ပြည်သူတွေ အချင်းချင်း စည်းလုံး ညီညွှတ် ပြီး မေတ္တာ နဲ့ ဖေးမကာ အဖိုးမဖြတ်နိုင် တဲ့ စိတ်ထားလေးတွေ အကြောင်း ကို ပြောပြလာတဲ့ ယွန်းယွန်း

Posted on

ပရိသတ်ကြီးရေ…..သရုပ်ဆောင်ထူးချွန်တဲ့ အနုပညာရှင်တွေ ထဲက ကလေး သရုပ်ဆောင်အဖြစ် ပရိသတ်တွေ ရင်ထဲကို ရောက်ရှိလာခဲ့တဲ့ သူလေးကတော့ ယွန်းယွန်း ပဲဖြစ်ပါတယ်။သူမကတော့ ငယ်စဉ် ကတည်းကနေ အရွယ်ရောက်ထိတိုင်အောင် အနုပညာ အလုပ်တွေကို ဆက်လက် လုပ်ကိုင်နေတာ ဖြစ်ပြီး ဗီဒီယို ဇာတ်ကားတွေ အများအပြား ရိုက်ကူးခဲ့ကာ အနုပညာမှတ်တိုင်အဖြစ် ကလေးသရုပ်ဆောင် အကယ်ဒမီ ထူးချွန်ဆုကိုပါ ဆွတ်ခူးရရှိ ပိုင်ဆိုင် ထားတဲ့ မင်းသမီးချောလေး ဖြစ်ပါတယ်နော်…..။

ယွန်းယွန်းကတော့ လူငယ်ပီပီ သွက်လက် ထက်မြက်သူလေး ဖြစ်ကာ လတ်တလောမှာ ဖြစ်ပေါ်နေတဲ့ မြန်မာပြည် အခြေအနေတစ်ရပ်ကြောင့် ပြည်သူလူထုနဲ့ အတူ ရဲဝင့်စွာ ရပ်တည်ကာ လမ်းမပေါ်ထွက်ကာ ပါဝင်လှုပ်ရှားမှုတွေကို လုပ်ဆောင်နေတာ ပဲဖြစ်ပါတယ်။မနေ့ညကဆိုရင်တော့ ယွန်းယွန်းက “အရေးတော်ပုံကြီးအောင်မြင်သွားတဲ့အခါ အချင်းချင်းမမေ့ကြရအောင်.. ပြောစရာမလိုပဲ စည်းလုံးခဲ့တာတွေ, ပြည်သူအချင်းချင်းတူတာတောင် အနစ်နာခံပေးချင်တဲ့စိတ်တွေ, အချင်းချင်းဖေးမခဲ့တဲ့ မေတ္တာတရားတွေက…ရုပ်ဆိုး အကျည်းတန်ပြီး ရင်နာစရာကောင်းတဲ့အဖြစ်အပျက်တွေကြားကနေ ပြန်မြင်ခွင့်ရခဲ့တဲ့ အဖိုးမဖြတ်နိုင်တဲ့ စိတ်ထားလေးတွေပါပဲ.. ✨

ရက်ရှည်လာတာနဲ့အမျှ ကြုံရတဲ့ သင်ခန်းစာပေါ် မူတည်ပြီး ဉာဏ်တွေအမျိုးမျိုးထုတ်သုံးလာကြတယ်, လူမနည်းသွားတဲ့အပြင်တစ်မြို့နဲ့တစ်မြို့အားပေးပြီး သပိတ်စစ်ကြောင်းကိုနေ့စဉ်​ေအာင်မြင်အောင်ကြိုးစားကြတယ်, တစ်နေ့ထက်တစ်နေ့ အလှူရှင်တွေလဲ ပိုများလာတယ်, Profession အမျိုးမျိုးကနေပြီးတော့အင်အားတွေထွက်ပြတော့ ပြည်သူတွေအားလုံးကတစ်သားထဲလို့ခံစားလာရတယ်, ဂုဏ်ယူစရာ လုပ်ရပ်တွေ, ကမ္ဘာကိုမြင်အောင်ပြနိုင်ခဲ့တဲ့ သတ္တိတွေ.. တွေးကြည့်ရင် တကယ်ကို အများကြီးမှ အများကြီးပါပဲ 🤍💪🏻ဒီလိုစိတ်ဓာတ်တွေ နဲ့ အောင်မြင်မှုကသာ အထိုက်တန်ဆုံးပါ.. ပိုယုံကြည်လာမိတယ် ဒါအဆုံးသတ်တိုက်ပွဲပဲဆိုတာကို ✊🏻🕊”ဆိုတဲ့ အားဖြစ်စေမယ့် စာလေး ကို လူမူကွန်ယက်စာမျက်နှာ ထက်တွင် ရေးသားဖော်ပြလာတာ ဖြစ်တာကြောင့် ပရိသတ်တွေ အတွက် ပြန်လည်မျှဝေပေး လိုက်ပါတယ်နော်……။

