ပြည်သူတွေ နေမကောင်း သူတွေ အဆင်ပြေစေဖို့ ဆန်ပြုတ်များကို လှူဒါန်း ပေးခဲ့တဲ့ “ဘေဘီမောင်”

Posted on

ဘေဘီမောင်ကတော့ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးမှုတွေ ကို သိမ်းပိုက် ရရှိထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေ အပေါ် မှာလည်း ဖော်ဖော်ရွေရွေ နဲ့ တလေးတစား ဆက်ဆံပြီး လူတိုင်းအပေါ်မှာလည်း ကူညီချင်စိတ်ရှိသူ ဖြစ်တာကြောင့် အားလုံးက လေးစား ချစ်ခင်နေကြတာပါ။ဒါ့အပြင် အရေးကြုံတဲ့ အခါတိုင်းမှာလည်း ပြည်သူ တွေဘက်မှ ရပ် တည်ပေးသူ အနုပညာရှင် တစ်ဦးဖြစ်ပါတယ် ။

ခုလိုကာလမှာ ကိုဗစ်ရောဂါဆိုးကြီးကို ပြည်သူတွေ ဆိုးဆိုးရွာရွား ခံစားနေရချိန်မှာလည်း သူမ တတ်နိုင် တဲ့ ဘက် ကနေ ကူညီ လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါတယ် ။ ဒီအလှူလေးကတော့ ကြက်သား ဆန်ပြုတ် ၊ ဘဲသား ဆန်ပြုတ် ၊ နို့ဆန်ပြုတ် ၊ ငါးဆန်ပြုတ် စတာတွေကို ငါးရက်တိတိ မည်သူကိုမဆို လှူဒါန်းပေးနေတာပဲဖြစ်ပါတယ် ။ ဒီနေ့ဆိုရင် ဆန်ပြုတ်လှူဒါန်းတာ နှစ်ရက်မြောက်နေ့ ဖြစ်ကြောင်း အ လှူပုံရိပ်တွေကိုလည်း ဝေမျှထားပါသေးတယ် ။

ဘေဘီအနေနဲ့ ဒီလို ဆန်ပြုတ်တွေကို လှူဒါန်းရတဲ့ ရည်ရွယ်ချက်ကလည်း သူကိုယ်တိုင် ကိုဗစ်ရေ ာဂါကို ခံစားနေ ရချိန်မှာ ဆန်ပြုတ် ဝယ်သောက်ဖို့တောင် အိမ်နားမှာ ဆိုင်မရှိတာကြောင့် စာနာစိတ်ဖြင့် နေမကောင်းသူတွေ အဆင်ပြေစေရန် ရ ည်ရွယ်ပြီး လှူဒါန်းပေးနေတာဖြစ်ပါတယ် ။ဘေဘီမောင်ရဲ့ မွန်မြတ်တဲ့ စိတ်လေးကို လေး စားမိတာ ကြောင့် ပရိသတ်ကြီ းအတွက် ပြန်လ ည်ဝေမျှပေးလိုက်ပါတယ် ။

crd

zawgyi




crd

Leave a Reply

Your email address will not be published. Required fields are marked *