သရုပ်ဆောင် ခိုင်သင်းကြည်ကတော့ ဆယ်စုနှစ်တွေများစွာ တိုင်အောင် ပရိသတ်တွေ ရဲ့ချစ်ခင်အားပေးမှုတွေကိုရရှိပိုင်ဆိုင်ထားတဲ့ မင်းသမီးတစ်ဦးလည်း ဖြစ်ပါတယ်။ အရေးကြုံတဲ့အခါတိုင်း ပြည်သူတွေနဲ့အတူ တစ်သွေးတည်း တစ်သားတည်း ရပ်တည်ပေး သူဖြစ်တာ ကြောင့် အားလုံးက လေးစားနေ ကြတာလည်း ဖြစ်ပါတယ်။ သူမကတော့ ဖေဖော်ဝါရီအစပိုင်းကနေ ယနေ့ချိန်အထိ လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုများတွင် ပြည်သူတွေနဲ့ အတူ အားဖြည့်ပါဝင်နေတာကိုလည်း မြင်တွေ့ရမှာဘဲ ဖြစ်ပါတယ်။
လမ်းပေါ်မထွက်ဖြစ်တဲ့ နေ့တွေမှာလည်း သတင်းအချက် အလက်တွေကို ပြည်သူတွေ သိရှိနိုင်အောင် သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် အချိန်နဲ့တစ်ပြေးညီ ဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်းမှုတွေ ရရှိအောင်လည်း မြတ်စွာဘုရားရှင်ထံ ဆုတောင်း မေတ္တာပို့သပေးနေတာလည်း ဖြစ်ပါတယ်။ နေ့စဉ်မပျက်မကွက် ပဌာန်းရွတ်ဖတ်ပူဇော်ကာ အသက်ပေးသွားခဲ့ကြရတဲ့ သူရဲကောင်းတွေအတွက် အမျှပေးဝေနေတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် မိနစ်ပိုင်းလောက်လည်း ခိုင်သင်းကြည်ရဲ့ လူမှု ကွန်ယက်စာမျက်နှာတွင် ” ပဌာန်းရွတ်ဖတ်ပူဇော်
အရပ်ဆယ်မျက်နှာနေအားလုံးသောသတ္တဝါတွေ ဘေးရန် ကင်းကြပါစေ စိတ်ဆင်း ရဲခြင်းကင်းကြပါစေ ကိုယ်ဆင်းရဲကင်းကြပါစေ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ ဓမ္မကအဓမ္မကို အနိုင်ရရပါလို၏ဘုရားကျွန်မနှင့်အတူပြည်သူတွေဖြစ်ချင်တဲ့ ဆန္ဒအမြန်ဆုံးပြည့်ဝရပါလို၏ဘုရား ယနေ့ပြုသမျှကောင်းမှုကုသိုလ်နှင့်ပြုပြုသမျှကုသိုလ်တို့ကို တိုင်းပြည်အတွက်အသက်ပေးသွားကြသည့်သူရဲကောင်းတို့အားအမျှပေးဝေပါတယ် ကုသိုလ်အမျှအမျှအမျှ ယူတော်မူကြပါ ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ ခိုင်သင်းကြည်ကတော့ သူမတတ်နိုင်တဲ့ဘက်ကနေ နေ့ညမပြတ် ဆောင်ရွက်ပေးနေတာဖြစ်လို့ ပရိသတ်တွေလည်း သိရှိစေရန်အတွက် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေး လိုက်ရပါတယ်နော်။
