ပဲခူးမှာ ကျည်ဆန်ထိမှန်ပြီး ကျဆုံးသွား တဲ့ အာဇာနည် သူရဲကောင်းနှစ်ယောက် ရဲ့ နာရေး အခမ်းအနား ကို ကိုယ်တိုင် သွားရောက် ဖေးမခဲ့တဲ့ ခိုင်နှင်းဝေ

Posted on

ပရိသတ်ကြီးရေ.. ခိုင်နှင်းဝေလို့ ဆို လိုက်တာနဲ့ လူမမယ် မိဘမဲ့ကလေးငယ်လေးတွေ အတွက် ခိုကိုးရာအဖြစ် ပရိသတ်တွေလေးစားချစ်ခင်ကြရတဲ့ အနုပညာရှင်ပရဟိတမင်းသမီးချောတစ်ဦးကို အားလုံးပဲ မြင်ယောင်မိကြမှာပါနော်..။ ခိုင်နှင်းဝေ ဟာ အနုပညာ အလုပ်တွေကို လုပ်ဆောင်နေတဲ့အပြင် ပရဟိတအလုပ်တွေမှာလည်း ခွန်အားအပြည့်နဲ့ ကြိုးစားလုပ်ဆောင်နေသဘို လက်ရှိအခြေအနေတွေမှာလည်း လိုအပ်တဲ့နေရာလေးတွေမှာ ပါဝင် အားဖြည့် နေသူလေးပါ..။ တော်လှန်ရေး တိုက်ပွဲမှာအသက်ပေးသွားကြတဲ့ ပြည်သူတွေအတွက် ဝမ်းနည်းစိတ်မကောင်းကြရသလို ပဲခူးမှာ ကျည်ဆတ်ထိမှန်ပြီး ကျဆုံးသွားတဲ့ လူငယ်လေးနှစ်ယောက်ရဲ့ ဈာပန အခမ်းအနားလေး ကိုလည်း ကိုယ်တိုင်သွားရောက်ခဲ့ပြီး ဖေးမကူညီခဲ့ပါတယ်..။

ကွယ်လွန်သူ သူရဲကောင်းလေးနှစ်ယောက်ရဲ့ ကျန်ရစ်သူ မိသားစုတွေကိုလည်း အကူငွေတွေ ပေးအပ်လှူဒါန်းပြီး အားပေး ကူညီခဲ့သလို လူသားချင်းစာနာပြီး ပြည်သူတွေအန္တရာယ်ကင်းစေဖို့ကိုလည်း ခံပြင်းစိတ်တွေနဲ့အတူ ဆုတောင်းစကားလေး ဆိုထားပါသေးတယ်..။ “ပဲခူးမှာ ကျည်ဆန်ထိမှန်ပြီး ကျဆုံးသွားတဲ့ အာဇာနည် မောင်လေး (၂)ဦးရဲ့ ဈာပနာ အခမ်းအနားကို လိုက် ပို့ပေးခဲ့ပါတယ်ရှင်…ကျန်ရစ်သူ မိသားစုများ နဲ့ ထပ်တူ ဝမ်းနည်းပူဆွေးရပါတယ်… ကျန်ရစ်သူ မိသားစု (၂)စု အတွက် တစ်ဦးကို (၁၀)သိန်း စီဖြင့် သိန်း(၂၀) တိတိ လှူဒါန်းပေးခဲ့ပါတယ်..

လူ အချင်းချင်းသတ်ဖြတ်ခြင်း ကင်းဝေးပြီး လူသားချင်း စာနာနိုင်ကြပါစေလို့ ခံပြင်းစိတ်နဲ့ ဆုတောင်း မိပါတယ်ရှင်..” ဆိုပြီး မျှဝေထားတာပါ..။ သူရဲကောင်းပြည်သူနှစ်ဦးရဲ့ နာရေးမြင်ကွင်းကိုလည်း ပရိသတ်တွေ စိတ်မကောင်းဖြစ်နေကြပြီး မိသားစုဝင်တွေနဲ့အတူ ထပ်တူ ခံစားနေကြရတဲ့အကြောင်းလေးတွေ ကိုလည်း Comment လေးတွေမှာ ရေးသားထားကြတာ တွေ့ရပါတယ်..။

Photo Credit – Khine Hnin Wai’s Fb Acc

Leave a Reply

Your email address will not be published. Required fields are marked *