ပြည်သူတွေ ရဲ့ အရှေ့ကနေ ကာကွယ်ပေးနေပေမယ့် လည်း လူတွေ မသိကြတာကြောင့် သူ့ပရိသတ် ကိုယ်တိုင် ပြောပြလာရတဲ့ ရဲတိုက် ရဲ့အကြောင်း

Posted on

မင်းသားရဲတိုက်ကတော့ ပြည်သူတွေထဲက ပြည်သူတစ်ယောက် ဖြစ်တာကြောင့် ကိုယ်တတ်နိုင်တဲ့ နေရာကနေ တာဝန်ယူပြီး နိုင်ငံအတွက် အကျိုးရှိအောင် ကြိုးစားပေးနေတာ ဖြစ်ပါတယ် ။ ပြည်သူလူထုရဲ့ဆန္ဒနဲ့ တစ်ထပ်တည်းကျသူဖြစ်တဲ့ ရဲတိုက်က အားလုံးနဲ့အတူ ဇွဲမလျှော့ဘဲ ရှေ့ဆက်နေတာ ဖြစ်ပါတယ် ။ ရဲတိုက်က လူထုလှုပ်ရှားမှုတွေမှာ အင်တိုက်အားတိုက် ပါဝင်နေသလို သူခွန်အားရှိသလောက် ပြည်သူတွေကို ကာကွယ်ပေးနေတာ လည်း ဖြစ်ပါတယ် ။

ရဲတိုက်ရဲ့ကြိုးစားအားထုတ်မှုတွေကို မသိသေး တဲ့ လူအချို့ ကတော့ သူ့ကိုဝေဖန်ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ် ။ အမှန်မှာတော့ ရဲတိုက်က Social Media အသုံးပြုမှုနည်းပါးတာကြောင့် သူ့ရဲ့Facebook Account နဲ့ Page တွေမှာ Follower သိပ်မရှိသေးဘဲ လူသိနည်းနေတာ ဖြစ်ပါတယ် ။ ဒါ့အပြင် ရဲတိုက် ကိုယ်တိုင်ကလည်း သူ့ရဲ့လှုပ်ရှားမှုတွေအားလုံးကို တစ်ခါတစ်ရံမှသာ မျှဝေလေ့ရှိတာ ဖြစ်ပါတယ် ။ ဒါကြောင့် သူ့ကိုချစ်ခင်အားပေးတဲ့ ပရိသတ်တစ်ဦးက ရဲတိုက်ကဘယ်လိုလူမျိုးဖြစ်တယ်ဆိုတာကို အားလုံးသိရအောင် ပုံတွေနဲ့အတူ ဖော်ပြလိုက်တာ ဖြစ်ပါတယ် ။

ပရိသတ်တစ်ဦးက “ရဲတိုက် ဆေးချတယ်ဆိုပြီး ဝိုင်းကဲ့ ရဲ့ ကြတယ် Follower သိပ်မရှိဘူး လူသိနည်းတယ် တော်လှန်ရေးမှာ အရှေ့ကနေဦးဆောင်ပြီးနေတယ် Blue Mark နဲ့ Follower Millions ချီတဲ့ ဖားတစ်ပိုင်းငါးတစ်ပိုင်း —-ပေါတွေထက်တော့ အများကြီးသာတယ် အရင်ကတည်းကအားပေးလာတာ အားပေး ရကျိုးနပ်တယ်❤️ဘယ်အရာမဆို အပေါ်ယံကြည့်ပြီး မဝေဖန်သင့်” ဆိုပြီး ရဲတိုက်ရဲ့အကြောင်းကို ရေးသားပြောပြခဲ့တာ ဖြစ်ပါတယ် ။ ရဲတိုက်ကတော့ လူထုလှုပ်ရှားမှုတွေမှာ ဒိုင်းကိုင်ပြီး ပြည်သူတွေရဲ့အရှေ့ကနေ ရဲရဲရင့်ရင့်ကာကွယ်ပေးခဲ့တာ ဖြစ်ပါတယ် ။

