ပြည်သူတွေ များစွာကို ဒိုင်းတွေ နဲ့ ကာကွယ် ပေးရင်း အိမ်ပြန်တာ စောလို့ကံကောင်းပြီး ညှပ်ပိတ် မခံလိုက်ရ တဲ့ အကြောင်း ပြော​ပြ လာတဲ့ တိုင်ရွန်

Posted on

ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို အခိုင်အမာ ရယူထားနိုင်ခဲ့တဲ့ တိုင်ရွန်ကတော့ အနုပညာအလုပ်တွေကိုလည်း ဆက်လက် လုပ်ကိုင်နေသလို ကြော်ငြာတွေကိုလည်း ရိုက်ကူးလျက်ရှိနေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်တွေ မှာလည်း အကောင်းဆုံးနဲ့အပီပြင်ဆုံးသရုပ်ဆောင်လျက်ရှိနေတဲ့ တိုင်ရွန်ကတော့ လက်ရှိကိစ္စတွေနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ ရပ်တည် လျက်ရှိနေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

အမှန်တရားဘက်ကနေ ရဲရဲဝင့်ဝင့်ရပ်တည်လျက် ရှိနေတဲ့ တိုင်ရွန်ကတော့ လူထုလှုပ်ရှားမှုမှာ တက်တက်ကြွကြွပါဝင်နေကြတဲ့ ပြည်သူတွေ ထိခိုက်မှုနည်းအောင် ဒိုင်းကာပုံစံတွေလုပ်ပြီး တတ်နိုင်သမျှကာကွယ်ပေးနေသူတစ်ယောက်ပဲဖြစ်ပါတယ်။ တိုင်ရွန် ကတော့ ယခုမှာ လူထုလှုပ်ရှားမှုပြုလုပ်နေကြတဲ့ ပြည်သူတွေများစွာကို ဒိုင်းတွေနဲ့ကာကွယ်ပေးရင်း အိမ်ပြန်တာစောလို့ကံကောင်းပြီး ညှပ်ပိတ်မခံလိုက်ရတဲ့အကြောင်းပြော​ပြလာခဲ့ပါတယ်။

တိုင်ရွန်ကတော့ ” Today our team ပြန်တာစောလို့ညှပ်ပိတ်မခံလိုက်ရပါဘူး ၃မိနစ်လောက်သာနောက်ကျရင် ထွက်လို့မလွယ်တော့ဘူး ရဲအင်အားတွေနဲ့ ပိတ်ဖမ်းဖို့ကြိုးစားနေတာ နောက်ဘက်ကနေ ” ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ် ။ လူထုလှုပ်ရှားမှုပြုလုပ်နေကြတဲ့ ပြည်သူတွေကို ဒိုင်းတွေနဲ့ ကာကွယ်ပေးနေတဲ့ တိုင်ရွန်ရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါ ပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။

Source : tyron bejay ‘ s facebook acc

Leave a Reply

Your email address will not be published. Required fields are marked *