေတွေကို တတ်နိုင် သလောက် ပေးဝေ လှူဒါန်း ခဲ့တဲ့ မမဆောင်း ရဲ့ ဗီဒီယို

Posted on

ပရိသတ်ကြီးရေ.. မမဆောင်းလို့ အများက ခေါ်ကြတဲ့ အဆိုတော် သရုပ်ဆောက်ဆောင်အိနြေ္ဒထွန်း ကတော့ ဟန်ဆောင်မှုမရှိ ပွင့်လင်းတဲ့ဟန်ပန်လေးတွေကြောင့် အနုပညာလောကမှာ ပရိသတ်တွေရဲ့ အချစ်တွေကို တစ်ခဲနက်ရရှိထားသူပါ..။မမဆောင်းကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ တတ်နိုင်တဲ့ ဘက်ကနေ ပြည်သူတွေအတွက် အလှူလေးတွေ မကြာခဏဆိုသလို ပြုလုပ်ပြီး အားလုံး နဲ့ အတူရပ်တည်နေတာလည်း ပရိသတ်တွေ မြင်တွေ့ကြရမှာပါ..။

မမဆောင်းကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေ အလှူလေးတွေ ပြုလုပ်ခဲ့သလို ဒီကနေ့လေး မှာလည်း လူကြီးတွေအပြင် ကလေးငယ်လေးတွေ အတွက်လည်း အစားအသောက်တွေ ပေးဝေလှူဒါန်းခဲ့တာ တွေ့ရပါတယ်..။ မြောက်ဥက္ကလာဝေဘာဂီဘက်မှာ အလှူငွေတွေနဲ့ အစားအသောက်တွေပေးဝေလှူဒါန်းပြီး ပြည်သူတွေရဲ့ စိတ်အမောတွေကို ခဏတာပြေပျောက်စေခဲ့တာဆိုလည်း မမှားပါဘူး..။

“မရှိတဲ့သူတွေ သွားလှူ..” ဆိုပြီး ပြည်သူတွေအတွက် တတ်နိုင် သလောက်လေး ပြုလုပ် ခဲ့တဲ့ သူမရဲ့အလှူကို Live လွှင့်ကာ ပရိသတ်တွေကို ဝေမျှထား တာဖြစ်ပြီး အားလုံးကလည်း မမဆောင်းရဲ့အလှူကို သာဓုခေါ်ကာ ဆုတောင်းပေးထားကြတာ တွေ့ရပါတယ်..။ အလှူလုပ်ရင်း အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေနဲ့ တရင်းတနှီး စကားတွေပြောနေတဲ့ မမဆောင်းရဲ့ ဗီဒီယိုဖိုင်ကိုလည်း အားလုံးအတွက် မျှဝေတင်ဆက်ပေးလိုက်တာမို့ ပရိသတ်တွေလည်း သဘောကျနေကြမယ်လို့မျှော်လင့်ပါတယ်နော်..။

Photo Credit – မမဆောင်း Fb Page

Leave a Reply

Your email address will not be published.