ပြည်သူတွေ ရဲ့ ရှေ့ကနေ ဒိုင်းတွေ နဲ့ မမောနိုင် မပန်းနိုင် ကာကွယ်ပေးရင်း ဘယ်သူမှ လာမကူညီ လည်း တို့ပြည်သူတွေ ရှိတယ်လို့ ဆိုလိုက်တဲ့ တိုင်ရွန်

Posted on

ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို အခိုင်အမာ ရယူထားနိုင် ခဲ့တဲ့ တိုင်ရွန်ကတော့ အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်သူတစ်ယောက်ဖြစ်သလို ​ကြော်ငြာတွေကိုလည်း ရိုက်ကူးခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုတွေမှာ စိတ်အား ထက်သန်မှုအပြည့်နဲ့ ပါဝင်လျက် ရှိနေတဲ့ တိုင်ရွန်ကတော့ အမှန်တရားဘက်ကနေ ပြည်သူတွေနဲ့အတူ ရပ်တည်လျက်ရှိနေတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

တိုင်ရွန်ကတော့ မနေ့ကလူထုလှုပ်ရှားမှုမှာ အသက်ပေးခဲ့ ရသူတွေ အတွက်လည်း စိတ်မကောင်းဖြစ်မိကြောင်း လူမှု ကွန်ယက်ထက်မှာ ရေးသားထားခဲ့ပါသေးတယ်။ တိုင်ရွန်ကတော့ ယခုမှာ လူထုလှုပ်ရှားမှုပြုလုပ်နေကြတဲ့ ပြည်သူတွေများစွာရဲ့ရှေ့ကနေ ဒိုင်းတွေနဲ့ မမောနိုင် မပန်းနိုင်ကာကွယ်ပေးနေခဲ့ပါတယ်။ သူကတော့ ပြည်သူတွေ ထိခိုက်မှုနည်းအောင် ခင်မင်ရတဲ့သူငယ်ချင်းတွေနဲ့အတူ နေ့စဥ်ရက်ဆက် ကာကွယ်ပေးနေသူတစ်ယောက်ပဲဖြစ်ပါတယ်။

တိုင်ရွန်ကတော့ ” ဘယ်သူမှ လာမကူညီလည်း တို့ပြည်သူ တွေ ရှိတယ် နောက်ဆုံးထိ ရသလို မီးစင်ကြည့်ကရမှာဘဲ Gen Y “ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုပြုလုပ်နေကြတဲ့ ပြည်သူတွေကို တတ်နိုင်သလောက်ကာကွယ်ပေးနေတဲ့ တိုင်ရွန်ရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေ အတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။ မြန်မာပြည်သူပြည်သားတွေအားလုံး ဘေးရန်ကင်းရှင်းပြီး စိတ်ချမ်းသာတဲ့ နေ့ရက်တွေပိုင်ဆိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Source: tyron bejay ‘ s facebook page

zawgyi

ပရိသတ္ေတြရဲ႕အားေပးခ်စ္ခင္မႈကို အခိုင္အမာ ရယူထားႏိုင္ ခဲ့တဲ့ တိုင္႐ြန္ကေတာ့ အႏုပညာေလာကမွာ ေနရာတစ္ခုကိုရယူထားႏိုင္သူတစ္ေယာက္ျဖစ္သလို ​ေၾကာ္ျငာေတြကိုလည္း ႐ိုက္ကူးခဲ့တဲ့ အႏုပညာရွင္တစ္ေယာက္ပဲျဖစ္ပါတယ္။ လူထုလႈပ္ရွားမႈေတြမွာ စိတ္အား ထက္သန္မႈအျပည့္နဲ႔ ပါဝင္လ်က္ ရွိေနတဲ့ တိုင္႐ြန္ကေတာ့ အမွန္တရားဘက္ကေန ျပည္သူေတြနဲ႔အတူ ရပ္တည္လ်က္ရွိေနတဲ့ ျပည္သူခ်စ္အႏုပညာရွင္တစ္ေယာက္ပဲျဖစ္ပါတယ္။

တိုင္႐ြန္ကေတာ့ မေန႔ကလူထုလႈပ္ရွားမႈမွာ အသက္ေပးခဲ့ ရသူေတြ အတြက္လည္း စိတ္မေကာင္းျဖစ္မိေၾကာင္း လူမႈ ကြန္ယက္ထက္မွာ ေရးသားထားခဲ့ပါေသးတယ္။ တိုင္႐ြန္ကေတာ့ ယခုမွာ လူထုလႈပ္ရွားမႈျပဳလုပ္ေနၾကတဲ့ ျပည္သူေတြမ်ားစြာရဲ႕ေရွ႕ကေန ဒိုင္းေတြနဲ႔ မေမာႏိုင္ မပန္းႏိုင္ကာကြယ္ေပးေနခဲ့ပါတယ္။ သူကေတာ့ ျပည္သူေတြ ထိခိုက္မႈနည္းေအာင္ ခင္မင္ရတဲ့သူငယ္ခ်င္းေတြနဲ႔အတူ ေန႔စဥ္ရက္ဆက္ ကာကြယ္ေပးေနသူတစ္ေယာက္ပဲျဖစ္ပါတယ္။

တိုင္႐ြန္ကေတာ့ ” ဘယ္သူမွ လာမကူညီလည္း တို႔ျပည္သူ ေတြ ရွိတယ္ ေနာက္ဆုံးထိ ရသလို မီးစင္ၾကည့္ကရမွာဘဲ Gen Y “ဆိုၿပီး လူမႈကြန္ယက္စာမ်က္ႏွာထက္မွာ ေရးသားထားခဲ့တာပဲျဖစ္ပါတယ္။ လူထုလႈပ္ရွားမႈျပဳလုပ္ေနၾကတဲ့ ျပည္သူေတြကို တတ္ႏိုင္သေလာက္ကာကြယ္ေပးေနတဲ့ တိုင္႐ြန္ရဲ႕ ပုံရိပ္ေလးေတြကို ခ်စ္ပရိသတ္ေတြ အတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ရပါတယ္။ ျမန္မာျပည္သူျပည္သားေတြအားလုံး ေဘးရန္ကင္းရွင္းၿပီး စိတ္ခ်မ္းသာတဲ့ ေန႔ရက္ေတြပိုင္ဆိုင္ပါေစေၾကာင္း ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္။

Source: tyron bejay ‘ s facebook page

Leave a Reply

Your email address will not be published. Required fields are marked *