ပြည်သူတွေ နဲ့ အတူ ရပ်တည်ဖို့ အတွက် ဝန်ထမ်း အိမ်ရာကနေ ဖယ်ပေးလိုက် ကြတဲ့ မီးရထား ဝန်ထမ်းများ (ရုပ်/သံ)

Posted on

လက်ရှိအခြေအနေမှာဆိုရင် ပြည်သူတွေနဲ့ တစ်သားတည်း ရပ်တည်ပေးဖို့ အတွက် ဝန်ထမ်း တချို့ကပါ အလုပ်မှရပ်နားလိုက်ကြတာဖြစ်ပါတယ်။အခုလိုအချိန်မျိုးမှာ အလုပ်ရပ်နားလိုက်ရင် မိသားစုရဲ့စားဝတ်နေရေး ခက်ခဲမယ်ဆိုတာကိုသိကြပေမယ့်လည်း ဝန်ထမ်းတချို့ကတော့ ပြည်သူတွေဘက်ကနေ ပါဝင်အ ားဖြည့်လိုက်တာ ဖြစ်ပါတယ်။

ပြည်သူလူထုကလည်း အလုပ်ရပ်နားထားကြတဲ့ ဝန်ထမ်းတွေကို တတ်နိုင်သလောက် ကူညီပေးကြပြီး နေစရာ၊ စားစရာတွေပါ စီစဉ်ပေးကြတာ ဖြစ်ပါတယ်။

(၁၉.၃.၂၀၂၁)ရက်နေ့ကဆိုရင်လည်း မန္တလေးမီးရထားဝန်းမှ အလုပ်ရပ်နားထားကြတဲ့ဝန်ထမ်းတွေက ဝန်ထမ်းအိမ်ရာတွေကို ဖယ်ပေးလိုက်ကြတာဖြစ်ပါတယ်။

မီးရထားဝန်ထမ်းတွေ ကတော့ မိမိတို့ပိုင်ဆိုင်တဲ့ ပစ္စည်းလေးတချို့ကိုသာ သယ်ပြီး နှစ်ပေါင်း များစွာနေထိုင်ခဲ့တဲ့ နေရာလေးကို စွန့်ခွါခဲ့ကြတာ ဖြစ်ပါတယ်။ ပြည်သူတွေကလည်း အချင်းချင်းအလှူခံကြပြီး အရမ်းခက်ခဲနေကြတဲ့ဝန်ထမ်းတချို့ကို ငွေကြေးထောက်ပံ့ပေးကြတာဖြစ်ပါတယ်။

ပြည်သူတွေကသာ အပြန်အလှန် ကာကွယ်စောင့်ရှောက်ကြပြီး ဒုက္ခအခက်အခဲတွေကို မျှဝေ ခံစားပေးနေတာဖြစ်ပါတယ်။

မီးရထားဝန်ထမ်းတွေကလည်း ဘာမဆို စွန့်လွှတ်ရဲတဲ့ စိတ်ဓာတ်နဲ့ အများအကျိုးကို သယ်ပိုးဆောင်ရွက်လိုက်တာဖြစ်လို့ လေးစားဖို့ကောင်းပါတယ်။

မန္တလေးမီးရထားဝန်း ဝန်ထမ်းအိမ်ရာမှာ ဖယ်ပေး လာကြတဲ့ ဝန်ထမ်းတွေကိုလည်း ပြည်သူလူထုက ကူညီဖေးမပေးကြဖို့အတွက် တတ်နိုင်သလောက်စီစဉ်နေကြတာဖြစ်ပါတယ်။

အခုလိုမျိုးပြည်သူတွေဘက်ကနေ ရပ်တည်ပြီး မိသားစု လိုက် ပြောင်းရွှေ့နေကြတဲ့ မီးရထား ဝန်ထမ်းတွေရဲ့ ပုံရိပ်လေးကပြည်သူလူထုရဲ့ရင်ထဲကိုထိမှန်စေလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။

Crd-Original Post

Leave a Reply

Your email address will not be published. Required fields are marked *