Photo Credit -Thazin Htoo Myint FB Account

zawgyi

ပရိသတ္ႀကီးေရ…..သ႐ုပ္ေဆာင္ထူးခြၽန္တဲ့ အႏုပညာရွင္ေတြ ထဲက ကေလး သ႐ုပ္ေဆာင္အျဖစ္ ပရိသတ္ေတြ ရင္ထဲကို ေရာက္ရွိလာခဲ့တဲ့ သူေလးကေတာ့ ယြန္းယြန္း ပဲျဖစ္ပါတယ္။သူမကေတာ့ ငယ္စဥ္ ကတည္းကေန အ႐ြယ္ေရာက္ထိတိုင္ေအာင္ အႏုပညာ အလုပ္ေတြကို ဆက္လက္ လုပ္ကိုင္ေနတာ ျဖစ္ၿပီး ဗီဒီယို ဇာတ္ကားေတြ အမ်ားအျပား ႐ိုက္ကူးခဲ့ကာ အႏုပညာမွတ္တိုင္အျဖစ္ ကေလးသ႐ုပ္ေဆာင္ အကယ္ဒမီ ထူးခြၽန္ဆုကိုပါ ဆြတ္ခူးရရွိ ပိုင္ဆိုင္ ထားတဲ့ မင္းသမီးေခ်ာေလး ျဖစ္ပါတယ္ေနာ္…..။

ယြန္းယြန္းကေတာ့ လူငယ္ပီပီ သြက္လက္ ထက္ျမက္သူေလး ျဖစ္ကာ လတ္တေလာမွာ ျဖစ္ေပၚေနတဲ့ ျမန္မာျပည္ အေျခအေနတစ္ရပ္ေၾကာင့္ ျပည္သူလူထုနဲ႔ အတူ ရဲဝင့္စြာ ရပ္တည္ကာ လမ္းမေပၚထြက္ကာ ပါဝင္လႈပ္ရွားမႈေတြကို လုပ္ေဆာင္ေနတာ ပဲျဖစ္ပါတယ္။မေန႔ညကဆိုရင္ေတာ့ ယြန္းယြန္းက “အေရးေတာ္ပုံႀကီးေအာင္ျမင္သြားတဲ့အခါ အခ်င္းခ်င္းမေမ့ၾကရေအာင္.. ေျပာစရာမလိုပဲ စည္းလုံးခဲ့တာေတြ, ျပည္သူအခ်င္းခ်င္းတူတာေတာင္ အနစ္နာခံေပးခ်င္တဲ့စိတ္ေတြ, အခ်င္းခ်င္းေဖးမခဲ့တဲ့ ေမတၱာတရားေတြက…႐ုပ္ဆိုး အက်ည္းတန္ၿပီး ရင္နာစရာေကာင္းတဲ့အျဖစ္အပ်က္ေတြၾကားကေန ျပန္ျမင္ခြင့္ရခဲ့တဲ့ အဖိုးမျဖတ္ႏိုင္တဲ့ စိတ္ထားေလးေတြပါပဲ.. ✨

ရက္ရွည္လာတာနဲ႔အမွ် ႀကဳံရတဲ့ သင္ခန္းစာေပၚ မူတည္ၿပီး ဉာဏ္ေတြအမ်ိဳးမ်ိဳးထုတ္သုံးလာၾကတယ္, လူမနည္းသြားတဲ့အျပင္တစ္ၿမိဳ႕နဲ႔တစ္ၿမိဳ႕အားေပးၿပီး သပိတ္စစ္ေၾကာင္းကိုေန႔စဥ္​ေအာင္ျမင္ေအာင္ႀကိဳးစားၾကတယ္, တစ္ေန႔ထက္တစ္ေန႔ အလႉရွင္ေတြလဲ ပိုမ်ားလာတယ္, Profession အမ်ိဳးမ်ိဳးကေနၿပီးေတာ့အင္အားေတြထြက္ျပေတာ့ ျပည္သူေတြအားလုံးကတစ္သားထဲလို႔ခံစားလာရတယ္, ဂုဏ္ယူစရာ လုပ္ရပ္ေတြ, ကမာၻကိုျမင္ေအာင္ျပႏိုင္ခဲ့တဲ့ သတၱိေတြ.. ေတြးၾကည့္ရင္ တကယ္ကို အမ်ားႀကီးမွ အမ်ားႀကီးပါပဲ 🤍💪🏻ဒီလိုစိတ္ဓာတ္ေတြ နဲ႔ ေအာင္ျမင္မႈကသာ အထိုက္တန္ဆုံးပါ.. ပိုယုံၾကည္လာမိတယ္ ဒါအဆုံးသတ္တိုက္ပြဲပဲဆိုတာကို ✊🏻🕊”ဆိုတဲ့ အားျဖစ္ေစမယ့္ စာေလး ကို လူမူကြန္ယက္စာမ်က္ႏွာ ထက္တြင္ ေရးသားေဖာ္ျပလာတာ ျဖစ္တာေၾကာင့္ ပရိသတ္ေတြ အတြက္ ျပန္လည္မွ်ေဝေပး လိုက္ပါတယ္ေနာ္……။

Photo Credit -Thazin Htoo Myint FB Account

Leave a Reply

Your email address will not be published. Required fields are marked *