ပဲခူးက ပြည်သူတွေ အတွက် ဘာမှ မလုပ်ပေး နိုင်လို့ ပြောစရာ စကားမရှိအောင်နာကျင်ရပြီး ဝမ်းနည်း ယူကြုံးမရစွာ တောင်းပန် လိုက်တဲ့ တိုင်ရွန်

Posted on

အနုပညာလောကမှာ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှုတွေ ရရှိ ထားတဲ့ သရုပ်ဆောင်မော်လ်ဒယ် မင်းသားချော တိုင်ရွန်ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ ပတ်သက်ကြီး ပြည်သူတွေနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်..။

ဖေဖော်ဝါရီလအစပိုင်း ကတည်းက လမ်းပေါ်ထွက်လှုပ်ရှားမှုတွေမှာ ရဲရင့်စွာပါဝင်နေပြီး လိုအပ်နေတဲ့ ပြည်သူတွေအတွက်လည်း တတ်နိုင်သလောက်ဖေးမကူညီလှူဒါန်းနေတဲ့ တိုင်ရွန်ကတော့ ကျဆုံးသွားတဲ့သူရဲကောင်းပြည်သူတွေအတွက် စိတ်ထိခိုက် ခံစားနေရတာလည်း တွေ့ရပါတယ်..။

ဖေဖော်ဝါရီလ (၉)ရက်နေ့ တစ်ရက်တည်း နဲ့တင် သေဆုံးသူ (၆၀) ကျော်နဲ့ ဖမ်းဆီးခံရသူ ၁၀၀ ကျော်ပြီး အထိအခိုက်အကျဆုံးများခဲ့တဲ့ ပဲခူးက သူရဲကောင်းပြည်သူတွေအတွက် ပဲခူးသားတစ်ယောက်အနေနဲ့ ယူကြုံးမရဝမ်းနည်းရသလို သူငယ်ချင်းဖြစ်သူပိုင်တံခွန်အတွက်လည်း စိတ်မကောင်းဖြစ်ရတဲ့အကြောင်းတွေကို တိုင်ရွန်က ပြောပြ လာပါတယ်..။

“ပဲခူးမြို့က အမျိုးတွေ အားတင်းထားပါဗျာ

ဒီထက်ပိုပြီး ပြောစရာစကားမရှိ နာကျင်ရပါတယ် ….. 🙏

ပဲခူးသားတစ်ယောက်အနေနဲ့ ဘာမှ မလုပ်ပေးနိုင်တာ တောင်းပန်ပါတယ် …..

ကျွန်နော့်မြို့လေးပါ အေးအေး ချမ်းချမ်းနေတဲ့ မြို့လေးပါ အရမ်းမလုပ်ကြပါနဲ့ တောင်းပန်ပါတယ်ဗျာ 🙏..” ဆိုပြီး ဘာမှမလုပ်ပေးနိုင်လို့ ယူကြုံးမရဖြစ်ရတဲ့အကြောင်းကို ဝမ်းနည်းစွာပြောပြထားတာပါ..။

“သူငယ်ချင်းရေ မင်းအဆင်မပြေမှန်း သိပေမဲ့ အဆင်ပြေပါစေဆုတောင်းပေးရုံကလွဲလို့ ဘာမှမတတ်နိုင်ခဲ့ဘူးကွာ သူတော်ကောင်းနတ်ကောင်းမပါစေကွာ 🙏

ပြည်သူတွေပို့သတဲ့မေတ္တာနဲ့ မင်းအမြန်ဆုံး လွတ်မြောက်ပါစေ..”ဆိုပြီးတော့လည်း သူငယ်ချင်းဖြစ်သူပိုင်တံခွန်အတွက် စိတ်မကောင်းဖြစ်နေရတာတွေကိုလည်း ပြောပြထားပါသေးတယ်..။

ပရိသတ်တွေအားလုံးကလည်း ပိုင်တံခွန်နဲ့ အခြားသော အနုပညာရှင် တွေအပြင် ဖမ်းဆီးခံထားရတဲ့ ပြည်သူတွေအားလုံးအတွက် ဆုတောင်းပေးနေကြတာလည်း တွေ့ရပါတယ်..။

Photo Credit – Tyron Bejay’s Fb Acc

Leave a Reply

Your email address will not be published. Required fields are marked *