ပြည်သူတွေ ကျဆုံးတာ ကို ကြည့်ပြီး ငိုနေ ရတဲ့ ဘဝကို မုန်းတယ်လို့ ယူကြုံး မရစွာ ရင်ဖွင့် လာတဲ့ ဘေဘီမောင်

Posted on

ပရိသတ်ကြီးရေ.. လတ်တလော ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူတွေတိုင်း ဝမ်းနည်းနာကျင်မှုတွေနဲ့ အမျိုးမျိုးရင်ဆိုင်ခံစားနေကြရသလို အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းသမီးချော ဘေဘီမောင်ကလည်း အားလုံးနဲ့ထပ်တူခံစားနေရတာတွေကို ရင်ဖွင့်လာပါတယ်..။ တော်လှန်ရေးတိုက်ပွဲကြီးမှာ ပြည်သူတွေနဲ့ အတူလူထု လှုပ်ရှားမှုတွေမှာပါဝင်ပြီး အလှူတွေလည်းမကြာခဏဆိုသလိုပြုလုပ်နေတဲ့ သူမကတော့ အခုလိုအချိန်မှာ တတ်နိုင်သလောက်လိုအပ်တာတွေ ထောက်ပံ့နေတဲ့အပြင် ဘုရားရှိခိုးဆုတောင်းပေးနေတဲ့အကြောင်းလေးတွေကို ပြောပြ ထားတာပါ..။

အခုတစ်ခါမှာလည်း ပြည်သူတွေ တစ်ယောက်ပြီး တစ်ယောက် ကျဆုံးတာကိုကြည့်ပြီးငိုနေရတဲ့ သူမရဲ့ အရေးမပါတဲ့ဘဝကြီးကိုမုန်းတယ်ဆိုကာ ဝမ်းနည်းယူကြုံးမရစွာနဲ့ ပရိသတ်တွေကို ရင်ဖွင့်ပြောပြလာတာ ဖြစ်ပါတယ်..။ “ကိုယ့်ကိုယ်ကို Guilty ဖြစ်လာတယ်.. တယောက်‌ပြီးတယောက်ကျဆုံးတာကို ဖုန်းလေးပွတ်ပြီး ထိုင်ငိုရင်းကြည့်နေရတဲ့ ကိုယ့်ရဲ့အရေးမပါတဲ့ ဘဝကြီးကိုမုန်းတယ်..😭 လှူတာနဲ့ လိုအပ်မယ့်နေရာတွေ ထောက်ပံ့ပေးယုံအပြင် ခုချိန်မှာ ဘုရားရှိခိုးပြီး အန္တရာယ်ကင်းအောင်ပဲဆုတောင်းနေရတယ်🙏🏻😢..” ဆိုပြီး စိတ်မကောင်းစွာ ပြောပြထားတာပါ..။

အလှူအတန်းတွေကို ဆက်တိုက် လုပ်ဆောင်ကာ တော်လှန်ရေး တိုက်ပွဲကြီးမှာ တတ်နိုင်တဲ့အင်အားလေး နဲ့ တစ်ဖက်တစ်လမ်းကနေ ပြည်သူတွေနဲ့အတူ ပါဝင်နေတဲ့ ဘေဘီမောင်ကတော့ သူမရဲ့အလှူပုံရိပ်လေးတွေကိုလည်း ဝေမျှထားပါသေးတယ်..။ “လှူနေရရင် ပိတီဖြစ်နေသော🙏🏻🙏🏻🙏🏻❤️👸🏻..” ဆိုပြီးတော့လည်း ပြည်သူတွေ အတွက် ကိုယ်တိုင်သွားလှူမယ့် သူမရဲ့ပုံရိပ်လေးတွေကိုလည်း ဘေဘီလေးက ပရိသတ်တွေကို ဝေမျှထားပြီး ပရိသတ်တွေကလည်း အလှူလေးကို သာဓုခေါ်ဆုတောင်းပေးထားကြတာ တွေ့ရပါတယ်..။

Photo Credit – Baby Maung’s Fb Acc

Leave a Reply

Your email address will not be published. Required fields are marked *