ပြည်သူတွေ ကို ဦးဆောင်ရင်း နဲ့ အမြဲတမ်း တက်တက်ကြွကြွ ပါဝင်ခဲ့ပြီး နောက်ဆုံး အချိန်အထိတာဝန်ကျေခဲ့တဲ့ လားရှိုးမြို့က ရှေ့နေကျောင်းသားလေး

Posted on

လူထုလှုပ်ရှားမှုတွေ စတင်ခဲ့တဲ့အချိန်ကစတင်ပြီး ယနေ့အချိန်အထိ တိုင်အောင် အသက်ပေးသွား ခဲ့ရတဲ့ ပြည်သူတွေထဲမှာ အနာဂတ်ရဲ့ကြယ်ပွင့်တွေလည်း ပါရှိခဲ့တာ ဖြစ်ပါတယ် ။ ဆရာဝန်၊ အင်ဂျင်နီယာ၊ ရှေ့နေ၊ကျောင်းသားစတဲဲ့ ပညာတတ်လူငယ်လေးတွေက ကိုယ့်နိုင်ငံအကျိုးအတွက် ပြည်သူတွေ နဲ့အတူ အားသွန်ခွန်စိုက် ကြိုးစား ခဲ့ကြတာ ဖြစ်ပါတယ် ။ မနေ့ကဆိုရင်လည်း လားရှိုးမြို့မှာ နောက်ဆုံးနှစ် ဥပဒေကျောင်းသားတစ်ဦး ကျဆုံး သွားခဲ့တာ ဖြစ်ပါတယ် ။

သူ့ရဲ့နာမည်ကတော့ မိုင်းမင်းနောင် ဖြစ်ပြီး အသက် (၂၂) နှစ်သာရှိသေးတဲ့ လူငယ် တစ်ယောက် ဖြစ်ပါတယ်။ စိတ်ဓာတ်ပြင်းပြတဲ့ မိုင်းမင်းနောင်က လားရှိုးမြို့မှာ လူထုလှုပ်ရှားမှုတွေ စတင်ပြုလုပ်ခဲ့တဲ့အချိ‌န်ကစတင်ပြီး ထိပ်ဆုံးကနေ တက်တက် ကြွကြွ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ် ။ လားရှိုးမြို့မှာ ဆန္ဒထုတ်ဖော်ပွဲတွေရှိရင် မိုင်းမင်းနောင်က Soundbox ကြီးတစ်လုံး အမြဲယူလာလေ့ရှိပြီး ရှေ့ဆုံးကနေ ဦးဆောင်ဟောပြောတတ်တာ ဖြစ်ပါတယ် ။

နေ့တိုင်းလိုလို မြို့ပတ်ပြီး ဆန္ဒထုတ်ဖော်ပွဲတွေ တွေ့တာ နဲ့ တစ်တပ်တစ်အား ပါဝင် အားဖြည့်ပေးတတ်တဲ့ မိုင်းမင်းနောင်က ပြီးခဲ့တဲ့မတ်လ (၂၇) ရက်နေ့မှာ ကြွေလွင့်သွားခဲ့တာပဲ ဖြစ်ပါတယ် ။ ကျည်ထိမှန်ပြီး ကျဆုံးသွားတဲ့ မိုင်းမင်းနောင်ကို ပြည်သူတွေက သူရဲကောင်းတစ်ယောက်အဖြစ် အသိအမှတ်ပြုရင်း စိတ်မကောင်းဖြစ်နေရတာ ဖြစ်ပါတယ် ။ လူငယ်တွေရဲ့အနာဂတ်အတွက် ရှေ့ဆုံးကနေ ရဲရဲရင့်ရင့် ပါဝင်လှုပ်ရှားခဲ့တဲ့ လားရှိုးမြို့က သူရဲကောင်းရဲ့အကြောင်းကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။ မိုင်းမင်းနောင်လည်း ကောင်းရာမွန်ရာဘုံဘဝကို ရောက်ရှိပါစေ။

Source & Photo Credit-Original Uploader

Leave a Reply

Your email address will not be published.