ပြည်သူတွေ နဲ့ အတူ နိုင်သလောက်ဝန် ကို မျှထမ်း ပေးနေကြတဲ့ ဘယ်သူ့ကို မဆို နွေးထွေးစွာ ကြိုဆိုပေးကြဖို့ တိုက်တွန်းလာတဲ့ ပိုင်ဖြိုးသု

Posted on

အကယ်ဒမီမင်းသမီး တစ်လက်ဖြစ်တဲ့ ပိုင်ဖြိုးသုကတော့ ချစ်ခင်ပွန်းဏကြီး နဲ့အတူ လူထုလှုပ်ရှားမှုတွေမှာ ပါဝင်နေကြတာဖြစ်ပါတယ်။သူမတို့ဇနီးမောင်နှံကလည်း ပြည်သူတွေထဲက ပြည်သူတွေဖြစ်တာကြောင့် အမှန်တရားအတွက် ရဲရင့်ပြတ်သားစွာ ရင်ဆိုင်နေကြတာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာဆိုရင် အနုပညာရှင်အသိုင်းအဝိုင်းကလည်း မိမိရဲ့လုံခြုံရေးကို အဓိကမထားဘဲ ပြည်သူတွေဘက်ကနေ တစ်တပ်တစ်အား ပါဝင် အားဖြည့်နေကြတာဖြစ်ပါတယ်။ပိုင်ဖြိုးသုတို့ဇနီးမောင်နှံကတော့ လတ်တလောမှာဆိုရင် သူမတို့ဘေးကင်းဖို့အတွက် အထူးဂရုစိုက်နေရတာဖြစ်ပါတယ်။

ပိုင်ဖြိုးသုတို့ဇနီးမောင်နှံက လမ်းမပေါ်ထွက် ပြီးတော့လည်း ကိုယ်တိုင် ပါဝင်လှုပ်ရှားကြသလို အကူအညီလိုအပ်သူတွေအတွက်လည်း ငွေအားဒါနနဲ့ ကူညီပေးကြတာဖြစ်ပါတယ်။အခုလိုအချိန်မျိုးမှာ အနုပညာရှင်တွေ ကပါ ပြည်သူတွေနဲ့ တစ်သားတည်းနေထိုင်ပြီး အများအကျိုးအတွက် သယ်ပိုးဆောင်ရွက်နေကြတာဖြစ်ပါတယ်။ ပြည်သူတွေကတော့ ရက်တွေကြာလာတဲ့အချိန်မှာတောင် စိတ်ဓာတ် မကျကြဘဲ ကိုယ်စွမ်း၊ဉာဏ်စွမ်းရှိသလောက်ကို ထောင့်စေ့အောင်ပြင်ဆင်ပြီး ဆောင်ရွက်နေကြတာဖြစ်ပါတယ်။

အခုဆိုရင် လည်း ပိုင်ဖြိုးသုက ပြည်သူတွေဘက်ကနေ နိုင်သလောက်ဝန်ကို မျှထမ်းပေးနေကြတဲ့ ဘယ်သူ့ကိုမဆိုနွေးနွေးထွေးထွေးနဲ့ ကြိုဆိုပေးကြဖို့အတွက် တိုက်တွန်းလာတာဖြစ်ပါတယ်။ဒ ါ့အပြင်လည်း သူမက “အခုချိန်မှာအကုန်လုံးက တစ်လှေတည်းစီးပြီး တစ်ခရီးတည်းသွားနေကြတဲ့ ဘဝတူတွေဖြစ်လို့ တစ်ယောက်က မှားနေရင် တစ်ယောက်က အသာအယာ ထောက်ပြပါ(အပြစ်မတင်ဘဲ ရှင်းပြပါ)”ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။ပြည်သူတွေကလည်း စည်းစည်းလုံးလုံးနဲ့ ခရီးအဆုံးထိ ဆက်လက်လျှောက်လှမ်းနေကြဆဲပဲဖြစ်ပါတယ်။

