ပြည်သူတွေ အတွက် ကိုယ်ခံ အားကောင်းအောင် နွားနို့ ဆန်ပြုတ် ကိုယ်တိုင် ချက် လုပ်ကာ မျှဝေလှူဒါန်းပေးခဲ့တဲ့ ဘေဘီမောင်

Posted on

လတ်တလောမှာ ကိုဗစ်ရောဂါ ကြောင့် အခက်အခဲတွေရဲ့ ကြုံတွေနေရတာတွေကို ပြည်သူ အချင်းချင်းကပဲ ကူညီပေးလာကြတာ တွေ့ရပါတယ်။ တစ်အိမ်လုံး နေမကောင်းတဲ့ မိသားစုတွေကို စားသောက်စရာတွေနဲ့ ဆေးဝါးတွေကို ကူညီလှူဒါန်းပေးကြသလို တချို့မှာလည်း အကြပ်အတည်းတွေ ကြားထဲ ကနေ အာဟာရဒါန တွေကို ပေးဝေလှူဒါန်းပေးလာကြပါတယ်။ ဒီလိုလှူဒါန်းပေးနေတဲ့ စေတနာရှင်တွေ ထဲမှာ ပရိသတ်တွေ ရဲ့ အချစ်တွေကိုအပြည့်အဝရရှိထားတဲ့ သရုပ်ဆောင်ဘေဘီမောင်လည်း အပါအဝင်ပဲ ဖြစ်ပါတယ်။

ဘေဘီမောင်ကတော့ ဇူလိုင်လ(၂၁)ရက်နေ့က တတိယအကြိမ်မြောက် မွန်မြတ်တဲ့ အလှူလေး တစ်ခု ထပ်မံပြုလုပ်ခဲ့တာလေးကို လူမှုကွန်ယက်ပေါ်မှာ ဖော်ပြလာခဲ့ပါတယ်။ ဒီအလှူလေးကတော့ လတ်တလောပြန်လည်ကူးစက်နေတဲ့ ကိုဗစ်ရောဂါကို ခုခံနိုင်အောင် ကိုယ်ခံအားကောင်းစေဖို့ ရည်ရွယ်ပြီး အနီး ပတ်ဝန်းကျင်က ပြည်သူတွေအတွက် အာဟာရဒါနအဖြင့် နွားနို့ဆန်ပြုတ်ကို ချက်လုပ်ပြီး လှူဒါန်း ပေးလာခဲ့တာ ဖြစ်ပါတယ်။

အရင်ရက်တွေကလည်း ကြက်သားဆန်ပြုတ်၊ ငါးဆန်ပြုတ်တွေ ကို လှူဒါန်းပေးခဲ့ပြီး ယခုတတိယ အကြိမ်မြောက် နွားနို့ဆန်ပြုတ်ကို ထပ်မံလှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။ ပြည်သူတွေ ကိုယ်ခံအားကောင်းဖို့အတွက် လေးရက်ဆက်တိုက် အာဟာရဒါနအဖြင့် ဆန်ပြုတ်တွေကို လှူဒါန်းပေးသွားမယ်လို့လည်း သူ့ရဲ့ လူမှုကွန်ယက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။ ပြည်သူတွေအတွက် အားရှိအောင် အာဟာရဒါနအနေဖြင့် နွားနို့ဆန်ပြုတ်ကို လှူဒါန်းပေးခဲ့တဲ့ ဘေဘီမောင်ရဲ့ ကြည်နူးစရာ အလှူမြင်ကွင်းတွေကို ထပ်တူသာဓုခေါ်ဆိုနိုင်အောင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit – Baby Maung fb account

zawgyi

လတ္တေလာမွာ ကိုဗစ္ေရာဂါ ေၾကာင့္ အခက္အခဲေတြရဲ႕ ႀကဳံေတြေနရတာေတြကို ျပည္သူ အခ်င္းခ်င္းကပဲ ကူညီေပးလာၾကတာ ေတြ႕ရပါတယ္။ တစ္အိမ္လုံး ေနမေကာင္းတဲ့ မိသားစုေတြကို စားေသာက္စရာေတြနဲ႔ ေဆးဝါးေတြကို ကူညီလႉဒါန္းေပးၾကသလို တခ်ိဳ႕မွာလည္း အၾကပ္အတည္းေတြ ၾကားထဲ ကေန အာဟာရဒါန ေတြကို ေပးေဝလႉဒါန္းေပးလာၾကပါတယ္။ ဒီလိုလႉဒါန္းေပးေနတဲ့ ေစတနာရွင္ေတြ ထဲမွာ ပရိသတ္ေတြ ရဲ႕ အခ်စ္ေတြကိုအျပည့္အဝရရွိထားတဲ့ သ႐ုပ္ေဆာင္ေဘဘီေမာင္လည္း အပါအဝင္ပဲ ျဖစ္ပါတယ္။

ေဘဘီေမာင္ကေတာ့ ဇူလိုင္လ(၂၁)ရက္ေန႔က တတိယအႀကိမ္ေျမာက္ မြန္ျမတ္တဲ့ အလႉေလး တစ္ခု ထပ္မံျပဳလုပ္ခဲ့တာေလးကို လူမႈကြန္ယက္ေပၚမွာ ေဖာ္ျပလာခဲ့ပါတယ္။ ဒီအလႉေလးကေတာ့ လတ္တေလာျပန္လည္ကူးစက္ေနတဲ့ ကိုဗစ္ေရာဂါကို ခုခံႏိုင္ေအာင္ ကိုယ္ခံအားေကာင္းေစဖို႔ ရည္႐ြယ္ၿပီး အနီး ပတ္ဝန္းက်င္က ျပည္သူေတြအတြက္ အာဟာရဒါနအျဖင့္ ႏြားႏို႔ဆန္ျပဳတ္ကို ခ်က္လုပ္ၿပီး လႉဒါန္း ေပးလာခဲ့တာ ျဖစ္ပါတယ္။

အရင္ရက္ေတြကလည္း ၾကက္သားဆန္ျပဳတ္၊ ငါးဆန္ျပဳတ္ေတြ ကို လႉဒါန္းေပးခဲ့ၿပီး ယခုတတိယ အႀကိမ္ေျမာက္ ႏြားႏို႔ဆန္ျပဳတ္ကို ထပ္မံလႉဒါန္းေပးခဲ့တာ ျဖစ္ပါတယ္။ ျပည္သူေတြ ကိုယ္ခံအားေကာင္းဖို႔အတြက္ ေလးရက္ဆက္တိုက္ အာဟာရဒါနအျဖင့္ ဆန္ျပဳတ္ေတြကို လႉဒါန္းေပးသြားမယ္လို႔လည္း သူ႔ရဲ႕ လူမႈကြန္ယက္မွာ ေဖာ္ျပထားတာ ေတြ႕ရပါတယ္။ ျပည္သူေတြအတြက္ အားရွိေအာင္ အာဟာရဒါနအေနျဖင့္ ႏြားႏို႔ဆန္ျပဳတ္ကို လႉဒါန္းေပးခဲ့တဲ့ ေဘဘီေမာင္ရဲ႕ ၾကည္ႏူးစရာ အလႉျမင္ကြင္းေတြကို ထပ္တူသာဓုေခၚဆိုႏိုင္ေအာင္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

Photo Credit – Baby Maung fb account

Leave a Reply

Your email address will not be published. Required fields are marked *