ပြည်သူတွေ ကို ရှေ့ကနေ ရဲရဲ ရင့်ရင့် ကာကွယ်ပေးနေတဲ့ GENZလူငယ်တွေ ရဲ့ သတ္တိကို ချီးကျူး လိုက်တဲ့ အောင်လ

Posted on

မြန်မာ ပြည်သူပြည်သားတွေကတော့ ဖြိုခွင်းခံရတဲ့ အခက်အခဲ တွေအပြင် တစ်ခြားသောအခက်အခဲတွေများစွာရှိကြပေမယ့်လည်း ဇွဲမလျော့ကြဘဲ အားမာန်အပြည့်နဲ့ နွေဦးတော်လှန်ရေးကို ဆင်နွှဲနေကြတာပဲဖြစ်ပါတယ်။ ပြည်သူလူထု ကတော့ ချစ်ချစ်ခင်ခင်၊ စည်းစည်းလုံးလုံးနဲ့ လူထူလှုပ်ရှားမှုတွေကို ပြုလုပ်ကြတဲ့အပြင် နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားတဲ့ သူရဲကောင်းတွေအတွက်လည်း အလှူငွေတွေပေးအပ်လှူဒါန်းပြီး ကူညီဖေးမလျက်ရှိနေခဲ့ပါတယ်။

နာမည်ကြီး အနုပညာရှင်တွေများစွာကလည်း အမှန် တရားဘက်ကနေ ရပ်တည်ကြရင်း ပြည်သူတွေကို တတ်နိုင်သလောက်အကူအညီတွေပေးနေကြပါတယ်။ အောင်လကတော့ တက်တက်ကြွကြွနဲ့ နွေဦးတော်လှန်ရေးမှာ ပါဝင် လျက်ရှိနေတဲ့ ပြည်သူချစ်အနုပညာရှင် တစ်ယောက်ပဲဖြစ်ပါတယ်။ အောင်လကတော့ ယခုမှာ အသက်၁၈၊၁၉နဲ့ ပြည်သူတွေကို ရှေ့ကနေကာကွယ်ပေးရဲတဲ့ Gen Zလူငယ်တွေရဲ့ သတ္တိကို ချီးကျူးစကားဆိုလိုက်ပါတယ်။

အောင်လကတော့ ” ငယ်ငယ် က သေရမှာ ကို မကြောက်တာ အခု နည်းနည်းကြောက်တတ်နေပြီလူဆိုတာ အသက်ကြီးလေး သေရမှာ ကြောက်လေလားမသိဘူးGeneration z ကို လေးစားတယ် ၁၈၊၁၉ နှစ် နဲ့ နေ့တိုင်း လမ်းပေါ်မှာ ရှေ့ကနေ ပြည်သူ့ အတွက်ကာကွယ်ရဲတဲ့ သတ္တိ မနည်းဘူး ” ဆိုပြီး လူမှုကွန်ယက် စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးပြုလုပ်နေကြတဲ့ မြန်မာပြည်သူပြည်သားတွေအားလုံးဘေးဒုက္ခတွေများစွာမှ ကင်းဝေးပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Source: reodineius aung la ‘ s facebook acc

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *