ပြည်သူတွေ အတွက် ကူညီနိုင် ဖို့ လူမှုကယ်ဆယ်ရေး အသင်းကို ဆေးပစ္စည်း နဲ့ အခြား လိုအပ် တာတွေ လှူဒါန်းခဲ့တဲ့ မအေးသောင်း

Posted on

ပရိသတ်ကြီးရေ.. မအေးသောင်း လို့အများက ချစ်စနိုးခေါ် ကြတဲ့ သရုပ်ဆောင် မင်းသမီးအေးဝတ်ရည်သောင်းကတော့ ပြီးခဲ့တဲ့ဖေဖော်ဝါရီလကတည်းက ပြည်သူတွေအားလုံးနဲ့အတူ လူထုလှုပ်ရှားမှုတွေမှာ တက်ကြွစွာပြုလုပ်ပါဝင်နေသူပဲ ဖြစ်ပါတယ်..။

မအေးသောင်းကတော့ စစ်ဘေးရှောင်ပြည်သူတွေ နဲ့ မီးဘေး သင့်ပြည်သူတွေအပြင် လက်ရှိအခြေအနေတွေကြောင့် အခက်အခဲတွေအမျိုးမျိုးနဲ့ရင်ဆိုင်ကြုံတွေ့နေကြရသူတွေကိုလည်း ဖေးမကူညီပြီး လှူဒါန်းမှုတွေ ပြုလုပ်နေတာလည်း တွေ့ရပါတယ်..။

ပြည်သူတွေအတွက် အဖက်ဖက် ကနေ တတ်နိုင်သလောက် အားဖြည့် ပါဝင်နေတဲ့ မအေးသောင်း ကတော့ အခုတစ်ခါမှာလည်း လိုအပ်နေတဲ့ပြည်သူတွေကိုကူညီနိုင်ဖို့အတွက် လူမှုကယ်ဆယ်ရေးအသင်းကို ဆေးဝါးနဲ့အခြား ပစ္စည်းတွေ လှူဒါန်းခဲ့ ပြန်ပါတယ်..။

၇ရက်သားသမီးပြည်သူတွေ လှူဒါန်းထားတာတွေ နဲ့ မန္တလေးမြို့က ချမ်းအေးသာစံလူမှုကယ်ဆယ်ရေးအသင်းမှာ လိုအပ်တာတွေကို ပြည်သူတွေကိုယ်စားလှူဒါန်းပြီး ကာယဒါနပြုခဲ့တဲ့ပုံရိပ်တွေကိုလည်း မအေးသောင်းက ဝေမျှထားတာ ဖြစ်ပါတယ်..။

“Sterile Gauze

Cotton ball

Bandage (4”-6”)

20CC syringe

5cc syringe

Betadine စသည့်ဆေးပစ္စည်းများ နှင့် အခြားလိုအပ်သည်များ စုစုပေါင်း ၈ သိန်းဖိုးအား ချမ်းအေးသာစံလူမှုကယ်ဆယ်ရေးအသင်းအား

ပြည်သူများကိုယ်စား ကာလဒါနလှူဒါန်းခဲ့ပါသည်။ 🙏🙏🙏..” ဆိုပြီး အလှူအကြောင်းကို ပြောပြထားပါ..။

လိုအပ်နေတဲ့နေရာတွေကို လိုအပ်သလိုကူညီလှူဒါန်းနေတဲ့ အေးဝတ်ရည်သောင်း ရဲ့ အလှူပုံရိပ်တွေကိုလည်း ပရိသတ်တွေကသာဓုခေါ်ဆုတောင်းပေးထားကြတာလည်း တွေ့ရပါတယ်..။

Photo Credit – Aye Thaung’s Fb Acc

Leave a Reply

Your email address will not be published. Required fields are marked *