Source and Photo Crd-Khine Thin Kyi’s Facebook Page
zawgyi
သ႐ုပ္ေဆာင္ ခိုင္သင္းၾကည္ကေတာ့ ဆယ္စုႏွစ္ေတြမ်ားစြာ တိုင္ေအာင္ ပရိသတ္ေတြ ရဲ႕ခ်စ္ခင္အားေပးမႈေတြကိုရရွိပိုင္ဆိုင္ထားတဲ့ မင္းသမီးတစ္ဦးလည္း ျဖစ္ပါတယ္။ အေရးႀကဳံတဲ့အခါတိုင္း ျပည္သူေတြနဲ႔အတူ တစ္ေသြးတည္း တစ္သားတည္း ရပ္တည္ေပး သူျဖစ္တာ ေၾကာင့္ အားလုံးက ေလးစားေန ၾကတာလည္း ျဖစ္ပါတယ္။ သူမကေတာ့ ေဖေဖာ္ဝါရီအစပိုင္းကေန ယေန႔ခ်ိန္အထိ လက္ရွိျဖစ္ေပၚေနတဲ့ လူထုလႈပ္ရွားမႈမ်ားတြင္ ျပည္သူေတြနဲ႔ အတူ အားျဖည့္ပါဝင္ေနတာကိုလည္း ျမင္ေတြ႕ရမွာဘဲ ျဖစ္ပါတယ္။
လမ္းေပၚမထြက္ျဖစ္တဲ့ ေန႔ေတြမွာလည္း သတင္းအခ်က္ အလက္ေတြကို ျပည္သူေတြ သိရွိႏိုင္ေအာင္ သူမရဲ႕လူမႈကြန္ယက္စာမ်က္ႏွာမွတစ္ဆင့္ အခ်ိန္နဲ႔တစ္ေျပးညီ ေဝမွ်ေပးေနတာလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ ျမန္မာျပည္ႀကီး အျမန္ဆုံး ၿငိမ္းခ်မ္းမႈေတြ ရရွိေအာင္လည္း ျမတ္စြာဘုရားရွင္ထံ ဆုေတာင္း ေမတၱာပို႔သေပးေနတာလည္း ျဖစ္ပါတယ္။ ေန႔စဥ္မပ်က္မကြက္ ပဌာန္း႐ြတ္ဖတ္ပူေဇာ္ကာ အသက္ေပးသြားခဲ့ၾကရတဲ့ သူရဲေကာင္းေတြအတြက္ အမွ်ေပးေဝေနတာလည္း ျဖစ္ပါတယ္။ မၾကာေသးခင္ မိနစ္ပိုင္းေလာက္လည္း ခိုင္သင္းၾကည္ရဲ႕ လူမႈ ကြန္ယက္စာမ်က္ႏွာတြင္ ” ပဌာန္း႐ြတ္ဖတ္ပူေဇာ္
အရပ္ဆယ္မ်က္ႏွာေနအားလုံးေသာသတၱဝါေတြ ေဘးရန္ ကင္းၾကပါေစ စိတ္ဆင္း ရဲျခင္းကင္းၾကပါေစ ကိုယ္ဆင္းရဲကင္းၾကပါေစ ကိုယ္စိတ္ႏွစ္ျဖာက်န္းမာခ်မ္းသာၾကပါေစ ဓမၼကအဓမၼကို အႏိုင္ရရပါလို၏ဘုရားကြၽန္မႏွင့္အတူျပည္သူေတြျဖစ္ခ်င္တဲ့ ဆႏၵအျမန္ဆုံးျပည့္ဝရပါလို၏ဘုရား ယေန႔ျပဳသမွ်ေကာင္းမႈကုသိုလ္ႏွင့္ျပဳျပဳသမွ်ကုသိုလ္တို႔ကို တိုင္းျပည္အတြက္အသက္ေပးသြားၾကသည့္သူရဲေကာင္းတို႔အားအမွ်ေပးေဝပါတယ္ ကုသိုလ္အမွ်အမွ်အမွ် ယူေတာ္မူၾကပါ ” ဆိုၿပီး ေရးသားထားတာပဲ ျဖစ္ပါတယ္။ ခိုင္သင္းၾကည္ကေတာ့ သူမတတ္ႏိုင္တဲ့ဘက္ကေန ေန႔ညမျပတ္ ေဆာင္႐ြက္ေပးေနတာျဖစ္လို႔ ပရိသတ္ေတြလည္း သိရွိေစရန္အတြက္ ဒီသတင္းေလးကို တစ္ဆင့္ျပန္လည္ကူးယူတင္ဆက္ေပး လိုက္ရပါတယ္ေနာ္။
Source and Photo Crd-Khine Thin Kyi’s Facebook Page