Source & Photo Credit-Kyaw Thet Oo’s FB Acc & ရဲတိုက်’s FB Acc

zawgyi

မင္းသားရဲတိုက္ကေတာ့ ျပည္သူေတြထဲက ျပည္သူတစ္ေယာက္ ျဖစ္တာေၾကာင့္ ကိုယ္တတ္ႏိုင္တဲ့ ေနရာကေန တာဝန္ယူၿပီး ႏိုင္ငံအတြက္ အက်ိဳးရွိေအာင္ ႀကိဳးစားေပးေနတာ ျဖစ္ပါတယ္ ။ ျပည္သူလူထုရဲ႕ဆႏၵနဲ႔ တစ္ထပ္တည္းက်သူျဖစ္တဲ့ ရဲတိုက္က အားလုံးနဲ႔အတူ ဇြဲမေလွ်ာ့ဘဲ ေရွ႕ဆက္ေနတာ ျဖစ္ပါတယ္ ။ ရဲတိုက္က လူထုလႈပ္ရွားမႈေတြမွာ အင္တိုက္အားတိုက္ ပါဝင္ေနသလို သူခြန္အားရွိသေလာက္ ျပည္သူေတြကို ကာကြယ္ေပးေနတာ လည္း ျဖစ္ပါတယ္ ။

ရဲတိုက္ရဲ႕ႀကိဳးစားအားထုတ္မႈေတြကို မသိေသး တဲ့ လူအခ်ိဳ႕ ကေတာ့ သူ႔ကိုေဝဖန္ေျပာဆိုခဲ့ၾကတာ ျဖစ္ပါတယ္ ။ အမွန္မွာေတာ့ ရဲတိုက္က Social Media အသုံးျပဳမႈနည္းပါးတာေၾကာင့္ သူ႔ရဲ႕Facebook Account နဲ႔ Page ေတြမွာ Follower သိပ္မရွိေသးဘဲ လူသိနည္းေနတာ ျဖစ္ပါတယ္ ။ ဒါ့အျပင္ ရဲတိုက္ ကိုယ္တိုင္ကလည္း သူ႔ရဲ႕လႈပ္ရွားမႈေတြအားလုံးကို တစ္ခါတစ္ရံမွသာ မွ်ေဝေလ့ရွိတာ ျဖစ္ပါတယ္ ။ ဒါေၾကာင့္ သူ႔ကိုခ်စ္ခင္အားေပးတဲ့ ပရိသတ္တစ္ဦးက ရဲတိုက္ကဘယ္လိုလူမ်ိဳးျဖစ္တယ္ဆိုတာကို အားလုံးသိရေအာင္ ပုံေတြနဲ႔အတူ ေဖာ္ျပလိုက္တာ ျဖစ္ပါတယ္ ။

ပရိသတ္တစ္ဦးက “ရဲတိုက္ ေဆးခ်တယ္ဆိုၿပီး ဝိုင္းကဲ့ ရဲ႕ ၾကတယ္ Follower သိပ္မရွိဘူး လူသိနည္းတယ္ ေတာ္လွန္ေရးမွာ အေရွ႕ကေနဦးေဆာင္ၿပီးေနတယ္ Blue Mark နဲ႔ Follower Millions ခ်ီတဲ့ ဖားတစ္ပိုင္းငါးတစ္ပိုင္း —-ေပါေတြထက္ေတာ့ အမ်ားႀကီးသာတယ္ အရင္ကတည္းကအားေပးလာတာ အားေပး ရက်ိဳးနပ္တယ္❤️ဘယ္အရာမဆို အေပၚယံၾကည့္ၿပီး မေဝဖန္သင့္” ဆိုၿပီး ရဲတိုက္ရဲ႕အေၾကာင္းကို ေရးသားေျပာျပခဲ့တာ ျဖစ္ပါတယ္ ။ ရဲတိုက္ကေတာ့ လူထုလႈပ္ရွားမႈေတြမွာ ဒိုင္းကိုင္ၿပီး ျပည္သူေတြရဲ႕အေရွ႕ကေန ရဲရဲရင့္ရင့္ကာကြယ္ေပးခဲ့တာ ျဖစ္ပါတယ္ ။

Source & Photo Credit-Kyaw Thet Oo’s FB Acc & ရဲတိုက္’s FB Acc

Leave a Reply

Your email address will not be published. Required fields are marked *