ဒီတစ်ခါမှာတော့ သရုပ်ဆောင် မင်းသမီး တစ်ယောက် ဖြစ်တဲ့ သွန်းဆက် ကတော့ ဗီဒီယို ဇာတ်ကားတွေ ခေတ်ထဲက အနုပညာလောကမှာ အောင်မြင်နေပြီး ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာ ရယူထားနိုင်တဲ့ မင်းသမီး တစ်လက် ဆိုလည်း မမှားပါဘူးနော်……။သူမကတော့ ဗီဒီယို ဇာတ်ကားများစွာကို ရိုက်ကူးထား သူလေး ဖြစ်ပြီး ဇာတ်ကောင်ကို ပေါ်လွင်အောင် ပီပြင်ပိုင်နိုင် တဲ့ သရုပ်ဆောင် ချက်တွေကြောင့် ပရိသတ်တွေရဲ့ ရင်ထဲကို ရောက်ရှိ လာခဲ့တာ ပဲဖြစ်ပါတယ်။
သွန်းဆက်ဟာ အရုပ်မလေး တစ်ရုပ်လို ချစ်စရာ ကောင်းပြီး လှပတဲ့သူလေး ဖြစ်ပြီး ပွင့်ပွင့်လင်းလင်း ပြောဆို နေထိုင်တတ်တာကြောင့် ပရိသတ်တွေက အချစ်ပိုနေရတာ ဖြစ်ပါတယ်။လတ်တလောမှာတော့ အနုပညာ အလုပ်တွေကို ဖြည်းဖြည်း မှန်မှန်လေး ကြိုးစားလုပ်ကိုင်နေတာ ဖြစ်ပြီး Photo Shooting တွေကိုလည်း လက်ခံရိုက်ကူးနေကာ ပရိသတ်တွေ နဲ့ အဆက်အသွယ်မပြတ်ရှိနေတဲ့အပြင် သူမရဲ့ အလှပုံရိပ်လေးတွေကိုလည်း အမြဲ မျှဝေလေ့ ရှိတဲ့ မင်းသမီးချောလေး ဖြစ်ပါတယ်။
သူမရဲ့ အားလပ်ချိန်လေးတွေမှာ လည်း ချစ်စရာကောင်းတဲ့ Tik Tok ဗီဒီယိုလေးတွေကို ဆော့ကစားကာ တင်ပေးတာကိုလည်း တွေ့ရပါတယ်နော်။မကြာသေးခင် အချိန်တုန်းကလည်း သူမရဲ့ ချစ်ပရိသတ်တွေ အတွက် အသည်းယားစရာ အမူအရာလေးတွေ လုပ်ကာ Tik Tok ဗီဒီယိုလေး ရိုက်ကူးကာ တင်ပေးလာတာ ဖြစ်ပါတယ်။သွန်းဆက်ရဲ့ ဗီဒီယိုလေးကို မကြည့်ရသေးတဲ့ ပရိသတ်တွေ ကြည့်ရှုအားပေးနိုင်အောင် ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်နော်…….။
Photo Credit- Alinn Yaung
zawgyi