Source&Photo Credit:Paing Phyo Thu’s Facebook page

zawgyi

အကယ္ဒမီမင္းသမီး တစ္လက္ျဖစ္တဲ့ ပိုင္ၿဖိဳးသုကေတာ့ ခ်စ္ခင္ပြန္းဏႀကီး နဲ႔အတူ လူထုလႈပ္ရွားမႈေတြမွာ ပါဝင္ေနၾကတာျဖစ္ပါတယ္။သူမတို႔ဇနီးေမာင္ႏွံကလည္း ျပည္သူေတြထဲက ျပည္သူေတြျဖစ္တာေၾကာင့္ အမွန္တရားအတြက္ ရဲရင့္ျပတ္သားစြာ ရင္ဆိုင္ေနၾကတာ ျဖစ္ပါတယ္။ လက္ရွိအေျခအေနမွာဆိုရင္ အႏုပညာရွင္အသိုင္းအဝိုင္းကလည္း မိမိရဲ႕လုံၿခဳံေရးကို အဓိကမထားဘဲ ျပည္သူေတြဘက္ကေန တစ္တပ္တစ္အား ပါဝင္ အားျဖည့္ေနၾကတာျဖစ္ပါတယ္။ပိုင္ၿဖိဳးသုတို႔ဇနီးေမာင္ႏွံကေတာ့ လတ္တေလာမွာဆိုရင္ သူမတို႔ေဘးကင္းဖို႔အတြက္ အထူးဂ႐ုစိုက္ေနရတာျဖစ္ပါတယ္။

ပိုင္ၿဖိဳးသုတို႔ဇနီးေမာင္ႏွံက လမ္းမေပၚထြက္ ၿပီးေတာ့လည္း ကိုယ္တိုင္ ပါဝင္လႈပ္ရွားၾကသလို အကူအညီလိုအပ္သူေတြအတြက္လည္း ေငြအားဒါနနဲ႔ ကူညီေပးၾကတာျဖစ္ပါတယ္။အခုလိုအခ်ိန္မ်ိဳးမွာ အႏုပညာရွင္ေတြ ကပါ ျပည္သူေတြနဲ႔ တစ္သားတည္းေနထိုင္ၿပီး အမ်ားအက်ိဳးအတြက္ သယ္ပိုးေဆာင္႐ြက္ေနၾကတာျဖစ္ပါတယ္။ ျပည္သူေတြကေတာ့ ရက္ေတြၾကာလာတဲ့အခ်ိန္မွာေတာင္ စိတ္ဓာတ္ မက်ၾကဘဲ ကိုယ္စြမ္း၊ဉာဏ္စြမ္းရွိသေလာက္ကို ေထာင့္ေစ့ေအာင္ျပင္ဆင္ၿပီး ေဆာင္႐ြက္ေနၾကတာျဖစ္ပါတယ္။

အခုဆိုရင္ လည္း ပိုင္ၿဖိဳးသုက ျပည္သူေတြဘက္ကေန ႏိုင္သေလာက္ဝန္ကို မွ်ထမ္းေပးေနၾကတဲ့ ဘယ္သူ႔ကိုမဆိုေႏြးေႏြးေထြးေထြးနဲ႔ ႀကိဳဆိုေပးၾကဖို႔အတြက္ တိုက္တြန္းလာတာျဖစ္ပါတယ္။ဒ ါ့အျပင္လည္း သူမက “အခုခ်ိန္မွာအကုန္လုံးက တစ္ေလွတည္းစီးၿပီး တစ္ခရီးတည္းသြားေနၾကတဲ့ ဘဝတူေတြျဖစ္လို႔ တစ္ေယာက္က မွားေနရင္ တစ္ေယာက္က အသာအယာ ေထာက္ျပပါ(အျပစ္မတင္ဘဲ ရွင္းျပပါ)”ဆိုၿပီး ေရးသားထားတာျဖစ္ပါတယ္။ျပည္သူေတြကလည္း စည္းစည္းလုံးလုံးနဲ႔ ခရီးအဆုံးထိ ဆက္လက္ေလွ်ာက္လွမ္းေနၾကဆဲပဲျဖစ္ပါတယ္။

Source&Photo Credit:Paing Phyo Thu’s Facebook page

Leave a Reply

Your email address will not be published. Required fields are marked *